ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကူးစက်ရောဂါတွေက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဘယ်လို ကူးစက်ရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို ဂရုစိုက် ကာကွယ်ပေးရမလဲဆိုတာတွေကို ဒီကဏ္ဍလေးမျာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား

ကလေးဆိုတာက ထိခိုက်လွယ်ကြပါတယ်။ ဒီတော့ ရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ်၊ အချို့သော အခြေအနေတွေမှာ လူကြီးတွေလို ခံနိုင်ရည် မရှိဘဲ ခဏခဏ ဖျားနာတတ်ကြတာပေါ့။ ဒီလို ဖျားနာတာက ခဏခဏ ဆိုတော့ မေမေတွေက ကလေးဖျားပြီဆိုရင် ရိုးရိုးဖျားနာမှုလို့ပဲ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးတွေမှာ ကိုယ်ပူတာ ဖျားနာတာတွေက ရိုးရိုးဖျားနာတာမျိုး ဖြစ်နိုင်သလို တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးမှာ ကိုယ်ပူဖျားနာတာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေ ၂ ခု ခပ်ဆင်ဆင်ဆိုတော့ မေမေဖေဖေတို့က အမှုမဲ့အမှတ်မဲ့ ထားလိုက်ရင်း အချိန်လွန်မှ ကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာကို သိရှိပြီး မလိုအပ်ဘဲ အဖိတ်အစဉ် ဖြစ်တာမျိုးတွေ တွေ့ကြုံရတော့တာပေါ့။ ဒါကြောင့် သတိထားနိုင်စေဖို့ ကလေးက ရိုးရိုးဖျားတာလား သွေးတုပ်ကွေးလား ဆိုတာကို ခွဲခြားနိုင်စေဖို့ […]

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရေကျောက်၏လက္ခဏာများ ကို စီမံနိုင်မည့်နည်းလမ်းများ

ရေကျောက်သည် ရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ဗဲရီဇဲလားဇိုစတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ကလေးအများစုတွင် ရေကျောက်ပေါက်နိုင်ပြီး များသောအားဖြင့် အသက် ၁၀ နှစ်မတိုင်မီတွင် အဖြစ်များ၏။ ရေကျောက်၏လက္ခဏာများ ကို သိထားရန်လိုအပ်သည်။ ကူးစက်ခံရစဉ်တွင် ခုခံအားစနစ်မှာ ပဋိပစ္စည်းများဟုခေါ်သော ပရိုတင်းများကိုထုတ်ကာ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ပါသည်။ ထို့ကြောင့် ကျန်းမာသောကလေးအများစုနှင့် အရွယ်ရောက်ပြီးသူများတွင် ရေကျောက်ပျောက်ခြင်းကို အိမ်မှာကုရုံနှင့် ပျောက်ကင်းနိုင်ပါသည်။   ယားယံမှုကိုလျော့ချခြင်း ရေကျောက်ဖုများက ယားပါသည်။ သို့သော် မကုတ်ရပါ။ အဘယ်ကြောင့်ဆိုသော် အရေပြားပိုးဝင်ခြင်း သို့မဟုတ် အရည်ကြည်ဖုများပျောက်ပြီးနောက် အမာရွတ်ကျန်ခြင်းများ ဖြစ်တတ်ပါသည်။ ယားယံခြင်းကို လျော့ချနိုင်မည့်နည်းများရှိပါသည်။ အုတ်ဂျုံနှင့်ရေချိုးခြင်း၊ အအေးဝတ်အုပ်ခြင်း သို့မဟုတ် antihistamine များသောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကလေးအတွက် ဆေးမသုံးခင် ကလေးအထူးကုနှင့် အရင်တိုင်ပင်သင့်ပါသည်။   ကိုယ်ပူခြင်းကိုလျော့ချပေးပါ။ ဖျားခြင်းသည် ပိုးကူးခြင်းကိုတုန့်ပြန်ခြင်းဖြစ်ပြီး ဖျားနာမှုကိုဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကို သတ်ပေးနိုင်ပါသည်။ ကိုယ်အပူချိန်တက်လျှင် မအီမသာ ခံစားရသောကြောင့် မိဘများက အလွယ်တကူဝယ်ယူနိုင်သည့်ဆေးများကို […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

အသည်းတစ်ရှူးတွေမှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ပြီး အသည်းတစ်ခုလုံး ရောင်ရမ်းလာတာကို ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီရောဂါလို့ ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့ အသည်းရောင် အသားဝါရောဂါတွေက အေပိုး နဲ့ စီပိုးတို့ကြောင့် ဖြစ်ပါတယ်။ ကလေးတွေမှာ အသည်းရောင် အသားဝါဘီရောဂါ ဘာလို့ဖြစ်တာလဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်က ထွက်တဲ့ တခြားအရည်တွေကနေတဆင့် ကလေးတွေဆီကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက ဘီပိုးရှိတဲ့အမေဆီကနေ မွေးနေတဲ့အချိန်မှာကူးမယ်။ ဘီပိုးရှိတဲ့သူက ကိုက်လိုက်လို့ အရေပြားလည်း စုတ်ပြဲသွားရင် ကူးနိုင်တယ်။ ကိုယ့်အနာထဲကို (အနာကလည်း open wound လို့ခေါ်တဲ့ ဟောင်းလောင်းပွင့်နေတဲ့ အနာဆိုရင်) ဘီပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည် တစ်မျိုးမျိုးဝင်သွားရင်ကူးနိုင်တယ်။ သွားပွတ်တံလိုမျိုး တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဘီပိုးရှိသူနဲ့ မျှဝေသုံးရင် ကူးနိုင်တယ်။ ဘီပိုးရှိတဲ့သူ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေး ရေကျောက်ပေါက်ခြင်း

ရေကျောက်ဆိုတာ ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ ကလေးအများစုက ရေကျောက်ပေါက်ဖူးကြပါတယ်(အများအားဖြင့် အသက်ဆယ်နှစ် မတိုင်ခင်လောက်မှာပေါ့)။ ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody)လို့ခေါ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးလိုက်ပါတယ်။ ဒီပဋိပစ္စည်းလေးတွေဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်တဲ့အပြင် နောက်တခါ ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကူညီကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ လူတယောက်မှာ ရေကျောက်နှစ်ခါ ပေါက်တယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။   ရေကျောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဦးဆုံးဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက ဖျားတာ၊၊ခေါင်းကိုက်တာ၊လည်ချောင်းနာတာ ဒါမှမဟုတ် ဗိုက်နာ၊ဗိုက်အောင့်တာ စတာတွေပဲ ဖြစ်ပါတယ်။ ရေကျောက်ပေါက်ပြီဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာနဲ့ ကျောမှာ ယားယံတဲ့ အနီစက်လေးတွေ ထွက်လာပါမယ်။ ဒီအစက်လေးတွေဟာ တကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် နေလို့ထိုင်လို့မကောင်း၊မအီမသာဖြစ်တာ၊အစားအသောက်ပျက်တာတွေကိုပါ တွေ့ရတတ်ပါတယ်။ အဓိက လက္ခဏာကတော့ အဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်လာတဲ့ အနီစက်တွေပါပဲ။ ပထမဆုံး ဝက်ခြံလို၊ခြင်ကိုက်ဖုလို အနီစက်လေးအနေနဲ့ စထွက်လာပြီး […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Diphtheria (ဆုံဆို့နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diphtheria (ဆုံဆို့နာရောဂါ) ကဘာလဲ။ ဆုံဆို့နာရောဂါဆိုတာ သင့်ရဲ့နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ အချွဲအမြှေးပါးတွေမှာ ဘက်တီးရီးယားပိုးဝင်ပြီး ဆိုးဝါးတဲ့ ထိခိုက်မှုဖြစ်စေခြင်းကိုခေါ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ တစ်ရှူး အသားမျှင်တွေကို ဖျက်ဆီးစေတဲ့ အဆိပ်ကိုထုတ် ပေးပြီး ရောဂါခံစားရစေပါတယ်။ ဆုံဆို့နာရောဂါ ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Diphtheria (ဆုံဆို့နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆုံဆို့နာရောဂါဟာ US နဲ့ ဥရောပနိုင်ငံကြီးတွေမှာ ဖြစ်တာအလွန်ရှားပါးနေပါပြီ။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးနိုင်မှု နည်းနေ သေးတဲ့အတွက် ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDiphtheria (ဆုံဆို့နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆုံဆို့နာရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆုံဆို့နာရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးဟာ ခန္ဓါကိုယ်ထဲက ဘယ်အသားအမျှင်ကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ လည်ချောင်းနဲ့ ပါးစပ်မှာတော့ ရောဂါလက္ခဏာတွေကို သိသိသာသာ အခံစားရဆုံးပဲ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း