သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

ထမင်းခွံ့ရင်းပဲဖြစ်ဖြစ် မုန့်စားနေရင်းပဲဖြစ်ဖြစ် ရုတ်တရက်အစာသီးတာ၊လေပြွန်ပိတ်ဆို့တာ၊ နင်တာဖြစ်လာရင် ကိုယ့်ကလေးကို ဘယ်လိုအရေးပေါ်ပြုစုရမလဲဆိုတာ မိဘတွေတင်မက၊ ကလေးရှိတဲ့ အိမ်ကမိသားစုဝင်တိုင်းသိထားသင့်ပါတယ်။ ကလေးမပြောနဲ့ လူကြီးတောင် အခုလိုဖြစ်လာရင် အရေးပေါ်မကယ်ဆယ်နိုင်တာနဲ့ ချက်ချင်းအသက်ဆုံးရှုံးရနိုင်ပါတယ်။ အဓိကက အသက်ရှူလမ်းကြောင်း အမြန်ဆုံး ပွင့်စေဖို့ပါ။

ဒါ့ကြောင့် ကလေးမှာ အခုလိုဖြစ်လာရင် –

  • ကိုယ်ကထိုင်ခုံမှာထိုင်ပြီး ကလေးကိုမှောက်လျက်အနေအထား လက်တစ်ဖက်နဲ့ပွေ့ပြီး ပေါင်ပေါ်မှာတင်ပါ။ ကလေးရဲ့ ဦးခေါင်းနဲ့လည်ပင်းကို လက်နဲ့ထိန်းပေးထားပြီး ဦးခေါင်းကိုနည်းနည်းနှိမ့်ထားပါ။
  • ကလေးရဲ့ကျောလယ်ကို လက်ဖနောင့်သုံးပြီး (၅)ကြိမ်လောက် အသာအယာဆောင့်ဖိပေးပါ။ ကမ္ဘာ့မြေဆွဲအားနဲ့ဆောင့်ဖိတဲ့အရှိန်ကြောင့် ပိတ်ဆို့နေတဲ့ အရာကပြန်ထွက်လာပါလိမ့်မယ်။
  • ဒါမှမရရင် အရေးပေါ်အသက်နည်း(CPR) ကို သုံးရပါမယ်။ ကလေးရဲ့ရင်ညွှန့်ရိုးအလယ်မှာ လက်နှစ်ချောင်းထောက်ပြီး ငါးချက်မြန်မြန်ဖိဖိပေးပါ။ လူကြီးတွေမှာ လက်ဖနောင့်နဲ့ဖိပြီး နှလုံးနှိုးသလိုပါပဲ။
  • ပြီးမှကျောကို ဖိတဲ့နည်းပြန်လုပ်ပါ။
  • ကလေးကအသက်မရှူရင် ပါးစပ်ကလေမှုတ်သွင်းနဲ့နည်းကို သုံးရပါမယ်။

လေပြွန်ပိတ်တာ၊ နင်တာ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ –

  • အစာ စကျွေးတဲ့အချိန်က မှန်ကန်ပါစေ – ထိုက်သင့်တဲ့အချိန်မှာ စကျွေးထားမှ ကလေးရဲ့လှုပ်ရှားနိုင်စွမ်း၊ မျိုချနိုင်စွမ်း အကျင့်ရစေပြီး တစ်ဆို့ခြင်းကာကွယ်နိုင်ပါတယ်။ အသက်လေးလလောက်ကျော်ရင် နည်းနည်းချင်း အစာပျော့လေးတွေ စကျွေးကြည့်ပါ။
  • တစ်ဆို့နိုင်ခြေများတဲ့အစားအစာတွေမကျွေးပါနဲ့- ကလေးတွေကိုဟော့ဒေါ့၊ အသား၊ အသီးတို့ကို လှီးဖြတ်ထားတဲ့ အတုံး၊ အစေ့အဆန် စတဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့စေနိုင်တဲ့ အစားအစာတွေ ကလေးကိုမကျွေးပါနဲ့။ တစ်ဆို့မှုဖြစ်နိုင်ခြေနည်းစေမယ့် အနေအထားနဲ့ ဖန်တီးကျွေးပါ။
  • အစာစားချိန်မှာ ပစ်မထားပါနဲ့။ကလေးကို စားစရာတွေထည့်ပေးပြီး စားခိုင်းလိုက်တာမျိုးက မိဘကဘေးမှာစောင့်ကြည့်နေဖို့လိုပါတယ်။ တစ်ယောက်တည်း စားနေတာ၊ ကစားရင်းစားတာ၊ အိပ်ပြီးစားတာတွေ ခွင့်မပြုပါနဲ့။
  • ကလေးရဲ့ကစားစရာတွေမှာ ပါးစပ်ထဲဝင်နိုင်လောက်တဲ့အပိုင်းတွေပါရင် သတိထားပါ။-ဘောလုံးသေးသေးလေးတွေ၊ အရုပ်သေးသေးလေးတွေ၊ အပိုင်းအစအသေးလေးတွေပါတာတွေပေးမကစားပါနဲ့။ ပါးစပ်ထဲ ဖတ်ခနဲ ထည့်လိုက်နိုင်ပါတယ်။
  • တစ်ဆို့စေနိုင်တဲ့ အရာတွေ ကလေးနဲ့ဝေးဝေးထားပါ။-အကြွေစေ့၊ ဓါတ်ခဲအသေးလေးတွေ၊ အံစာတုံးနဲ့ဘောပင်အဖုံး စတာတွေကို ကလေးလက်ထဲမရောက်ပါစေနဲ့။
  • ထမင်းခွံ့တဲ့အခါ တလုတ်စာကိုမများပါစေနဲ့- ကလေးကိုခွံ့တာက များနေတာ၊ အတင်းအကျပ်ကျွေးတာ၊ ငိုနေတဲ့ကလေးကို အတင်းခွံ့တာတွေက အစာနင်တာ၊ တစ်ဆို့တာဖြစ်နိုင်ခြေများစေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။