ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ
နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။