W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့မေမေဖေဖေတွေရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။

W ပုံစံထိုင်ခြင်းဆိုတာ

W ပုံစံထိုင်တယ်ဆိုတာကဘေဘီလေးကခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။

W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား……..

W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်တောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင်ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံကရေရှည်မှာ ကလေးရဲ့ ကိုယ်နေဟန်ထားအပြင် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တာကြောင့်ပါ။

W ပုံစံထိုင်ခြင်းက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ……

ဘေဘီလေးအနေနဲ့ အမြဲလိုလို W ပုံစံထိုင်နေမယ်ဆိုရင်ရေရှည်မှာ အခုလို ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

တင်ပါးပုံစံမမှန်တာမျိုးဖြစ်လာနိုင်တယ်

ကလေးကခြေထောက်နှစ်ဖက်ကို အပြင်ဘက်ကို ထုတ်ပြီးထိုင်တဲ့အခါ အတွင်းဘက်မှာ ဖိအားသက်ရောက်မှုက ပုံမှန်ထက်ပိုများပြီး တင်ပါးမှာရှိတဲ့ အဆစ်တွေကို ထိခိုက်လာနိုင်ပါတယ်။နောက်ထပ်ထိခိုက်လာနိုင်တာကတော့ ဒီလိုမျိုးခြေထောက်ကိုကွေးပြီး ဖိထိုင်ထားတာကြောင့်ကလေးရဲ့ လမ်းလျှောက်မှုအပေါ်မှာ ထိခိုက်လာနိုင်သလို အသက်အရွယ်ရလာတဲ့အခါ တင်ပါးတင်ပါးဆုံနဲ့ပေါင်အရိုးတွေမှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံထိုင်တာကြောင့် အထိခိုက်နိုင်ဆုံးကတော့ တင်ပဆုံရိုးတွေနေရာလွဲသွားနိုင်တာပါပဲ။

ဒူးခေါင်းနဲ့ခြေထောက်နဲ့ ပုံစံမမှန်တာမျိုးဖြစ်လာနိုင်တယ်

စထိုင်တတ်စအရွယ်မှာဘေဘီလေးက W ပုံစံထိုင်မယ်ဆိုရင် ဒူးအဆစ်တွေက အတွင်းဘက်ကိုယိုင်တာမျိုးဖြစ်နိုင်သလိုခြေချင်းဝတ်အဆစ်တွေက အပြင်ဘက်ကို ယိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးကခြေထောက်ခွင်တာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခုကပေါင်အတွင်းကြွက်သားတွေကို အတင်းဆွဲဆုတ်ထားသလိုဖြစ်လာနိုင်တာကြောင့် ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သလို ဖနောင့်ကြောအရွတ်တွေထိခိုက်လာတာမျိုးဖြစ်နိုင်ပါတယ်။

ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်

နောက်ထပ်ဖြစ်နိုင်တာတစ်ချက်ကတော့ W ပုံစံထိုင်တာကြောင့် ကြွက်သားတွေမှာထိခိုက်လာနိုင်တာပါ။ ကလေးကခြေထောက်ကို အပြင်ဘက်ကိုယိုင်လို့ အချိန်ကြာမြင့်စွာထိုင်တဲ့အခါ ကြွက်သားတွေကို အမြဲလိုလိုတစ်ပုံစံတည်းဖြစ်နေစေတာကြောင့် ကြွက်သားတွေဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှုကို ထိခိုက်စေနိုင်ပါတယ်။

ခန္ဓါကိုယ် ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေနိုင်တယ်

ကြွက်သားတွေဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် ခန္ဓါကိုယ်ဟန်ချက်ထိန်းနိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးက ခန္ဓါကိုယ် ဟန်ချက်ကို မထိန်းနိုင်တဲ့အခါလေးဖက်ထောက်တာရော လမ်းလျှြေက်တာရောအတွက် ကြွက်သားဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အခြားကလေးတွေထက် လမ်းလျှောက်တာနောက်ကျတာ၊လေးဖက်ထောက်တာနောက်ကျတာတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓါကိုယ်မှာ ကြွက်သားတွေဖွံ့ဖြိုးမှုနောက်ကျတာကြောင့် ဟန်ချက်ထိန်းနိုင်စွမ်းနည်းလာတာကရေရှည်မှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် ကလေးက စာရေးစာဖတ်နောက်ကျတာမျိုးတောင်ဖြစ်လာနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………….

W ပုံစံထိုင်တာက ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာဆိုရင် ကလေးကို ထိခိုက်လာနိုင်တယ်လို့ပြောခဲ့ပြီးသားပါ။ ကလေးက W ပုံစံထိုင်တာကြောင့် အခုလို အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

  • ကလေးက လမ်းလျှောက်ရင် ယိုင်နဲ့နဲ့ဖြစ်နေမယ်
  • ခန္ဓါကိုယ်အောက်ပိုင်းက အားနည်းနေမယ်
  • လမ်းလျှောက်တဲ့အခါခြေထောက်ခွင်မယ်
  • ခြေထောက်ကြွက်သားတွေ ဖွံ့ဖြိုးမှုအားနည်းမယ်
  • W ပုံစံကလွဲလို့ အခြားပုံစံမထိုင်တတ်တာမျိုးဖြစ်နေမယ်
  • ကလေးကခြေထောက်လှမ်းတာ ပုံစံမကျဘူးဖြစ်နေမယ်
  • ကလေးရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေက ပုံစံမကျတာ၊ ဟန်ချက်မညီတာမျိုးဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားပြဖို့ လိုအပ်နေပါပြီ။

ဒီလိုဆိုးကျိုးတွေမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကလေးက W ပုံစံထိုင်နေတာကိုမြင်တဲ့အခါ သက်တောင့်သကာ်ဖြစ်အောင်ခြေထောက်ကိုဆန့်ထုတ်ထားပါလား။ ဒါမှမဟုတ်ခြေထောက်ကို ချိတ်ပြီးထိုင်ပါလား၊ စသဖြင့် ပုံစံပြောင်းထိုင်ဖို့ သတိပေးပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်

လူငယ် ဗီဒီယိုဂိမ်း ဂိမ်းဆော့ခြင်း ကွန်ပျူတာ ဦးနှောက်ဖွံ့ဖြိုးမှု ကိုယ်လက်လှုပ်ရှားမှု လက္ခဏာ ဘိုးဘိုးဘွားဘွားတွေ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

COVID-19 ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ရောဂါပိုး lockdown ခုခံအား တရားထိုင် လက်ဆေးပါ လေ့ကျင့်ခန်း လမ်းလျှောက် လှုပ်ရှားမှု ကိုရိုနာဗိုင်းရပ်စ် mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

မျှစ် ချဉ်ပြုံးပြုံးအရသာ ငါး ငရုတ်သီး ကျန်းမာရေး သတ္တုဓာတ် ကယ်လ်ဆီယမ် အာဟာရဓာတ် ဗီတာမင် C သံဓာတ် ဗီတာမင် A ချဉ်ပေါင်ရွက် ဆေးဖက်ဝင် အအေးမိ၊ ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေး မေမေ့နို့ အစာစစား ပန်းဂေါ်ဖီစိမ်း အစာမာ ရေ မေမေဖေဖေ ချောကလက် ကဖင်းဓာတ် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အာရုံကြောစနစ် label

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကို ကလိထိုးသင့်ရဲ့လား............

ကလေးကို ကလိထိုးသင့်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020