ကလေးကို နို့တိုက်ကျွေးစဉ် ပြဿနာများ၊ ဒုက္ခများကို သင်တွေ့ရနိုင်ပြီး ၎င်းတို့သည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ စိတ်ရောဂါများကိုတောင် ဖြစ်စေနိုင်ပါသည်။
ထွက်မှာ သေချာပြီလား။
ကလေးကို နို့တိုက်ကျွေးစဉ် ပြဿနာများ၊ ဒုက္ခများကို သင်တွေ့ရနိုင်ပြီး ၎င်းတို့သည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ စိတ်ရောဂါများကိုတောင် ဖြစ်စေနိုင်ပါသည်။
တချို့သော မေမေများသည် စိုးရိမ်စိတ်များတတ်ပြီး ထိုစိတ်ကြောင့် နို့ထွက်မှုကိုနည်းစေနိုင်သည်။ ထို့ကြောင့် ကလေးလည်း အာဟာရချို့တဲ့နိုင်သည်။ ဒါကအမှန်ဟုတ်ပါသလား။
အဖြေကတော့ နိုးပါ။ စိတ်ဖိစီးမှုသည် ဘယ်လိုပင်ဖြစ်ပါစေ နို့ထွက်မှုကို မကျစေပါ။ နို့ထွက်မှုကျစေသော အချိန်များ ရှိပါသည်။ သင့်၌ အရေးပေါ်ခွဲမွေးရသည့်အခါမျိုး သို့မဟုတ် လမစေ့ပဲမွေးသည့်အခါမျိုးတွင် ဖြစ်တတ်၏။
မည်သို့ဆိုစေ ကလေးအတွက် နို့ထွက်နေမည်ဖြစ်ပြီး သင်နို့တိုက်ရာတွင် ချောချောမောမောနှင့် သဘာဝကျကျဖြစ်စေရန်တော့ အချိန်နှင့်အားစိုက်မှု လိုအပ်ပါသည်။
စိတ်ပြေလျော့နိုင်ပြီး ကလေးကို နို့စို့ရန်အဆင်ပြေသည့် နေရာမျိုးကိုရှာပါ။ ထို့အပြင် သူတစ်ပါးမှ ဘာလုပ်ညာလုပ်ပြောသည်များ အာရုံမစိုက်နိုင်အောင်ဖြစ်သည့် နေရာဆိုလျှင် ပိုကောင်းပါသည်။
နို့မတိုက်ခင် သို့ နို့မညှစ်ခင် ဖြစ်နိုင်သလောက် စိတ်ကိုဖြေလျော့ပါ။ သင်ကြိုက်သည့်သီချင်းများကို နားထောင်နိုင်သည်။ အသက်ကိုပြင်းပြင်းလေးလေးရှူလိုက်ပါ။ စိတ်ပြေလျော့စေမည့် အမွှေးနံ့သာများလည်း သုံးနိုင်ပါသည်။
သို့မဟုတ် သင်အဆင်ပြေစေမည့် ဘာမဆိုပြုလုပ်နိုင်ပါသည်။ ကလေးကိုနို့မတိုက်ခင် ခါးမှနေ၍ရှေ့ကို ကိုင်းလိုက်ပါ။ ထိုအခါ ရင်သားများ တွဲကျလာမည်ဖြစ်သည်။ ပုခုံးကိုရှေ့နောက်ရွေ့ကာ ရင်သားများကို လှုပ်ရှားပေးပါ။ ထိုသို့လုပ်ခြင်းဖြင့် လည်ပင်းနှင့် ပုခုံးတို့တွင် တင်းနေသည်များကို လျော့ပေးသည့်အပြင် နို့ရည်များကို ရင်သားအရှေ့ဆီသို့ စီးဆင်းမှုကောင်းစေနိုင်ပါသည်။
နို့ထွက်မှုကောင်းစေရန် နောက်ပြန်ဖိအားပေးပျော့စေခြင်း (RPS) ကိုသုံးရန်စဉ်းစားသင့်ပြီး ထိုသို့ဖြင့် ရင်သားမှ အာရုံကြောများကို လှုံ့ဆော်ပေးပြီး နို့ထွက်ခြင်းကို အားပေးနိုင်ပါသည်။
ကလေးနှင့်အချိန်တိုင်း အတူရှိနေခြင်းဖြင့် ကလေးရောသင်ပါ သံယောဇဉ်ကို ပိုတွယ်စေနိုင်ပါသည်။ သင်အဝေးသို့ရောက်နေပါက ကလေးမြူးနေခြင်း၊ ငိုခြင်း သို့မဟုတ် နို့စို့နေခြင်းများကို ဖုန်းကနေကြည့်ပေးနိုင်ပါသည်။
ထိုသို့သံယောဇဉ်တွယ်ခြင်းသည် နို့ထွက်မှုကို အားပေး၏။ နို့ထွက်ခြင်းနှင့်ပတ်သတ်၍ ပြဿနာရှိပါက ရင်သားမှ နို့များ ရေတံခွန်လို မြစ်လို၊ စီးဆင်းနေသည်ဟု အာရုံပြုကြည့်ပါ။ ကြားရတာကြောင်တောင်တောင်နိုင်သော်လည်း အလုပ်ဖြစ်မှာ သေချာပါသည်။
နို့ညှစ်ပန့်များကိုအသုံးပြုပါက ညှစ်နည်းကို စနစ်တကျပြုလုပ်ခြင်းဖြင့် နို့ထွက်ခြင်း၊ နို့ပမာဏများများညှစ်နိုင်ခြင်းကို အထောက်အကူပြုပါသည်။
နို့တစ်ခါတစ်ခါတိုက်သည့်ကြားတွင် ကလေးနှင့်မိခင် အရေပြားချင်းထိတွေ့ချိန် ပိုပေးပေါ။ ၎င်းသည် စိတ်ဖိစီးမှုကို ကျသွားစေပြီး နို့တိုက်ခြင်းနှင့်ဆက်စပ်သော ဟော်မုန်းများကို ထွက်စေနိုင်ပါသည်။
စိတ်ဖိစီးမှုသည် နို့ထွက်ခြင်းအပေါ် သက်ရောက်မှုမရှိပါ။ မည်သို့ဆိုစေ သင့်စိတ်အား အကောင်းမြင်ပြီး စိတ်ဖိစီးမှုကင်းအောင် နေထိုင်ကာ ကလေးရော သင်ပါ နေထိုင်သည့်ပတ်ဝန်းကျင်အား ကျန်းမာသောပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးလိုက်ပါ။
သင့်၌ တချို့သောကိစ္စများကြောင့် စိတ်ဖိစီးမှုပြဿနာများ ရှိနေပါက ဆရာဝန်၏ အကူအညီရယူရန် ဆွေးနွေးသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။
ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။
ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Stress and Breastmilk Production, May 9, 2015
http://nativemothering.com/2015/05/stress-milk-production/
Is it true that stress can cause breastmilk to dry up?, Dec 2015
Effects of Stress on Lactation, Feb 1, 2011
http://www.pediatric.theclinics.com/article/S0031-3955(05)70296-0/abstract