ဆီးလမ်းကြောင်း ပိုးဝင်တာက ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ စပါးလင်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းဗိုက်လေး ကျန်းမာမှ ဘေဘီလေးက ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဘေဘီလေးမှာ ရင်ပြည့်တာ၊ အစာမကြေတာတွေ ခံစားနေရရင် သက်သာစေဖို့နဲ့ ဘေဘီလေးကို အစာခြေ စနစ်ပြဿနာ ကင်းစေပြီး ကျန်းမာပျော်ရွှင်နေစေဖို့ စပါးလင်လေးက ထောက်ကူပေးပါတယ်။
လေထတာ၊ လေနာတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ လေထိုးလေအောင့် ကင်းစေဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။
ဘေဘီလေးက လှုပ်လှုပ်ရှားရှား ဆော့ကစားရင်း ထိခိုက်မိတာကြောင့် ရောင်ရမ်းတာ၊ အဆစ်တွေ နာကျင်တာ၊ ကြွက်သားတွေ ကိုက်ခဲတာမျိုး ဖြစ်တာကို သက်သာစေဖို့ဆိုရင်လည်း စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။
ပိုးမွှားတွေ ကိုက်တာကြောင့် ဖြစ်တဲ့ အရေပြား ရောင်ရမ်းတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
ဘေဘီလေးမှာ ခံစားရနိုင်တဲ့ နို့ပွေးကစလို့ အသားခြောက်တာ၊ ပိုးဝင်တာတွေကို သက်သာစေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရည်ကြိတ်ပြီး ရေသန့်သန့်လေးနဲ့ ရောပြီး လိမ်းပေးလို့ ရသလို ပြုတ်ရည် အဆီ စတာတွေကိုလည်း အသုံးပြုပေးလို့ ရပါတယ်။
အရေပြား ပြဿနာကင်းပြီး ကျန်းမာစေဖို့လည်း စပါးလင်လေးက ထောက်ကူပေးနိုင်ပါသေးတယ်။ အရွယ်ရောက်လာချိန်မှာ အရေပြားပြဿနာ ကင်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။
ဘေဘီလေးကို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုစေဖို့နဲ့ အဝမလွန်စေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်တွင်း အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပုံမှန်လေး ပြင်ဆင်ပေးတာက ဘေဘီလေးကို အဝမလွန်အောင် ကာကွယ်ပြီးသား ဖြစ်စေမှာပါ။
ကဲ ….. ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။