backup og meta

ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား .......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား .......

    ကော်လာဂျင် ဆိုတာက အရင်က မကြားဖူးသလောက်ပါ။ အခုနောက်ပိုင်းတော့ လေဒီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားလာသလို ဈေးကွက်ထဲမှာလည်း အမျိုးအစား စုံစုံလင်လင်ကို ရရှိနိုင်နေပါပြီ။

    ကော်လာဂျင်က လေဒီ အများစုရဲ့ အလှအပအတွက် အဓိက တာဝန်ယူပေးနေတဲ့အရာလေး တစ်ခုပေါ့။ အခုနောက်ပိုင်း အသားအရေ လှပစေဖို့ဆိုပြီး ကော်လာဂျင် သောက်သုံးသူတွေ အတော်လေး များလာပါတယ်။

    ကော်လာဂျင်ဆိုတာကို အတော်များများက သိထားပြီးဖြစ်မှာပါ။ ဒီတော့ ကော်လာဂျင်အကြောင်းထက် ဒီတစ်ခေါက်တော့ ကော်လာဂျင် သောက်ပြီးရင် ဘာကြောင့် ရေများများ သောက်ပေးဖို့ ပြောရလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

    ကော်လာဂျင် ဆိုတာ ဘာလဲ ….

    ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြော နဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။
    ကော်လာဂျင်ကိုနေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေရနိုင်တယ်ဆိုပေမယ့် လုံလောက်စွာရရှိဖို့တော့ ခက်ပါမယ်။ ခန္ဓာကိုယ်မှာ ကော်လာဂျင်ကို အသုံးပြုနေတဲ့ အရင်းအမြစ်က အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဆစ်တွေကျန်းမာစေဖို့၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ အနာတွေကျက်စေဖို့အတွက်လည်းကော်လာဂျင်က စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသေးတာပါနော်။
    ဒါကြောင့်လည်း ကော်လာဂျင်ကို ဖြည့်စွက်စာ တစ်မျိုးလို သောက်သုံးလာကြတာပါ။

    ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား ……

    ကျန်းမာရေးအတွက် ရေများများ သောက်ရမယ်ဆိုတာကိုတော့ လူတိုင်း သိထားပြီးသားပါ။ ရေက သက်ရှိတိုင်းအတွက် အရေးပါတဲ့အရာပါ။ ဒါကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတာပါ။

    ရေဆာမှ ခန္ဓာကိုယ်က ရေဓာတ်ကို ဆုံးရှုံးနေတာ မဟုတ်ပါဘူး။ လှုပ်ရှားမှု တစ်ခုခု လုပ်တိုင်းမှာ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေတာပါ။ လူတော်တော်များများက မသိလိုက် မသိဘာသာ ရေသောက်ဖို့ မေ့နေကြပါတယ်။

    ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်း ပါဝင်နေပြီး အရေပြားကိုလည်း အဓိကက ရေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အသားခြောက်တာ၊ အသားတွေ ကွဲအက်တာမျိုး မဖြစ်စေဖို့ဆိုရင် ရေဓာတ် လုံလောက်ပြည့်ဝအောင် သောက်သုံးဖို့ လိုတယ်လို့ ပြောကြတာပါ။

    ကော်လာဂျင်တွေက အရေပြားကို ကျန်းမာလှပစေတယ်ဆိုပေမယ့် ရေဓာတ်ကို ပြည့်ဝစွာ ရရှိမှလည်း ကော်လာဂျင်ရဲ့ အာနိသင်ကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။

    ရေသောက်တာက ကော်လာဂျင်ကို တကယ်ပဲ အကောင်းဆုံး လုပ်ဆောင်နိုင်စေလား …….

    ကော်လာဂျင် သောက်တဲ့အခါတိုင်း အညွှန်းကို ဖတ်ရင် အာနိသင် ပိုထိရောက်အောင် ရေများများ သောက်ပေးဖို့ ညွှန်းထားတာကို ကော်လာဂျင် အများစုမှာ တွေ့ရပါတယ်။

    အကြောင်းကတော့ ရေများများသောက်တာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ပိုကောင်းစေသလို၊ လုပ်ဆောင်နိုင်စွမ်းကို မြင့်တက်စေနိုင်ပါတယ်။ ပင်ပန်းတယ်လို့ ခံစားရချိန်မှာ ရေတစ်ခွက်လောက် သောက်လိုက်တာက တော်တော်လေး အထောက်အကူပြုနိုင်တာပါ။

    ရေသောက်တာက ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့ကို ရေ ၂-၃ လီတာလောက် သောက်သုံးပေးတာက အစားစားချင်စိတ်ကို ထိန်းပေးနိုင်သလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို တားဆီးပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အား တိုးစေသလို ကော်လာဂျင် ထွက်ရှိမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

    ရေသောက်တာက အရေပြားအတွက် အရေးပါတဲ့ အာဟာရကို ဖြည့်ဆည်းပေးလိုက်တာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အများစုကို ကော်လာဂျင် ထုတ်လုပ်မှုကို အားဖြည့်ပေးနေတဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။

    ကော်လာဂျင် သောက်ပြီးတိုင်း ရေများများ သောက်ပေးတာက ကော်လာဂျင်က အသားအရေအပါအဝင် လိုအပ်တဲ့ နေရာတွေကို အကောင်းဆုံး အားဖြည့်နိုင်ဖို့ပါ။

    ဒီလိုမျိုး ကော်လာဂျင် သောက်ပြီးတိုင်း ရေများများ သောက်ပေးတာ ခန္ဓာကိုယ်မှာ ရေဓာတ် လုံလောက်စွာ ရရှိစေပြီး

    ကော်လာဂျင် သောက်ပြီးတိုင်း ရေများများ သောက်ဖို့ လိုတာက ကော်လာဂျင်ကို သူ့ရဲ့ တာဝန်ကို ပြည့်ပြည့်ဝဝ စွမ်းဆောင်နိုင်စေဖို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement