
အသက် ၆ လ ပြည့်လို့ solid food စစားလို့ရတဲ့အချိန်မှာဆို ဖြည့်စွက်စာထဲမှာ ပြုတ်ကျွေး၊ ပေါင်းကျွေးလို့ရပါပြီ။ ဒါပေမယ့် ကလေးမနင်အောင်တော့ သတိထားဖို့ လိုပါတယ်။ ဘေဘီလေးက အသက် ၉ လကျော်ပြီဆိုရင် အစိမ်းအတိုင်း နည်းနည်းချင်း စကျွေးလို့ ရပါပြီ။ အသက် ၁၂ လဆိုရင်တော့ သေချာကို ကျွေးလို့ ရပါပြီ။
ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို ဆလတ်ရွက် နုနုလေး၊ အစိမ်းရောင်ကိုပဲ ကျွေးရပါမယ်။ အနီရောင် ဆလတ်ရွက်၊ အနံ့ပြင်း၊ အရသာပြင်းတာမျိုး မကျွေးပါနဲ့။
နောက်ထပ် သတိထားရမှာ တစ်ခုက ရေကို သေချာလေး စင်အောင် ဆေးကြောဖို့ပါ။ ဆလတ်ရွက်မှာပါတဲ့ ပိုးသတ်ဆေးတွေ၊ ဘက်တီးရီးယားတွေ မစင်ဘူးဆိုရင် ဘေဘီလေးရဲ့ အစာခြေစနစ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဘေဘီလေးကို ဖြစ်နိုင်ရင် ဆလတ်ရွက်ကို ပေါင်းခံပြီး ကျွေးစေချင်ပါတယ်။ အစာနင်တာမျိုး မဖြစ်စေဖို့အတွက်လည်း အရွယ်တော်လေး ဖဲ့ပြီး ကျွေးပေးဖို့ လိုပါမယ်။
ဘေဘီလေးက ဆလတ်ရွက် စားတဲ့အခါ
ဘေဘီလေးအတွက် ဆလတ်ရွက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရွက် တစ်မျိုးပါ။ အရိုးနဲ့ သွားတွေ၊ တစ်ရှူးတွေ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို သွေးအားကောင်းစေဖို့နဲ့ သွေးသန့်စေဖို့လည်း ထောက်ကူပေးပါတယ်။
အမျှင်ဓာတ်က ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေပြီး အူလမ်းကြောင်းတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် A ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် K က ခန္ဓာကိုယ်အတွက် ပရိုတင်း ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေဓာတ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကဲ ……. ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။ ဆိုတာကို သိသွားပြီဆိုတော့ ထမင်းလိပ်မှာပဲ ပါပါ၊ ဘာဂါမှာပဲ ပါပါ ဆလတ်ရွက် ပါလာမယ်ဆိုရင် အနံ့အရသာ မပြင်းဘူးဆိုရင် ဘေဘီလေးကို ကျွေးလို့ ရပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။