backup og meta

ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား .....

    ဆောင်းတွင်းလို အေးတဲ့ရာသီမျိုးမှာ ရင်ကြပ်တာတွေ အအေးမိဖျားနာတာတွေ ကင်းပြီး တုပ်ကွေးဖြစ်တာမျိုး ကင်းဝေးစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့အတွက် မုန်လာဥဖြူ ကို ချဉ်ဟင်းချက်စားတာ၊ ကြက်သားနဲ့ စွပ်ပြုတ် လုပ်သောက်ကြတာတွေ ရှိပါတယ်။ ဒီလို ချက်စားဖြစ်တဲ့အခါ ဘေဘီလေးကိုလည်း ကိုယ်ခံအား ကောင်းအောင် မုန်လာဥဖြူလေးများ ကျွေးလို့ ရမလားဆိုပြီး တွေးနေတဲ့ မေမေတွေ ရှိလား ……

    ဒါဆိုရင်တော့ အဖြေလေး ထွက်သွားအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား …….

    ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ် ….. စားလို့ ရပါတယ်။ ဘယ်အရွယ်မှာ စားလို့ ရမလဲဆိုတော့ အသက် ၆ လပြည့်ပြီဆိုရင် စားလို့ ရပါပြီ။ သေချာ နူးအိအောင် ကြိတ်ခြေပြီး ပြင်ဆင်ပေးဖို့တော့ လိုပါမယ်။

    အသက် ၁၂ လပြည့်ပြီဆိုရင်တော့ မန်ကျည်းသီး နည်းနည်းနဲ့ ချက်ထားတဲ့ မုန်လာဥဖြူ ချဉ်ဟင်းလေး စကျွေးပေးလို့ ရပါပြီ။

    မုန်လာဥဖြူမှာ ဘေဘီလေးအတွက် ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……….

    မုန်လာဥဖြူက အစိမ်းမှာ စပ်ပေမယ့် ချက်လိုက်ရင် ချိုနေတဲ့ အရသာရှိတာကြောင့် ဘေဘီလေးတွေ နှစ်သက်မှာ အသေအချာပါ။ မုန်လာဥဖြူမှာ ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်တဲ့

    မုန်လာဥဖြူကို ကျွေးပေးရင် ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးမျာ

    ဘေဘီလေးကို မုန်လာဥဖြူ ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို မုန်လာဥဖြူ ကျွေးပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    မုန်လာဥဖြူမှာ အစာခြေစနစ် ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဘေဘီလေးတွေမှာ ဝမ်းချုပ်တာကို ကင်းစေနိုင်မှာပါ။

    ရင်ပြည့်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို အဝမလွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုနေတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

    ချွဲပျော်စေတယ်

    ရာသီအကူးအပြောင်းကြောင့် ဘေဘီလေးတွေမှာ အအေးမိ ဖျားနာဖြစ်တာကြောင့် ချွဲထတာ၊ လေထု ညစ်ညမ်းတာကြောင့် အဆုတ် ထိခိုက်တာတွေကို သက်သာစေဖို့အတွက်လည်း မုန်လာဥဖြူက ထောက်ကူပေးနိုင်ပါတယ်။

    ရင်ကြပ်နေတဲ့ ဘေဘီလေးကို ချွဲပျော်စေဖို့အတွက်လည်း မုန်လာဥဖြူ ကျွေးပေးလို့ ရပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    မုန်လာဥဖြူက သံဓာတ် ကြွယ်ဝတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအား ပြည့်နေအောင် ထောက်ကူပေးတာကြောင့်လည်း ဘေဘီလေးတွေက ရာသီအကူးအပြောင်းမှာ ဖျားနာမှု ကင်းစေမှာပါ။ အဆုတ်လေးကို ကျန်းမာစေဖို့ရော ကိုယ်ခံအားလေး ပြည့်ဝနေစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တယ်

    မုန်လာဥဖြူရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာပါ။ မုန်လာဥဖြူက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး ဘေဘီလေးကို ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ကျောက်ကပ် ကျန်းမာစေတယ်။ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။

    မုန်လာဥဖြူက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    ဘေဘီလေးကို မုန်လာဥဖြူ ပြင်ဆင်ပေးတဲ့အခါ အပေါ်ခွံတွေကို သေချာ စင်အောင် ခွာပြီး ရေကို သေချာ စင်ကြယ်အောင် ဆေးကြောပေးဖို့ လိုပါမယ်။ အစာနင်တာမျိုး မဖြစ်စေဖို့ နူးအိနေအောင် ချက်ပြီး သေချာလေး ကြိတ်ခြေပေးဖို့ လိုပါမယ်။

    ကဲ ……. ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား …..ဆိုတော့ ရပါတယ်နော်။ အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement