backup og meta

ဘေဘီလေးတွေလည်း ယောဂ လေ့ကျင့် လို့ရပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေလည်း ယောဂ လေ့ကျင့် လို့ရပါတယ်

    ဘေဘီလေးတွေက လမ်းလည်း မလျှောက်တတ်သေးသလို မတ်တတ်လည်း မရပ်နိုင်သေးခင်မှာ ယောဂ လေ့ကျင့် လို့ရတယ်ဆိုလို့ ခေါင်းစဉ် မြင်ပြီး တော်တော်လေး အံ့ဩသွားသလား …..

    ဒါဆိုရင်တော့ မအံ့ဩဘဲ ဘေဘီလေးက ဘယ်လိုမျိုး ယောဂ လေ့ကျင့် လို့ရလဲ ….. ယောဂ လေ့ကျင့်တာကြောင့် ဘေဘီလေးမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဖတ်ကြည့်စေချင်ပါတယ် မေမေတို့ရေ…….

    ဘေဘီလေးက ယောဂ လေ့ကျင့်လို့ ရပါ့မလား …..

    အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ ဘေဘီလေးက ယောဂ လေ့ကျင့် လို့ ရပါတယ်။ ဘေဘီလေးက လမ်းမလျှောက်တတ်သေး၊ စကား သေချာ မပြောတတ်သေးပေမယ့် သူတို့ ခန္ဓာကိုယ်လေးတွေကို လှုပ်ရှားတတ်နေပါပြီ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု တစ်ရပ်ဖြစ်တဲ့ ယောဂ လေ့ကျင့် တာကို လုပ်ဆောင်လို့ ရပြီလို့ ဆိုတာပါ။

    ဘေဘီလေးက ဘယ်အရွယ်မှာ ယောဂ စလေ့ကျင့်လို့ ရလဲ ……

    ဘေဘီလေးက အသက် ၆ ပတ် အရွယ်စပြီး မေမေနဲ့အတူ ယောဂ လေ့ကျင့်မှုမှာ ပါဝင်လို့ ရပါတယ်။ မတ်တတ်ရပ်နိုင်တဲ့ ၂နှစ်ကျော်လောက်ဆိုရင်တော့ ယောဂ လေ့ကျင့်ခန်း အတော်များများကို လုပ်ဆောင်နိုင်တော့မှာပါ။

    အသက် ငယ်သေးတဲ့အချိန်မှာတော့ downward dog pose လိုမျိုး ယောဂပို့စ်ကို လေ့ကျင့်လို့ ရပါပြီ။

    ယောဂ လေ့ကျင့်တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ ……

    ယောဂ လေ့ကျင့်တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ ......

    ယောဂ လေ့ကျင့်ခန်းက လူကြီးတွေအတွက်တင် ကျန်းမာရေး အကျိုးကျေးဇူး ရှိတာမဟုတ်ဘဲ ဘေဘီလေးတွေ အတွက်ပါ အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    • ယောဂ လေကျင့် တာက ဘေဘီလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုကို ပံ့ပိုးထောက်ကူပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
    • ယောဂ လေ့ကျင့်မှုက မေမေနဲ့အတူ ကစားရတာ ဖြစ်တာကြောင့် မေမေနဲ့ ဘေဘီလေးတွေအကြား ချစ်ခင်ယုံကြည်မှု တိုးစေနိုင်ပါတယ်။
    • ဘေဘီလေးတွေကို ဗိုက်ကြွက်သားတွေကို အသုံးပြုစေတာကြောင့် ကြွက်သားလေးတွေ သန်မာစေပါတယ်။
    • ခန္ဓာကိုယ် အထက်ပိုင်းက ကြွက်သားတွေကို သန်မာစေပြီး လည်ပင်း ကြွက်သားတွေကိုလည်း သန်မာစေနိုင်ပါတယ်။
    • လှုပ်ရှားမှုတွေ လုပ်ဆောင်ရတာကြောင့် ဘေဘီလေးကို ခွန်အားပြည့်စေမှာပါ။
    • ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေနိုင်မှာပါ။
    • ခန္ဓာကိုယ် အနေအထား မှန်ကန်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
    • ဝမ်းဗိုက် ပြဿနာကင်းပြီး ကျန်းမာပျော်ရွှင်စေမှာပါ။ ဝမ်းချုပ်တာ၊ လေထိုးလေအောင့်တာတွေကို ကာကွယ်ပေးနိုင်မှာပါ။
    • ဘေဘီလေးကို ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
    • ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
    • ဘေဘီလေးကို စိတ်ဖိစီးမှုလည်း ကင်းစေနိုင်မှာပါ။

    ဘေဘီလေး အနေနဲ့ လက်မြှောက်တာလောက်၊ ခြေထောက်လေး လှုပ်နိုင်တာလောက်၊ လေးဖက်ထောက်တာမျိုးလောက်ကို မေမေနဲ့ အတူတူ လုပ်ပေးရင်း အခုပြောပြခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပေမယ့် ဘေဘီလေးကို ထိခိုက်မှုတွေလည်း ရှိစေနိုင်တာကြောင့် မေမေတို့အနေနဲ့ သေချာလေး ဂရုစိုက်ဖို့တော့ လိုပါမယ်။

    ငယ်စဉ်ကတည်းက ဘေဘီလေးကို လေ့ကျင့်ခန်း လုပ်တာနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ပေးတာက ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement