ကလေးမှာ မွေးရာပါအမှတ်လေး ပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီ အမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ မွေးရာပါအမှတ်တွေ အကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။
မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ
မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့
မွေးရာပါအမှတ်ဆိုတာဘာများလဲ………..
မွေးရာပါအမှတ်တွေ ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။
ဘာကြောင့်အမှတ်ဖြစ်ရတာလဲ……
အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း အခုချိန်ထိ ဘယ်အချက်က မှန်လဲဆိုတာကို တိတိကျကျသက်သေအထောက်အထားပြနိုင်တာမျိုး မရှိသေးပါဘူး။
အမှတ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်လား……..
အမှတ် အများစုကတော့ ကျန်းမာရေးပြဿနာ မဖြစ်စေနိုင်ပါဘူး။ အချို့ အမှတ်တွေဆို အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမှတ်တိုင်းက နောက်ဆက်တွဲကျန်းမာရေးပြဿနာ မရှိနိုင်တာတော့မဟုတ်ပါဘူး။ အချို့ဆံချည်မျှင်သွေးကြောလေးတွေပါဝင်နေတဲ့ အမှတ်တွေဆိုရင် မအီမသာဖြစ်တာမျိုး၊ ထိမိရင် သွေးထွက်တာကနေတဆင့် အနာဖြစ်ပြီးပိုးဝင်တာနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တာမျိုးခံစားရနိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ကုသမှုခံယူဖို့လိုမလဲ……….
အမှတ်က သူ့အလိုလိုပျောက်သွားတာမျိုးမဟုတ်ဘဲ အခုလို အနေအထားမျိုးတွေ ဖြစ်လာမယ်ဆိုရင် ကုသမှု အမြန်ဆုံးခံယူစေချင်ပါတယ်။
- အမှတ်က ပုံစံပြောင်းလာမယ်ဆိုရင်
- တဖြည်းဖြည်းကြီးလာမယ်
- မအီမသာဖြစ်မယ် (အမှတ်နေရာက နာတာမျိုးဖြစ်မယ်)
- မျက်ခွံပေါ်မှာဖြစ်မယ် (အမှတ်ကလည်း တဖြည်းဖြည်းကြီးလာမယ်)
- အမှတ်ကြောင့် မျက်လုံး၊ ဦးနှောက်နဲ့ အရေပြားက သွေးကြောလေးတွေကို ထိခိုက်မှုရှိလာမယ်ဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။
ဘယ်လိုကုထုံးတွေရှိလဲ…………….
မွေးရာပါအမှတ်တွေ အတွက် ကုထုံးတွေက တစ်ခုမက ရှိနေနိုင်ပါတယ်။ တကယ်လို့ အမှတ်က အမြင်အာရုံ၊ စားတာသောက်တာ၊ အကြားအာရုံ နဲ့ အခြားဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးမရှိရင် ဒါမှမဟုတ် ကျန်းမာရေးပြဿနာတစ်ခုခု မဖြစ်ဘူးဆိုရင် ဒီအတိုင်းထားလိုက်တာက အဆင်အပြေဆုံးပါ။ နောက်ဆက်တွဲပြဿနာတွေရှိလာမယ်။ ကြည့်ရဆိုးမယ်ဆိုရင် အခုလိုကုထုံးတွေကို သုံးပြီး မွေးရာပါအမှတ်တွေကို ကုသလို့ရပါတယ်။ အမှတ်အမျိုးအစား၊ အရွယ်အစားနဲ့ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့တော့ ကုထုံးအမျိုးအစားကွာခြားနိုင်ပါတယ်။
- ဆေးသောက်တဲ့ကုထုံး– အမှတ်ကို ထပ်ပွားမလာစေဖို့ ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပေးရုံပါ။ ဆရာဝန်က အမှတ် အနေအထားကိုကြည့်ပြီး ပေးတဲ့ ဆေးအမျိုးအစားကတော့ ကွာခြားမှုရှိနိုင်ပါတယ်။
- ဆေးထိုးတဲ့ကုထုံး – ဆေးထိုးပြီး အမှတ် ထပ်ပွားမလာအောင် လုပ်ပေးတာပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆေးထိုးပေးဖို့တော့လိုပါမယ်။
- လေဆာကုထုံး– အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အမှတ်တွေကို အထိရောက်ဆုံး ဖယ်ရှားကုသပေးနိုင်တဲ့ နည်းလမ်းပါ။ အပေါ်ကနည်းလမ်းတွေနဲ့အဆင်မပြေဘူးဆိုရင် လေဆာရောင်ခြည်ကိုသုံးပြီး အမှတ်တွေကို ဖယ်ရှားပါလိမ့်မယ်။
- ခွဲစိတ်ကုထုံး – အခြားနည်းလမ်းတွေကို စမ်းကြည့်ပေမယ့် လုံးဝအဆင်မပြေဘူးဆိုခဲ့ရင်တော့ ခွဲစိတ်ကုသမှုနည်းလမ်းကို အသုံးပြုပြီး အမှတ်ကို ဖယ်ရှားပါလိမ့်မယ်။ ခွဲစိတ်ကုသဖို့ လိုမလားဆိုတာကိုတော့ ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။
အမှတ်ဆိုတာက
[embed-health-tool-baby-poop-tool]