အထက်ပါညွန်ကြားချက်နဲ့ ရောဂါလက္ခဏာများကို ဘယ်လိုသက်သာအောင်လုပ်မလဲ………….
ကိုယ်တိုင်အသားအရေစောင့်ရှောက်မှုမလုပ်နိုင်သေးတဲ့ဘေဘီလေးအတွက်မေမေတို့ကအသားအရေကိုသေချာလေးဂရုစိုက်ပေးဖို့လိုမှာပါ။ ဒီတော့ဘေဘီလေးမှာ အသားအရေခြောက်သွေ့မှုကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။
အသားအရေကို အစိုဓါတ်ထိန်းပေးပါ – ဘေဘီလေးကို အသားအရေခြောက်သွေ့မှု ကင်းစေဖို့ဆိုရင် တစ်နေ့ကို နှစ်ကြိမ် အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့လိုပါမယ်။ဘေဘီလေးက ခြောက်သွေ့ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အရေပြားယားယံမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်တာမျိုးဖြစ်ဖို့ လိုပါမယ်။
အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို သတိထားပါ -ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို မထိတွေ့မိစေဖို့သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ချွေးထွက်တာ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေ၊ အဝတ်တွေကိုလျှော်တဲ့အခါအသုံးပြုတဲ့ ဆပ်ပြာမှုန့်လိုမျိုးအရာတွေကိုသေချာလေး သတိထားရွေးချယ်ဖို့လိုပါမယ်။ဘေဘီလေးကိုကျွေးတဲ့ အစားအစာတွေကိုလည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။
ရေအကြာကြီးမချိုးပေးပါနဲ့ -ရေအကြာကြီးချိုးပေးတာကလည်းဘေဘီလေးတွေကို အသားခြောက်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ဘေဘီလေးတွေကိုရေချိုးပေးတဲ့အခါ ခပ်နွေးနွေးရေလေးနဲ့မြန်မြန်လေးချိုးပေးပါ။
ရေချိုးဆပ်ပြာသတိထားရွေးချယ်ပါ -ရေချိုးဆပ်ပြာရွေးတဲ့အခါ ခပ်ပျော့ပျော့လေးနဲ့ဘေဘီလေးအသားအရေကို ထိခိုက်မှုနည်းစေတာမျိုးရွေးချယ်ပေးဖို့လိုပါမယ်။ အရေပြားခြောက်သွေ့လွယ်တဲ့ဘေဘီလေးတွေအတွက်ဆိုရင်တော့ခြောက်သွေ့ယားယံမှုကင်းစေပြီး အရေပြားကို အထိရောက်ဆုံး သန့်စင်ပေးနိုင်မယ့် ဆပ်ပြာမျိုးဖြစ်ဖိုပလိုပါမယ်။
အရေပြားကိုရေခြောက်အောင်သုတ်ပါ – ရေချိုးပြီးတိုင်း အရေပြားကို ခပ်ဖွဖွလေးခြောက်သွေ့အောင်သုတ် ပြီးရင်အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကလည်း အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
ကဲ..ကိုယ့်ရဲ့ရင်သွေးလေးကို အရေပြားပြဿနာကင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်ရင်တော့ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး အရေပြားပြဿနာကင်းစင်တဲ့ဘေဘီလေးအဖြစ် ကြီးပြင်းနိုင်ကြပါစေကြောင်း………………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။