backup og meta

အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ

    ကလေးလေးကိုရေချိုးပေးဖို့ ဘယ်လိုချိုးပေးရမှန်းမသိဘူးဖြစ်နေလား။ရေချိုးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တာကြောင့် အရွယ်မရွေးရေချိုးဖို့လိုပါမယ်။ အရွယ်ရောက်နေသူအတွက်ကတော့ရေချိုးတာက ခက်ခဲရှုပ်ထွေးမှုတစ်ခုမဟုတ်သလို အန္တရာယ်များတဲ့ ကိစ္စတစ်ခုလည်းမဟုတ်ဘူးလေ။ ကလေးငယ်ငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ရေချိုးပေးဖို့ကတော့ မိဘတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ရေချိုးပေးတဲ့အခါ ရင်သွေးလေးကို ထိခိုက်တာတွေ အန္တရာယ်ဖြစ်တဲ့အနေအထားတွေမဖြစ်စေဖို့အတွက် မဖြစ်မနေသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်။ ဘာတွေများဖြစ်မလဲ……..

    ဘေဘီကို အန္တရာယ်ကင်းကင်းနဲ့အခုလိုရေချိုးပေးပါ

    ရေချိုးတဲ့အချိန်ဟာ မိဘနဲ့သားသမီးကြားကသံယောဇဉ်ကြိုးကို အခိုင်မာဆုံးရစ်နှောင်ပေးနိုင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကိုရေချိုးချိန်ဟာ အန္တရာယ်ကင်းပြီးပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင်ဖန်တီးပေးလိုက်ပါ။

    ကလေးငယ်လေးကိုဘေးကင်းကင်းနဲ့ရေချိုးပေးဖို့ဆိုရင် ဒီပစ္စည်းလေးတွေလိုအပ်နိုင်ပါတယ်

  • ကလေးကိုရေချိုးပေးတဲ့ရေချိုးကန်
  • ကလေးကိုရေချိုးပေးချိန်မှာ တင်ထားလို့ရမယ့် အခင်းပြား
  • ရေပိုက်ခေါင်းမှာစွပ်တဲ့ ချစ်စရာအရုပ်လေးတွေ
  • လေထိုးရေချိုးကန်အသေးစား
  • ရေချိုးတဲ့အခါဆော့လို့ရတဲ့ရော်ဘာဘဲရုပ်လိုမျိုးအရုပ်လေးတွေ ဒီပစ္စည်းလေးတွေက ကလေးငယ်ကို ထိခိုက်မှုမဖြစ်အောင် အထောက်အပံ့ပေးပါတယ်။
  • ဘေဘီကိုရေချိုးပေးရင် လိုက်နာရမယ့်အချက်တွေက

    ကလေးကိုရေချိုးပေးတဲ့အခါ တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့ – ကလေးကိုရေချိုးပေးတဲ့အခါရေချိုးပေးနေရင်းဖုန်းလာလို့ဖြစ်ဖြစ် တစ်ခုခုလိုလို့ဖြစ်ဖြစ် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆဖြစ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးကိုရေမချိုးခင်ကတည်းက လိုအပ်မှာတွေကို တစ်ခါတည်း ယူထားပါ။ ဧည့်သည်လာနေရင်တောင် တံခါးဖွင့်ပေးဖို့ဆိုရင် ကလေးကိုပါကောက်ပွေ့ခေါ်သွားလိုက်ပါ။

    ရေရဲ့အပူချိန်ကို စစ်ဆေးပါ –ကလေးတွေက အချမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့်ရေချိုးခန်းထဲဝင်တဲ့အခါရေကအရမ်းအေးနေလားဆိုတာကို အရင်ဆန်းစစ်ပါ။ရေအရမ်းအေးနေရင် ကလေးအတွက်အဆင်ပြေလောက်မယ့် အပူချိန်ဖြစ်အောင်ရေနွေးနဲ့စပ်ပြီးချိုးတာမျိုးလုပ်ပေးပါ။

    ရေအတိမ်အနက်ကိုသေချာဆန်းစစ်ပါ -ရေချိုးကန်ထဲကိုရေဖြည့်တဲ့အခါ အရမ်းအပြည့်ကြီးဖြည့်တာမျိုးမလုပ်ပါနဲ့။ ကလေးရဲ့ ဗိုက်နားလောက်အထိပဲရေကိုဖြည့်ပေးပါ။ရေကို ၂ လက်မကနေ ၄ လက်မအထိထည့်ပေးတာက အဆင်အပြေဆုံးဖြစ်မှာပါ။

    ကလေးရဲ့ရေချိုးကန်ကို အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ပေးပါ– ကလေးကိုရေချိုးကန်ထဲမှာ ချော်တာမျိုး မတော်တဆပြုတ်ကျတာမျိုး မဖြစ်စေဖို့အတွက် ကလေးရဲ့ရေချိုးကန်ကိုသေချာသန့်စင်ဖို့လိုသလိုရေချိုးကန်ထဲမှာရေချိုးရင်း တင်လို့ရတဲ့အခင်းလိုမျိုးအရာ၊ ကလေးရဲ့ ဦးခေါင်းကို မတော်တဆထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့်ရေမြှုပ်အစွပ်တွေ နဲ့ ကလေးကိုရေချိုးချိန်မှာပျော်ရွှင်စေမယ့် အရုပ်လေးတွေကိုပြင်ဆင်ပေးလိုက်ပါ။

    ကလေးအသားအရေအမျိုးအစားနဲ့လိုက်ဖက်မယ့် ဆပ်ပြာကိုရွေးချယ်ပါ – ကလေးကိုရေချိုးပေးတဲ့အခါ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာဖြစ်ဖို့ လိုသလို ကလေးရဲ့ အသားအရေအမျိုးအစားနဲ့လိုက်ဖက်တဲ့ ဆပ်ပြာဖြစ်ဖို့ကလည်းမေ့ထားလို့မရပါဘူး။ ကလေးအသားအရေနဲ့လိုက်ဖက်မယ့် Baby Soap ကိုရွေးချယ်ပေးတာက ကလေးကိုအသားအရေခြောက်သွေ့တာကို ကင်းဝေးစေပြီး အရေပြားြပဿနာတွေကနေကင်းဝေးစေမှာပါ။ ဆပ်ပြာရွေးတဲ့အခါ ဆပ်ပြာရည်ကအဆင်ပြေဆုံးပါ။

    ကလေးကို ဆပ်ပြာမြှုပ်တွေနဲ့ရေမချိုးပေးပါနဲ့ – ကလေးကိုရေချိုးပေးတဲ့အခါ ကာတွန်းကားဆန်ဆန်လေး၊ စိတ်ကူးယဉ်ဆန်ဆန်လေးဖြစ်အေင်ဆိုပြီး ဆပ်ပြာအမြှုပ်တွေနဲ့ချိုးပေးတာမျိုးမလုပ်ပါနဲ့။ ဆပ်ပြာမြှုပ်တွေက ကလေးအတွက်အင်မပြေပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာမျိုးတွေကိုဖြစ်စေနိုင်တာကြောင့်ပါ။

    နောက်ထပ်သတိထားရမှာတွေက ကလေးကိုရေအကြာကြီးမချိုးပေးမိဖို့နဲ့။ရေချိုးပြီးတာနဲ့ ကလေးကို တဘက်စနုနုလေးနဲ့ ချက်ချင်းထွေးပွေ့ရေသုတ်ပေးပါ။ ကလေးကို ချမ်းတုန်နေတဲ့အထိရေပေးချိုးတာမျိုးမလုပ်ပါနဲ့။ ကလေးကိုရေချိုးပေးနေတဲ့အခါ လက်တစ်ဖက်နဲ့ တစ်ချိန်လုံးထိန်းထားပေးပါ။ ကလေးကဟန်ချက်မနိုင်သေးတာကြောင့်ချော်လဲထိခိုက်တာမျိုးတွေဖြစ်မလာစေဖို့ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement