backup og meta

မိဘများကွာရှင်းခြင်း၏ ကလေးများပညာရေး၊ လူမှုရေးအပေါ်သက်ရောက်မှု


Hello Sayarwon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘများကွာရှင်းခြင်း၏ ကလေးများပညာရေး၊ လူမှုရေးအပေါ်သက်ရောက်မှု

    ကွာရှင်းမယ့်မိဘတွေ၊ ကလေးအုပ်ထိန်းခွင့် အငြင်းပွားမှုတွေ ကြားမှာ ပြင်းထန်တဲ့ အိမ်ထောင်ရေး ပဋိပက္ခတွေ ရှိတတ်ပါတယ်။ ကွာရှင်းမိဘတွေရဲ့ ကလေးတွေဟာ မဖြစ်မနေ ကျောင်းပြောင်းရမယ်၊ ဒါကြောင့် ကျောင်းစာတွေမှာရော၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပါ နောက်ကောက်ကျတတ်ပါတယ်။

    လူမှုပေါင်းသင်းဆက်ဆံရေးနိမ့်ကျခြင်း

    မိဘကွာရှင်းထားတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး မှာ ဆက်စပ်မှုတွေ ရှိပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ ကွာရှင်းထားတဲ့ မိသားစုဝင်တွေဟာ အခြားသူတွေကို ယုံကြည်ဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့်လည်း လူမှုဝန်းကျင်မှာ အဆက်အသွယ် နည်းကြပါတယ်။

    အထူးသဖြင့် ကလေးတွေဟာ မိဘတွေကွာရှင်းပြီးနောက်မှာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ မလုပ်ချင်ကြတော့ပါဘူး။ နောက်ပိုင်း အရေးကြီးတဲ့ ဆက်ဆံရေးတွေ (အိမ်ထောင်ဖက်၊ သူငယ်ချင်း)ထူထောင်ရာမှာ အခက်အခဲ ရှိလာမှာပါ။

    ပညာရေး

    မိဘကွာရှင်းထားတဲ့ကလေးတွေမှာ ပညာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဆိုးသွမ်းလာတာ၊ ကျောင်းမှာ ဆရာ၊ဆရာမတွေ၊ ကျောင်းအာဏာပိုင်တွေ၊ ရဲတွေနဲ့ ပြဿနာတက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    မိဘတွေကွာရှင်းခြင်းရဲ့ ကလေးတွေ ပညာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကို သိသာဖို့ ကလေးတွေရဲ့ အဆင့်တွေ၊ စာမေးပွဲရမှတ်တွေ၊ ကျောင်းထွက်နှုန်းတွေကို သတိထားကြည့်ရှုသင့်ပါတယ်။ မိဘကွာရှင်းထားတဲ့ ကလေးတွေဟာ များသောအားဖြင့် အမှတ်တွေ နည်းတတ်ပါတယ်။

    ကလေးတွေရဲ့ စာမေးပွဲရမှတ်တွေက မိဘတွေ ကွာရှင်းထားခြင်း၊ မထားခြင်းကို သေချာပေါက် ထင်ဟပ်ပါတယ်။ ဒါပေမယ့် မိဘတွေနဲ့ ဆရာတွေကတော့ မိဘတွေကွာရှင်းခြင်း၊ မကွာရှင်းခြင်းဟာ ကလေးတွေရဲ့ အမှတ်တွေအပေါ် သက်ရောက်မှု သိပ်မရှိဘူးလို့ပဲ မြင်ထားကြပါတယ်။ ဆရာ၊ဆရာမတွေက ဒီလိုမျိုး ကလေးတွေရဲ့ အခက်အခဲတွေကို နားလည်မပေးနိုင်တာ၊ ဒါမှမဟုတ် လျှော့တွက်တာဖြစ်နိုင်ပါတယ်။

    ဒီလိုမျိုးကလေးတွေ ကျောင်းမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး ကြောင့်မဟုတ်ဘဲ အမူအကျင့်ဆိုင်ရာ ပြဿနာတွေဖြစ်တယ်ဆိုတာတွေ့နိုင်ပါတယ်။

    ဆိုးသွမ်းလာဖို့ ယောက်ျားလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကျောင်းသားအချင်းချင်းရော၊ ဆရာ၊ဆရာမတွေနဲ့ပါ ပြဿနာတွေ ဖြစ်လာတာကြောင့် ကျောင်းကိုရော ကျောင်းစာတွေကိုပါ ရှောင်လာပါလိမ့်မယ်။ မိန်းကလေးတွေကတော့ စိတ်ဓါတ်ကျလာတာကြောင့် ကျောင်းစာမှာရော၊ အခြားကျောင်းကိစ္စတွေမှာပါ အာရုံစိုက်နိုင်စွမ်းကျဆင်းလာဖို့ များပါတယ်။

    မိဘတွေ ကွာရှင်းမှုနှင့် ရင်ဆိုင်ရခြင်း

    မိဘနှစ်ယောက်ရှိတဲ့ မိသားစုကနေ မိဘတစ်ယောက်တည်းရှိတဲ့ နေအိမ်ဖြစ်သွားတာ၊ ကွာရှင်းထားတဲ့ မိဘနှစ်ပါးက တွဲဖက်အုပ်ထိန်းခွင့်ရထားလို့ မမျှော်လင့်ဘဲ အိမ်၂ အိမ်ဖြစ်နေတာ၊ အပတ်တိုင်း အမေ့အိမ်၊ အဖေ့အိမ် သွားလိုက် လာလိုက်လုပ်နေရတာတွေဟာ ကလေးတွေအတွက် တော်တော်ကို အခြေတကျမဖြစ်စေတာပါ။

    မိဘတွေဟာ သူတို့ရဲ့ အသီးသီးသောအိမ်ထောင်ရေးတွေမှာ နစ်မြုပ်နေတာမဟုတ်ဘဲ ကလေးနဲ့ပက်သက်လာရင် တစ်ဖွဲ့တည်းအဖြစ် ရပ်တည်ပေးတယ်ဆိုတာကို ကလေးတွေသိဖို့လိုပါတယ်။

    ကွာရှင်းမယ့်အကြောင်းနဲ့ ကွာရှင်းပြီးသွားရင်ဖြစ်လာမယ့် အပြောင်းအလဲတွေအကြောင်း ကလေးတွေကို ပြောပြဆွေးနွေးရာမှာ မိဘနှစ်ဦးလုံးက တစ်သဘောတည်းဖြစ်သင့်ပါတယ်။ ဖြစ်လာမယ့်အပြောင်းအလဲတွေအကြောင်း ကလေးတွေကသိချင်တာ မေးတဲ့အခါ မိဘတွေအနေနဲ့ ကလေးတွေကို နေရာပေး၊ အချိန်ပေးပြီး ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒီလိုပြောပြရာမှာ ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီး တိုက်ရိုက် ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။

    ကွာရှင်းတဲ့ဖြစ်စဉ်တစ်လျှောက်လုံးမှာ မိဘတွေရဲ့ ချစ်ခင်မှု ၊ အားပေးမှုတွေသာရရှိနေမယ်ဆိုရင် ကလေးတွေအတွက် အပြောင်းအလဲကိုရင်ဆိုင်ဖို့ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။

    ဥပမာအားဖြင့် မိဘတွေကွာရှင်းခြင်းက ကလေးတွေ ကျောင်းပိတ်ချိန် နဲ့ ပိတ်ရက်ကျောင်းပြင်ပ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ကလေးတွေဟာ မိဘနှစ်ပါးလုံးနဲ့ အချိန်ကုန်ဖို့ လိုပါတယ်။ ဒါပေမယ့် တခြားကလေးတွေတန်းတူ အများနဲ့အတူဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့က မရှိမဖြစ်အရေးပါ ပါတယ်။ ဒါမှသာ ကလေးတွေအနေနဲ့ ကွာရှင်းမှုနဲ့ဆက်စပ်တဲ့ လူမှုရေးအဆင်မပြေမှုတွေနဲ့ ဝေးဝေးနေနိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement