backup og meta

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

    တစ်နေ့တာ သွားလာလှုပ်ရှားနေရင်း အမှတ်တမဲ့  ခြင် ကစလို့ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ် စတဲ့ အင်းဆက် အမျိုးမျိုး ကိုက်ခံရနိုင်ပါတယ်။ ဒီလို ကိုက်ခံရတဲ့အခါ ဆေးတွေကို အသုံးမပြုဘဲ သက်သာအောင် လုပ်လို့ရမယ့် သဘာဝ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ များဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအေင်လား။

    ပိုးကောင် ကိုက်တာလား။

    အရေပြားမှာ ပိုးကောင်ကိုက်တာလား ဆိုတာကို သေချာ သိစေနိုင်မယ့် လက္ခဏာတွေက

  • အရေပြားက နီမြန်းနေမယ်
  • စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်
  • နာကျင်မယ်
  • ရောင်ရမ်းမယ်
  • ယားယံမယ်
  • အရည်ကြည်ဖုထမယ် စတာတွေ ခံစားရနိုင်ပါတယ်။
  • ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

    ပိုးကောင်ကိုက်ခံရတာကို သက်သာစေဖို့ ဆေးမလိမ်းချင်ဘူး ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။

    ဆားရည်စိမ်ပါ

    ရေနွေးနွေး တစ်ခွက်စာထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်မွှေပြီး ရလာတဲ့ အရည်ထဲကို ပိုးကောင်ကိုက်တဲ့ နေရာကို စိမ်ပေးတာက အဆိပ်အတောက်ကို လျော့ပါးစေသလို ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေနိုင်ပါတယ်။

    ရေခဲကပ်ပါ

    ပိုးကောင် ကိုက်ခံရတဲ့အခါ အကိုက်ခံရတဲ့ နေရာကို ရေသန့်သန့်လေး ဆေးကြောလို့ အဝတ်စသန့်သန့် နဲ့ ခြောက်အောင် သုတ်ပေးပါ။ ပြီးရင်တော့ တဘက်စ သန့်သန့်ထဲကို ရေခဲတုံးလေး ထည့်ပြီး ကပ်ပေးပါ။

    ရေခဲကပ်တဲ့အခါ ၁၅ မိနစ်လောက်ကပ်ပြီးတိုင်း ခဏ နားပေးပါ။ ဒါမှ အအေးဒဏ်ကြောင့် အသားလောင်တာမျိုး မဖြစ်မှာပါ။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်ကလည်း နာကျင်မှုကိုရော ယားယံမှုကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပိုးကောင် ကိုက်တဲ့အခါ ပိုးကောင် ကိုက်တဲ့နေရာကို ပန်းသီးရှာလကာရည်ထဲ စိမ်တာ ဒါမှမဟုတ် ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး ပိုးကောင် ကိုက်ခံရတဲ့ နေရာမှာ ကပ်ပေးတာကလည်း အဆင်ပြေတဲ့ နည်းလမ်း တစ်ခုပါ။

    ရှားစောင်းလက်ပပ်

    ပိုးကောင်ကိုက်ခံရတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ရပ်က အသားအရေကို ရေဓာတ် ဖြည့်ပေးနိုင်တဲ့ သဘာဝ ဆေးတစ်မျိုး ဖြစ်တဲ့ ရှားစောင်းလက်ပပ်ပါ။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို ခပ်ပါးပါး လွှာပြီး ပိုးကောင် ကိုက်ခံရတဲ့ နေရာမှာ ကပ်ပေးရုံပါ။

    သင်္ဘောသီးမှည့်

    သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက ပိုးကောင် ကိုက်ခံရတဲ့ ဒဏ်ရာကို သက်သာစေနိုင်ပါတယ်။ သင်္ဘောသီးမှည့်ကို ခပ်ပါးပါး လွှာပြီး ပိုးကောင် ကိုက်ခံရတဲ့ နေရာကို တစ်နာရီလောက် ကပ်ထားလိုက်ရုံပါ။ အရောင်ကျစေပြီး ယားယံမှုကိုပါ သက်သာစေမှာပါ။

    လာဗင်ဒါဆီ

    ပိုးကောင် ကိုက်ခံ ရတယ်ဆိုတဲ့ နေရာမှာ ပျားတုပ် ခံရတာ ဖြစ်မယ် ဆိုရင်တော့ ပျားစူးကို အရင်ထုတ်ပါလို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement