သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ အစာခြေစနစ်ပြဿနာတွေ

    ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ အစာခြေစနစ်ပြဿနာတွေ

    ဘေဘီလေးတွေမွေးဖွားပြီးတဲ့အခါ အချိန်တိုင်းကသူတို့အတွက်ဖြစ်သွားပါပြီ။ သူတို့လေးတွေရဲ့ လှုပ်ရှားမှုအပြုအမူတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေမိပါတယ်။ အပြုအမူကိုကြည့်ပြီး သူတို့လေးတွေ ဘာဖြစ်နေလဲဆိုတာကို ဆုံးဖြတ်ရတာကိုး။ သူတို့လေးတွေငိုနေတဲ့ အခါ၊ မအီမသာနဲ့ဂျီကျနေတဲ့အခါတော်တော်လေးစိတ်ညစ်ရပါတယ်။ သားဦးမိဘတွေမှာဆိုပိုဆိုးမှာပါ။ ဒီလိုစိတ်ညစ်ရတာက တစ်ယောက်တည်းမဟုတ်ပါဘူး ကလေးလေးတွေမွေးဖွားထားတဲ့ မိဘတိုင်း မဖြစ်မနေကြုံရမယ့်ပြဿနာပါ။

    ကိုယ်ပေါ်မှာဖြစ်တဲ့အနာလိုမျိုး၊ ဖျားတာလိုမျိုးကပြင်ပမှာလက္ခဏာတွေကိုမြင်တွေ့နိုင်တာမို့ဖြစ်နေတဲ့အနေအထားကိုသိရှိနိုင်တယ်ဆိုပေမယ့် ကလေးရဲ့ ဝမ်းဗိုက်( အစာခြေစနစ်) မှာဖြစ်နေတဲ့ပြဿနာမျိုးကတော့ ဆုံးဖြတ်နားလည်ဖို့ခက်မှာပါ။ ကလေးကလည်း မပြောနိုင်သေးတဲ့အရွယ် ကိုယ်ကလည်း တစ်ခုခုကို ဆုံးဖြတ်သိမြင်နိုင်သူမဟုတ်တော့ ဒီလိုအနေအထားကတော်တော်လေး အခက်တွေ့စေမှာ အသေအချာပါ။

    ဘေဘီလေးတွေမှာ ခံစားရနိုင်တဲ့ အစာခြေစနစ်ပြဿနာတွေက

    စားချဉ့်ရည်ပြန်တက်ခြင်း

    အသက် ၄ လသားကနေ ၁၂ လသားအရွယ်ကလေးငယ်တွေမှာ စားချဉ့်ရည်ပြန်တက်တဲ့ပြဿနာအဖြစ်များပါတယ်။သောက်လိုက်တဲ့ မိခင်နို့ရည်က ကလေးရဲ့အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး အစာမကြေဖြစ်တာကြောင့် အစာရေမြိုတစ်လျှောက်ပြန်ဆန်တက်လာတဲ့အခြေအနေပါ။

    အော့အန်ခြင်း

    ကလေးငယ်လေးတွေမှာအော့အန်တာက အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာတစ်ခုပါ။ ကလေးတွေမှာအော့အန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ ဗိုင်းရပ်စ်ကူးစက်တာကြောင့်ပါ။ ကလေးငယ်လေးတွေဖျားနာတဲ့အခါမျိုးမှာလည်းအော့အန်နိုင်ပါတယ်။ ဝမ်းလျှောတာကလည်း ကလေးတွေကိုအော့အန်စေရတဲ့ အကြောင်းအရင်းတစ်ခုပါ။

    ဝမ်းချုပ်ခြင်း

    ကလေးကနို့သောက်နေရာကနေ အစားစစားတဲ့အခါမျိုး ဝမ်းချုပ်နိုင်ပါတယ်။ ကလေးလေးတွေက များသောအားဖြင့် ၁ နှစ်သားအရွယ်လောက်မှာ ဝမ်းချုပ်တာဖြစ်နိုင်ပါတယ်။ နို့တွေအများကြီးသောက်တတ်တဲ့ကလေးငယ်တွေမျာလည်း ဝမ်းခပ်မာမာသွားတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တာကင်းဝေးစေချင်တယ်ဆိုရင်တော့ ကလေးငယ်ကို တစ်နေ့ကိုရေ ၁၆အောင်စတိုက်ပေးပါ။

    လေနာခြင်း

    ကလေးငယ်ငယ်လေးတွေမှာလေနာဖြစ်လေ့ဖြစ်ထရှိပါတယ်။လေနာဖြစ်တဲ့အခါ ကလေးက တစ်ချိန်လုံးငိုနေတာ၊အော်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးက အကြောင်းအရင်းမရှိဘဲ တစ်ချိန်လုံးငိုနေမယ်ဆိုရင်တော့လေနာဝေဒနာခံစားနေရတာဖြစ်နိုင်ပါတယ်။ဘေဘီလေးတေါကမွေးစကတည်းကလေနာဝေဒနာကို ခံစားလာရတာမဟုတ်ပါဘူး။ အသက် ၃ လလောက်မှစပြီးလေနာဝေဒနာကိုခံစားရတာပါ။

    ဝမ်းလျှောခြင်း

    ကလေးငယ်အများစုမှာ ဝမ်းလျှောတာက Rotavirusကြောင့်ဖြစ်တာများပါတယ်။ဆောင်းရာသီ မိုးရာသီတို့လိုမျိုးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ကလေးဝမ်းသွားတဲ့အခါ ငိုတာမျိုး၊ ဝမ်းသွားတာက ၂ ပတ် ၃ ပတ်လောက်အထိမသက်သာဘဲဖြစ်နေတာမျိုး၊ ဝမ်းထဲမှာသွေးတွေ၊ချွဲတွေပါလာတာမျိုးဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသပေးသင့်ပါတယ်။ ကလေးက ဝမ်းသွားနေတဲ့အခါရေနဲ့စွပ်ပြုတ်ပူပူလေးတိုက်ပေးပါ။

    ကလေးတွေကငယ်သေးတဲ့အခါ သူတို့ခံစားရတဲ့ဝေဒနာကိုဖော်ပြပေးနိုင်တဲ့ အမူအရာက ငိုတာတစ်ခုတည်းဖြစ်တာမို့ ကလေးငယ်လေလေသူတို့ကိုသေချာဂရုစိုက်စောင့်ကြည့်ပေးဖို့ လိုလေလေပါ။ အစာခြေစနစ်မှာပြဿနာတစ်စုံတရာရှိတဲ့အခါလူကြီးတွေတောင် ခံစားရခက်တာမို့ ကလေးငယ်လေးတွေကိုသေချာဂရုစိုက်ပေးဖို့ လိုမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ အချို့သောအစာခြေစနစ်ပြဿနာတွေကိ ကလေးအရွယ်ရောက်လာတဲ့အခါ အလိုလိုသက်သာသွားနိုင်တာပါ။ ဘေဘီလေးတွေရဲ့ မေမေဖေဖေတွေအနေနဲ့ ကလေးကို အစာခြေစနစ်ပြဿနာကင်းအောင်စောင့်ရှောက်ပေးနိုင်ကြပါစေနော်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    5 Common Digestive Problems In Infants http://www.momjunction.com/articles/digestive-problems-in-infants_00332154/#gref Accessed Date 21 June 2018

    Common Infant Digestive Problems https://www.parents.com/baby/care/gas/common-infant-digestive-problems/ Accessed Date 21 June 2018

    Child Severe Digestive Disorders: An Overview https://www.webmd.com/digestive-disorders/child-digestive-disorders-overview#2 Accessed Date 21 June 2018

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 7 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: