backup og meta

ကလေးတွေမှာလည်း စိတ်ပူရတဲ့ ဘယ်ရီဘယ်ရီအန္တရာယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာလည်း စိတ်ပူရတဲ့ ဘယ်ရီဘယ်ရီအန္တရာယ်

    ဘယ်ရီဘယ်ရီ ဆိုတာဘာလဲ

    ဘယ်ရီဘယ်ရီဆိုတာthiamine deficiency လို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်လာတဲ့ရောဂါပါ။wet beriberi နဲ့ dry beriberi ဆိုပြီး နှစ်မျိုးရှိတယ်။ ဘယ်ရီဘယ်ရီ အစိုနဲ့ အခြောက်ပေါ့လေ။Wet beriberi က နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေတာဖြစ်ပြီး ပိုပြင်းထန်လာရင် နှလုံးပျက်စီးနိုင်ပါတယ်။Dry beriberi ကတော့ အာရုံကြောတွေကို ထိခိုက်စေပြီး ကြွက်သားအားနည်းစေတယ်၊နောက်ဆုံးမှာ မလှုပ်ရှားနိုင်တော့ဘဲဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် ဘယ်ရီဘယ်ရီရောဂါဆိုတာ သေချာမကုသရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။

    ဗီတာမင် B1 (thiamine) ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရင်တော့ ဒီရောဂါဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ အရက်စွဲရောဂါရှိသူတွေမှာ အများဆုံးဖြစ်တတ်တယ်ဆိုပေမယ့် ဗီတာမင် B1 ချို့တဲ့လွန်းတဲ့အခြေအနေရှိသူတွေ ဘယ်သူမဆို ဒီအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်၊ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း၊ ဖျားနာခြင်းတို့ကြောင့် ဗီတာမင် B1 လိုအပ်မှုကို ပိုများစေနိုင်တာမို့ အဲဒီအခြေအနေတွေမှာဗီတာမင် B1 လုံလောက်အောင်နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ဗီတာမင် B1 ဆုံးရှုံးမှုများစေတဲ့ အခြေအနေတွေထဲမှာ ဆီးဆေးသောက်သုံးနေရတာတွေ၊ကျောက်ကပ်ဆေးရတာ၊ ဝမ်းလျှောတာ စတာတွေပါဝင်ပါတယ်။ဗီတာမင် B1 ကြွယ်ဝတာတွေ စားပေမယ့်လည်း ခန္ဓါကိုယ်က စုပ်ယူနိုင်စွမ်းနည်းတာကတော့ အရက်စွဲခြင်း၊ ကာလတာရှည်အာဟာရချို့တဲ့ခြင်းနဲ့ဖောလိတ်ဓါတ် ချို့တဲ့ခြင်းတို့ကြောင့်ဖြစ်လာနိုင်ပါတယ်။

    ကလေးတွေမှာ ဗီတာမင် B1 ချို့တဲ့ခြင်း

    စိုးရိမ်စရာရှိတာက ဒီရောဂါဟာ ကလေးတွေမှာလည်းဖြစ်နိုင်လို့ပါပဲ။ တကယ်လို့ –

    • နို့တိုက်ကျွေးနေတဲ့ မိခင်မှာဗီတာမင် B1 ချို့တဲ့နေမယ်ဆိုရင်
    • ဗီတာမင် လုံလောက်အောင်မပါတဲ့ နို့မှုန့်တွေသောက်သုံးရတယ်ဆိုရင်(မိခင်နို့မသောက်ရတဲ့ကလေးတွေ) စိတ်ပူရပါတယ်။
    • ဘယ်ရီဘယ်ရီရောဂါရှိနေတဲ့ နို့တိုက်မိခင်တွေရဲ့ ကလေးတွေမှာလည်းဖြစ်နိုင်ခြေများပါတယ်။ အထူးသဖြင့်

    အစပိုင်းမှာတော့ ကလေးက ဝမ်းချုပ်တာ၊ ငိုတာ၊ အငြိမ်မနေတာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။

    ကလေးတွေမှာဖြစ်တတ်တဲ့ ဘယ်ရီဘယ်ရီက ပုံစံသုံးမျိုးရှိပါတယ်-

  • ၁ လကနေ ၃ လအတွင်း ကလေးတွေမှာ အဖြစ်များတဲ့ နှလုံးပျက်စီးစေတဲ့အမျိုးအစားပါ။ ကလေးမှာ နှုတ်ခမ်းပြာခြင်း၊ ရုတ်တရက်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းတို့နဲ့အတူဖြစ်လာတတ်ပါတယ်။ ကုသမှုနောက်ကျရင် ကလေးက ၂ နာရီကနေ ၄ နာရီအတွင်း အသက်ဆုံးရှုံးရနိုင်တယ်။
  • နောက်တစ်မျိုးက ၄ လကနေ ၆ လအရွယ် ကလေးတွေမှာဖြစ်တဲ့ အသံပျက်တဲ့အမျိုးအစားပါ။ အသံကြိုးတွေကို မလှုပ်ရှားနိုင်ဖြစ်စေတာကြောင့် အသံပျက်စေနိုင်ပါတယ်။
  • ဦးနှောက်အမြှေးရောင်ဖြစ်စေတဲ့ ဒီတစ်မျိုးကတော့ ၇လ ကနေ ၉လအတွင်းမှာဖြစ်တတ်ပါတယ်။ ဦးနှောက်အမြှေးရောင်လက္ခဏာတွေဖြစ်လာတတ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမဟုတ်တာပါ။ ကလေးမှာ ပျို့အန်တာ၊ချွေးထွက်တာ၊ တက်တာတွေဖြစ်နိုင်ပါတယ်။
  • Wet beriberiရောဂါလက္ခဏာ

    • ခြေထောက်မလှုပ်ရှားနိုင်တော့ခြင်း
    • ခြေထောက်နဲ့လက်မှာ ထိတွေ့ခံစားမှုမသိတော့ခြင်း
    • စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးခြင်း
    • စကားပြောဖို့ခက်ခဲခြင်း
    • နာကျင်ကိုက်ခဲခြင်း
    • အန်ခြင်း
    • မျက်လုံးအကြည့်ရွေ့လျားမှု ပုံမှန်မဟုတ်ခြင်း
    • အရေပြားမှာ ထုံကျဉ်မှုခံစားရခြင်း
    • နှလုံးကြီးခြင်း
    • အဆုတ်မှာရေဝင်ခြင်း
    • ခြေထောက်အောက်ပိုင်းဖောရောင်ခြင်း

    Dry beriberiရောဂါလက္ခဏာ

    • အသက်ရှူကျပ်ပြီး နိုးလာခြင်း
    • ခြေထောက်ရောင်ခြင်
    • နှလုံးခုန်သံမြန်ခြင်း
    • အဆုတ်မှာရေဝင်ခြင်း
    • နှလုံးကြီးလာခြင်း
    • မျက်ခွံတွဲကျခြင်း
    • လမ်းလျှောက်ပုံပြောင်းလဲလာခြင်း

    ဘယ်ရီဘယ်ရီရောဂါ နောက်ဆုံးအဆင့်ရောက်နေတဲ့သူမှာ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကြောင့် ထိခိုက်ရတဲ့ နှလုံးပဲဖြစ်ဖြစ်၊ အာရုံကြောပဲဖြစ်ဖြစ်ပြန်ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့်သေချာမကုသခဲ့ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ကလေးတွေမှာ ဘယ်ရီဘယ်ရီမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့က နို့ချိုတိုက်ကျွေးမယ့် မိခင်တွေရဲ့အာဟာရကို ဂရုစိုက်ဖို့ပါပဲ။ မိခင်နို့မဟုတ်ဘဲ နို့မှုန့်ကိုအားထားနေရတဲ့ကလေးတွေအတွက်တော့ မရှိမဖြစ်အာဟာရဓါတ်တွေပြည့်စုံအောင်ပေးနိုင်မယ့် နို့မှုန့်အမျိုးအစားကိုရွေးချယ်ဖို့လိုပါတယ်။ယေဘုယျအားဖြင့်တော့ -ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊အသား၊ငါး၊ ဂျုံကြမ်း၊ နို့ထွက်ပစ္စည်း၊ ကညွတ်၊ဟင်းနုနွယ်တို့လို ဟင်းသီးဟင်းရွက်တွေစားပေးသင့်ပါတယ်။ လိုအပ်ရင် မိခင်တွေအနေနဲ့ ဗီတာမင်အားဆေးသောက်ပါ၊ဖြည့်စွက်အာဟာရသောက်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement