ရင်သွေးလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ဂရုစိုက်ဖို့ဆိုတာ မေမေတို့အတွက် တကယ်ကို ကြီးလေးတဲ့ တာဝန်တစ်ခုပါ။ မွေးကင်းစကလေးဆိုတာ စကားလည်း မပြောတတ် ဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်း သေချာလည်း မပြတတ်ကြတော့ ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်နေရတာပေါ့။ ဒီထဲကမှ ခုပြောပြမယ့် ၆ ချက်ထဲက တစ်ချက်ချက် သင့်ကလေးဆီမှာ ရှိနေလို့ကတော့ ဆရာဝန်ဆီ တန်းပြေးတော့နော် ။ ။
( ၁ ) ကလေး နှုတ်ခမ်းများပြာနေခြင်း ။ ။
ကလေးနှုတ်ခမ်း ဒါမှမဟုတ် ခံတွင်းထဲက ပါးစောင်တို့ လျှာတို့မှာ ရှိသ့င်တဲ့ ပန်းရောင်မရှိဘဲ အပြာရောင်သန်းနေပြီဆိုရင်တော့ ဒါ သင့်ကလေး အောက်ဆီဂျင် အလုံအလောက် မရဘူးဆိုတာ ပြောပြနေတဲ့ သဘောပါ။ ဆေးပညာအရဆို cyanosis ( အောက်ဆီဂျင်လုံလောက်စွာ မရလို့ ပြာနှမ်းခြင်း ) လို့ခေါ်ပါတယ်။ ဒီလို အခြေအနေ သင့်ကလေးဆီမှာ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်ဖြစ်လို့ ဆေးခန်းဆေးရုံသာ မြန်မြန်ပြေးပါတော့။
( ၂ ) အသက်ကို ရှိုက်ရှူနေရတာ ။ ။
ကလေးတိုင်းရဲ့ အသက်ရှူနှုန်းကတော့ မြန်နေတတ်တယ်ဆိုပေမယ့် ရှိသင့်တဲ့ ပမာဏထက်ပိုပြီး ရင်ဘတ်ကြွက်သားတွေကို အားယူ နှာခေါင်းလေးပွချီရှုံ့ချီ ရှိုက်ရှူနေရပြီဆိုရင်တော့ သင့်ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှာတစ်ခုခု ဖြစ်နေပါပြီ။ ဒီအတိုင်းပေါ့ဆနေလိုက်မယ်ဆိုရင် သင့်ကလေး အသက်ရှူရခက်ပြီး အောက်ဆီဂျင်ပြတ်သွားတတ်ပါတယ်။
( ၃ ) မွေးကင်းစကလေး အဖျားကြီးပြီး ကိုယ်ပူချိန် ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ( ဒါမှမဟုတ်) ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်တဲ့အခါ
သင့်ကလေးက အသက်၃ လအောက်လေးပဲရှိသေးတယ် ကိုယ်တွေပူချစ်နေပြီး တိုင်းလိုက်တဲ့အခါ စအိုတွင်းအပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ကျော်နေပြီဆိုရင်တော့ ကလေးဆရာဝန်ဆီသာ မြန်မြန်ပေးပါတော့။ မွေးကင်းစကလေးတစ်ယောက်မှာ အဖျားကြီးခြင်းကိုဖြစ်စေတဲ ့အကြောင်းအရာတွေကများလွန်းပါတယ်။ ရိုးရိုးတုပ်ကွေး အအေးမိတာကနေ အပြင်းထန်ဆုံးဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်တာ စတဲ့ ဘာမဆိုဖြစ်နိုင်တာကြောင့် ကလေးတွေ အပြင်းဖျားရင် မေမေတို့ဘက်က သေချာ ဂရုစိုက်ပေးဖို့လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။