backup og meta

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၁)

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၁)

ကလေးမွေးပြီးရင် သင်ဟာ စိတ်ရှုပ်ထွေးဖွယ် ကိုယ်ဝန်ဆောင်ကာလကို ကျော်လွှားနိုင်တာမို့ ကျေးဇူးတင်နေမှာပါ။ သင်နဲ့ သင့်ကလေး အတူတကွ ဖြတ်သန်းရမယ့် နောင်နှစ်ပေါင်းများစွာကို စောင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ အရာရာဟာ ထင်ရသလို မရိုးစင်းဘူးဆိုတာ သိထားသင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ပြဿနာ အဟောင်းတွေ မရှိတော့ပေမယ့် ပြဿနာ အသစ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိခင် အသစ်တစ်ယောက်အနေနဲ့ ပထမ ရက်သတ္တပတ်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။

မွေးကင်းစ ကလေးကို အစာကျွေးခြင်း

မွေးကင်းစ ကလေးတွေရဲ့ စစချင်း ရက်တွေမှာ ကလေးငယ်ဟာ မွေးကင်းစ အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်း လျော့သွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နောက်နှစ်ပတ်ကြာတဲ့အခါ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်အောင် မိခင်က ကူညီပေးဖို့ အရေးကြီးပါတယ်။ မိခင်အားလုံးဟာ တစ်နေ့ကို နှစ်နာရီလောက် ခြားပြီး မိနစ် ၂၀-၃၀ ခန့် မိခင်နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ အစာစားချိန်မှာ အိပ်ပျော်နေတယ်ဆိုရင် သူတို့ရဲ့ နောက်ကျောကို ပွတ်ပေးခြင်း၊ အနှီးဖြည်ခြင်းနဲ့ စကားပြောခြင်းအားဖြင့် နှိုးနိုင်ပါတယ်။ ကလေးငယ် အတော်များများကို တစ်နေ့မှာ ရှစ်ကြိမ်လောက် နို့ချိုတိုက်ကျွေးသင့်ပေမယ့် အချို့ကတော့ သူတို့ကျေနပ်အောင် တစ်နေ့မှာ ၁၂ ကြိမ်အထိ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ်ရဲ့ ဆာလောင်မှုဟာ သူတို့စားသောက်ပုံနဲ့ တဖြည်းဖြည်း ရင်းနှီးလာနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ အဖြစ်များတဲ့ ဆာလောင်မှုလက္ခဏာတွေကတော့ ဆက်တိုက်ငိုခြင်း၊ လက်စုပ်ခြင်း၊ လျှာလျက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

မွေးကင်းစ ကလေးငယ်တွေရဲ့ အူလှုပ်ရှားမှုနဲ့ ဆီးသွားခြင်း

ဆီးသွားခြင်း

ကလေးငယ်တွေဟာ ၁ နာရီကနေ ၃ နာရီကြား (သို့) တစ်နေ့ကို ၄ ကြိမ်ကနေ ၆ ကြိမ်အထိ မကြာခဏ ဆီးသွားနိုင်ပါတယ်။ ကလေးတွေ ဖျားနေရင် (သို့) ရာသီဥတု လွန်စွာပူပြင်းရင် သူတို့ ဆီးပမာဏဟာ တစ်ဝက်အထိ ကျဆင်းနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ သေးခံ မှာ ပန်းရောင် အစွန်းတွေရှိခြင်းဟာ ဆီးအလွန်ပျစ်နေတာကို ပြသပြီး ရေဓါတ် လိုအပ်နေတာကို ညွှန်ပြခြင်း ဖြစ်ပါတယ်။ ကလေးဆီးသွားစဉ် သက်တောင့်သက်သာ မရှိခြင်း၊ ဆီးအတွင်း သွေးပါခြင်းတွေ ရှိခဲ့ရင် သင့်ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။

ဝမ်းသွားခြင်း

ကလေးငယ်တွေဟာ သူတို့မွေးပြီး ၁ ရက်၊ ၂ ရက်အတွင်းမှာပဲ ဝမ်းအမည်းတွေသွားတတ်ပါတယ်။ အမည်းရောင်တွေ ထွက်သွားအပြီးမှာ ကလေးသွားတဲ့ ဝမ်းတွေဟာ သူတို့ကို ကျွေးတဲ့ အစာပေါ်မူတည်ပြီး အဝါရောင်၊ အစိမ်းရောင်တွေ ရှိနိုင်ပါတယ်။ ဝမ်းသွားခြင်း သူတို့ရဲ့ အစာပေါ်မူတည်ပြီး တစ်ပတ်မှာ တစ်ခါကနေ တစ်နေ့မှာ အကြိမ်အနည်းငယ်အထိ ဖြစ်နိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဝမ်းသွားနှုန်း မမှန်မှုကို စိတ်ပူနေမယ့်အစား မိခင်တွေဟာ ဝမ်းရဲ့ အပျော့အမာ၊ အရောင် အစရှိတာတွေကို ကြည့်သင့်ပါတယ်။ မွေးကင်းစ ကလေးငယ်ရဲ့ ဝမ်းဟာ ပဲထောပတ်ထက် မမာသင့်ပဲ အကျိအချွဲတွေလည်း မပါသင့်ပါဘူး။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

First 24 hours at home with your baby

http://www.babycenter.com/newborn-baby Accessed December 30, 2016.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးဖွားလာမယ့် ကလေးအတွက် ကြိုပြင်ဆင်ထားသင့်တဲ့ အချက်(၁၀) ချက်

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement