ဒီကလေးတွေက ကြီးလာရင် metabolic syndromeလို့ခေါ်တဲ့ သွေးတိုးတာ၊ သွေးတွင်းသကြားဓာတ်များတာ၊ အဝလွန်တာ၊ သွေးတွင်းအဆီဓာတ်များတာ စတာတွေဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် အရွယ်မတိုင်ခင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်တတ်ပါတယ်။
ဘယ်လိုကာကွယ်လို့ရမလဲ။
ဖြစ်ရတဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် တချို့ဟာတွေက ကာကွယ်လို့ရတကို တွေ့ရမှာပါ။ ဥပမာပြောရရင်
- ကိုယ်ကအဝလွန်နေတယ်ဆိုရင် ကိုယ်ဝန်မယူခင်ကတတည်းက ဝိတ်လျှော့ဖို့ကြိုးစားပါ။
- ကိုယ်ဝန်သေချာအပ်ပါ။
- ကိုယ်ဝန်တစ်လျှောက်လုံးလည်း အလွန်အကျွံဝိတ်မတက်အောင်ထိန်းပါ။ ပိန်လွန်းရင်လည်း ကလေးကြီးထွားမှာမဟုတ်လို့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင်ထိန်းပါ။
- အရင်ကတည်းက ဆီးချိုရှိတယ်ဆိုရင် ကလေးမယူခင် သေချာထိန်းထားပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာထိန်းပါ။
- နေ့တိုင်း ကိုယ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။
ဘယ်လိုမွေးမှာလဲ။
ကလေးပေါင်ချိန်ကျော်နေလို့ ရိုးရိုးမမွေးရဘူးဆိုတာ မရှိပါဘူး။ ရိုးရိုးပဲဖြစ်ဖြစ် ခွဲပြီးပဲဖြစ်ဖြစ် မွေးလို့ရပါတယ်။ အရေးကြီးတာက ဆေးရုံမှာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ မွေးဖို့ပါပဲ။ မိခင်အခြေအနေ၊ ကလေးအခြေအနေပေါ်မူတည်ပြီး မွေးချင်တဲ့ နည်းလမ်း၊ မွေးသင့်တဲ့ နည်းလမ်းကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ နောက်ဆုံးမှာ အမေရော ကလေးရော ကျန်းမာဖို့က အဓိကပါပဲ။ မွေးပြီးသွားရင်လည်း ကလေးကို နောက်ဆက်တွဲရောဂါတွေမဖြစ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။