ပုံဆက်ရတဲ့ကစားနည်းတွေ
တစ်နှစ်ပတ်လည်အရွယ်ရောက်ရင် ပုံဆက်ကစားနည်းတွေပေးကစားတာက ကလေးရဲ့မျက်စိနဲ့ လက်လှုပ်ရှားမှု ကြွက်သားဖွံ့ဖြိုးစေတယ်၊ပြဿနာဖြေရှင်းနိုင်စွမ်းရှိလာပြီး ဉာဏ်စွမ်းရည်တိုးတက်လာစေပါတယ်။ သူတို့သိထားလောက်တဲ့အရုပ်လေးတွေ(ကြောင်လေး၊ ယုန်လေးတွေ)ရဲ့ပုံပါတဲ့ အရုပ်ဆက်ကစားစရာတွေဆို မှတ်မိနေလောက်တာကြောင့် စိတ်ဝင်တစား လွတ်လွတ်လပ်လပ်ကစားခွင့်ပေးထားပါ။ မိဘကဘေးကမပြပေးဘဲ ကိုယ်တိုင်ပဟေဠိဆက်နိုင်တဲ့ကလေးတွေရှိပါတယ်။
အဝတ်အစားဆင်ပေးရတဲ့ကစားစရာအရုပ်တွေ
ဒါကတော့ သမီးမိန်းကလေးတွေအတွက်ပိုအဆင်ပြေပါတယ်။ အရုပ်မလေးတွေကို အဝတ်အစားအမျိုးမျိုးလဲပေး၊ ဆင်ပေးပြီး အရုပ်လေးတွေနဲ့ဇာတ်လမ်းလုပ်ကစားနေတာမျိုးက ကလေးရဲ့တီထွင်ဖန်တီးမှုဉာဏ်ကို အစပျိုးပေးနိုင်ပါတယ်။
အရုပ်ဆက်ကစားစရာတွေ
အိမ်ဆောက်တဲ့ ပလတ်စတစ်အရုပ်ဆက်ပစ္စည်းတွေ၊ စက်ရုပ်တည်ဆောက်တာ၊ တိရစ္ဆာန်အကောင်လေးတွေ၊လူရုပ်လေးတွေနဲ့အတူ ပန်းခြံ သို့မဟုတ် အဆောက်အအုံတည်ဆောက်တာမျိုး ကိုယ်ဉာဏ်ရှိသလို ဆက်လို့ရတဲ့ ကစားစရာတွေက တကယ်ကိုကောင်းပါတယ်။ သူငယ်ချင်းအဖော်ရှိရှိ မရှိရှိ ကလေးက စိတ်ဝင်တစားဆော့နေရင်း ဉာဏ်ရည်သွေးသလို ဖြစ်စေမှာသေချာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။