ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်အရွယ်မှာ သားသားမီးမီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေက ဘယ်လိုများ ဖွံ့ဖြိုးလာမှာလဲ။ ဘယ်လိုတွေ ဂရုစိုက် ပျိုးထောင်ပေးဖို့လိုမလဲဆိုတဲ့အချက်လေးတွေကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် ဆိုတာက အသက် ၁၀ နှစ် ကနေ ၁၉ နှစ်ကြားကို ဆိုလိုတာပါ။ ဒီအရွယ်မှာ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွေ ရှိလာပါပြီ။ ဒီဆယ်ကျော်သက်အရွယ်မှာ ကလေးတွေရဲ့ တွေးတောမှုပုံစံတွေ၊ ခံစားမှုတွေ၊ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြုမူပုံတွေ ပြောင်းလဲလာပါပြီ။ ခန္ဓာကိုယ်ကလည်း လုံလောက်အောင် ကြီးထွားလာပါပြီ။ ဒီကာလမှာ သမီးတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာပြီ ဖြစ်သလို အပျိုဖော်လည်း ဝင်ပါပြီ။ ယောက်ျားလေးတွေဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးနေပါပြီ။ ဆယ်ကျော်သက်အရွယ်မှာ သားသားမီးမီးတွေ ဘယ်လို ဖွံ့ဖြိုးလာတာလဲ။ ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့် တွေကို လေ့လာလိုက်ရအောင်နော်။ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ ဘာတွေ ဖွံ့ဖြိုးလာမလဲ ဒီကာလမှာ ကလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက တိုးတက်လာပြီ ဖြစ်ပါတယ်။ အိုင်ဒီယာတွေကို တိုတိုကျဉ်းကျဉ်းပြောရုံနဲ့ နားလည်တတ်ပါပြီ။ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို […]

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့် ကို ရှာဖွေမည်။

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ

အပျိုဖော်/လူပျိုဖော်ဝင်လာပြီဆိုရင် ယောက်ျားလေး တွေရော မိန်းကလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ခန္ဓါကိုယ်မှာဖွံ့ဖြိုးလာတာတွေက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အများစုက သိပ်မသိကြပါဘူး။ အောက်ပါဆောင်းပါးက မိန်းကလေးနဲ့ယောက်ျားလေးခန္ဓါကိုယ်မှာ ပျိုဖော်ဝင်ချိန်ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်။   ပျိုဖော်ဝင်ခြင်းအစ အသက် ၈ နှစ်နဲ့ ၁၃နှစ်ကြားအရွယ်မှာ ပျိုဖော်ဝင်ခြင်းစတင်ပါတယ်။ ပျိုဖော်ဝင်ပြောင်းလဲ လာတဲ့ကာလက နှစ်အနည်းငယ်ကြာနိုင်တဲ့အပြင် ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေမှာ ပျိုဖော်ဝင်စောနိုင်ပြီး အရမ်းပိန်တဲ့ ဒါမှမဟုတ် အားကစားလုပ်တဲ့မိန်းကလေးတွေမှာ နောက်ကျတတ် ပါတယ်။ သင်က အသက် ၁၂နှစ်ပြည့်ပြီးသူဖြစ်ပြီး ရင်သားဖွံ့ဖြိုးမှုလက္ခဏာရှိမလာရင်၊ ဒါမှမဟုတ် သင့်အသက် ၁၅နှစ်ပြည့်ပြီး ရာသီသွေးမပေါ်ဖူးသေးရင် ဆေးရုံသွားပြီး ရောဂါရှာဖွေ၊ဆေးစစ်ကာ အကြံဉာဏ် ရယူဖို့လိုပါတယ်။   မိန်းကလေးတွေမှာဖြစ်လာတဲ့အပြောင်းအလဲများ ခန္ဓါကိုယ်ဖွံ့ထွားလာပြီး တင်ပါးဆုံရိုးတွေ ပြန့်ကားလာပါလိမ့်မယ်။ မိန်းကလေးတွေက ကိုယ်အလေးချိန်တက်လာမှာဖြစ် ပြီး အထူးသဖြင့် တင်ပါးတဝိုက်မှာ ဖွံ့ဖြိုးလာပါမယ်။ ဒီအချက်မှာ ကိုယ်အလေးချိန်တိုးလာတာ မကောင်းဘူး လို့ မယူဆသင့်ပါဘူး။ တကယ်တော့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တစ်ယောက်အတွက် အာဟာရလိုအပ်ချက်များ

ကြီးကောင်ဝင်လာသော အချိန်တွင် ခန္ဓာကိုယ်၏ အရွယ်ရောက်ခြင်း၊ ကြီးထွားခြင်းတို့အတွက် ရုပ်ပိုင်းဆိုင်ရာ အဓိကပြောင်းလဲမှုများ ဖြစ်ပေါ်ပါသည်။ ထိုကဲ့သို့ကြီးထွားနေသော ဆယ်ကျော်သက်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး မျှတသောအစာစားခြင်းသည် အလွန်အရေးကြီးပါသည်။ ဆယ်ကျော်သက်အရွယ်များသည် မိမိစားသောက်ရမည့် အစားအသောက်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သော အရွယ်ရောက်ပြီဖြစ်သည့်အတွက် မှန်ကန်စွာကြီးထွားနိုင်ဖို့ အစားအသောက်ဆိုင်ရာ လိုအပ်ချက်များကို လေ့လာပြီး လိုက်လံလုပ်ဆောင်သင့်ပါတယ်။ အဓိကအရေးပါသော အာဟာရများကို အလေးပေးပါ။ အခြားအသက်အရွယ်များကဲ့သို့ပင် အာဟာရလိုအပ်ချက်များသည် များပြားသော်လည်း ကြီးကောင်ဝင်လာသော ဆယ်ကျော်သက် အရွယ်အတွက် ပိုလိုအပ်သောအာဟာရများမှာ သံဓာတ် သံဓာတ်သည် ခန္ဓာကိုယ်၏ ကြီးထွားလုပ်ဆောင်မှုများအတွက် အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်သည်။ သံဓာတ်သည် သွေးနီဥဆဲလ်များနှင့် ၎င်းတို့၏ ပရိုတင်းမော်လီကျူးများ (ဟေမိုဂလိုဘင်) ဖြစ်ပေါ်ခြင်းကို ကူညီပေးသည်။ သံဓာတ်သည် အဆုတ်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းကိုလည်း ကူညီပေးသည့်အပြင် ပရိုတင်းများ၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းကိုလည်း ကူညီပေးသည်။ သို့ဖြစ်၍ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုတာ သင့်ခန္ဓာကိုယ်က အရွယ်ရောက်တဲ့အဆင့်ကို ပြောင်းလဲရောက်ရှိလာတဲ့ အကူးအပြောင်းကာလဖြစ်ပါတယ်။ ဒီကာလက အသက် ၉ နှစ်နဲ့ ၁၇ နှစ်ကြားမှာ ဖြစ်လေ့ရှိပါတယ်။ မိန်းကလေးတွေကယောကျာ်းလေးတွေထက် အပျိုဖော်ဝင်ချိန်စောလေ့ရှိပါတယ်။ ၁) မိန်းကလေးများအပျိုဖော်ဝင်ခြင်း သင့်ခန္ဓာကိုယ်က အပျိုဖော်ဝင်ကာလအတွင်းမှာ မြန်ဆန်စွာပဲ စတင်ဖွံ့ဖြိုးလာပါတယ်။ သင့်ရဲ့ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ကအချိန်နဲ့အမျှ မသိမသာပြောင်းလဲလာပါလိမ့်မယ်။ သင့်ရဲ့ မအင်္ဂါစေ့နဲ့ မိန်းမအင်္ဂါဇာတ် (vulva) မှာလည်း ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ vulva တွေရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုကို သတိထားမိတာပုံမှန်ပါပဲ။ လူတစ်ဦးချင်းစီမှာ မတူညီမှုတွေရှိကြပါတယ်။ ဒါကြောင့် သိပ်မစိုးရိမ်ပါနဲ့။ သင့်ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေက သင့်မှာအရင်ကမပေါက်ခဲ့ဖူးတဲ့ နေရာတွေမှာတောင် ပိုပြီးထူထပ်စွာပေါက်လာပါလိမ့်မယ်။ ဥပမာ - ချိုင်းကြားနဲ့ လိင်အင်္ဂါတွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကအရင်ကထက် ပိုပြီးချွေးထွက်လာပါမယ်။ ဒါ့ကြောင့်ပဲချွေးနံ့ပိုပြင်းစေမှာဖြစ်ပါတယ်။ ဆန္ဒရှိရင် ချွေးနံ့ပျောက်ဆေးသုံးပြီးအနံ့အသက်တွေ လျော့အောင် လုပ်နိုင်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း