ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်အရွယ်မှာ ကြုံရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေကို ဒီကဏ္ဍလေးမှာ ဖတ်ရှုလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ကျုပ်သားက ဂေးနေတယ်

ကျုပ်သားက ဂေးနေတယ် ပွင့်လင်းလာတဲ့ ဒီဘက် ခေတ်ကြီးမှာ အတွေ့ရ အများဆုံး ပြဿနာပါ။ သားကို ချစ်တဲ့စိတ်က တစ်ဖက်၊ သားက LGBT ဖြစ်နေတာကို လက်မခံနိုင်တာက တစ်ဖက် နဲ့ ကိုယ့်စိတ်နဲ့ကိုယ် လွန်ဆွဲနေရတဲ့ မိဘတွေအတွက် ကိုယ့်သား/သမီးကသာ လိင်တူချစ်သူ ဖြစ်နေခဲ့ရင် ဘယ်လို ဖြေရှင်းရမယ် ဆိုတဲ့ အကြောင်း လိုရင်းတိုရှင်း အချက်လေးတွေနဲ့‌ ဖော်ပြပေးလိုက် ပါတယ်။ ကျုပ်သားက ဂေးနေတယ် ...... ဘယ်လို လုပ်ရမလဲ။ ပထမဆုံး အနေနဲ့တော့ လိင်တူချစ်တယ် ဆိုတာ သဘာဝပဲလို့ လက်ခံပေးလိုက်ပါ။ ရုပ်ရှင်တွေထဲကလို မိန်းကလေးတွေနဲ့ (လိင်ကွဲတွေနဲ့) တွေ့ပေးတာများရင် ပြန်ဖြောင့်သွားမလားလို့ မတွေးပါနဲ့။ ကွေးပြီးသားလူတွေက ပြန်ဖြောင့်ရိုးထုံးစံ မရှိပါဘူး။ ဒါကြောင့် သူကသာ တကယ် လိင်တူချစ်သူ ဖြစ်ပါတယ်ဆိုတာ သေချာခဲ့ရင် အတတ်နိုင်ဆုံး အမြင် […]

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

အကောင်းမြင်တတ်ခြင်းသည် ဆယ်ကျော်သက်များတွင်ဖြစ်သော စိတ်ဓါတ်ကျရောဂါကို ကာကွယ်ပေးနိုင်သည်

အကောင်းမြင်တတ်ခြင်းသည် အရွယ်ရောက်ပြီးသူတို့၏ ကျန်းမာရေးက်ု အထောက်အကူဖြစ်စေရုံသာမက ဆယ်ကျော်သက်များ၏ စိတ်ပိုင်းတိုင်ရာကျန်းမာရေးနှင့် အပြုအမူများကိုလည်း တိုးတက်စေသည်။ အကောင်းမြင်စိတ်များသောသူများသည် မူးယစ်ဆေးသုံးစွဲခြင်း နှင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်းတို့ဖြစ်နိုင်ချေနည်းစေပြီး စိတ်ကျရောဂါဖြစ်နိုင်ချေကို အင်မတန်နည်းစေကြောင်းတွေ့ရသည်။ အကောင်းမြင်စိတ်နည်းခြင်းနှင့် ဆက်နွယ်နေသော စိတ်ကျရောဂါများသည် မိန်းကလေးများတွင် ပိုဖြစ်သည်ကိုတွေ့ရသည်။ အကောင်းမြင်စိတ်အားနည်းသော ယောကျာ်းလေးများသည် မိန်းကလေးများနှင့် နှိုင်းစာလျှင် စိတ်ကျရောဂါဖြစ်နိုင်ချေ ထက်ဝက်ခန့်လျော့နည်းကြောင်းတွေ့ရသည်။   မိဘများအနေဖြင့် ဆယ်ကျော်သက်များကို ဘယ်လိုအားပေးနိုင်သလဲ။ မိဘများသ်ည ဆယ်ကျော်သက်များအား အကောင်းမြင်စိတ်ထားပါ။ အကောင်းဘက်ကနေကြည့်ပါ ထိုင်ပြောနေရုံသည် ထိရောက်စေသော နည်းမဟုတ်နိုင်ပါ။ ထိုသို့ပြုလုပ်မည့်အစား သင့်ကလေးကို နေ့စဉ်ကြုံတွေ့နေရသည့် ပဋိပက္ခများကို ကိုယ်တိုင်ကိုင်တွယ်စေခြင်းမျိုးကို ပြုလုပ်ကြည့်ပါ။ ပြသနာများဖြစ်လာပါက မိဘများအနေဖြင့် ကောင်းကွက်ဆိုးကွက်များကို သူတို့နားလည်လာအောင် သုံးသပ်ပြပါ။ ထို့နောက် တွေးခေါ်မျှော်မြင်တတ်လာအောင်းနှင့် သူများနေရာမှနေပြီး စဉ်းစားတတ်လာအောင် သင်ပေးပါ။ အားပေးပါ။   ဆယ်ကျော်သက်များကို အကောင်းမြင်စိတ်ဖြစ်လာအောင် ဘယ်လိုပြုလုပ်မလဲ။ အောက်ပါတို့သည် ဆယ်ကျော်သက်များကို အကောင်းမြင်စိတ်ဖြစ်လာအောင် ပြုလုပ်ရန် နည်းလမ်းအချို့ဖြစ်ပါသည်။   ကောင်းသောအဖြစ်အပျက်များကို မှတ်သားထားပါ။ နေ့တနေ့ပြီးဆုံးသွားချိန်တွင် သင်တနေ့တာပြုလုပ်ခဲ့သမျှ၊ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်အရွယ် သင့်ကလေးရဲ့ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ

ဒီခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုတွေဟာ အင်မတန်လွယ်ကူမြန်ဆန်ပြီး လူကြီးတွေအနေနဲ့ လိုက်မှီဖို့ မနည်းကြိုးစားနေရပါတယ်။ ဒါ့အပြင် လူတွေဟာ အင်တာနက်ပေါ်မှာ ဟုတ်တာတွေရော၊မဟုတ်တာတွေရောကို အလွယ်တကူ ပြောချင်တိုင်းပြောဆိုနေကြတဲ့အတွက် အမှန်တရားနဲ့ မုသားတို့အကြား အလွန်ပဲ ဝေခွဲရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လမ်းမှားရောက်သွားမလား၊ဝါးလုံးနင်းမိမလား၊ဝါးခြမ်းနင်းမိမလားဆိုတာကို တချိန်လုံးပူပန်နေရပါတယ်။ ဘယ်အရာမဆို အင်တာနက်ကနေ လွယ်ကူစွာ ရရှိနေတာကြောင့် မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေကို စိတ်မချတဲ့အတွက် သူတို့လေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်ဖို့ကလည်း အင်တာနက်နဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘတွေအတွက်က ခက်ခဲမှုတွေ ရှိနေပြန်ပါတယ်။   သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်သလား။ ဒါဟာ ယတိပြတ်ဖြေလို့မရတဲ့ မေးခွန်းပါ။ ဆယ်ကျော်သက်တွေဟာ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် နေချင်သူတွေဖြစ်ပြီး သူတို့ကို စောင့်ကြည့်တာ မကြိုက်ပါဘူး။ သူတို့အင်တာနက်အသုံးပြုတာကို စောင့်ကြည့်မယ့် ဆော့ဖ်ဝဲတွေ၊အက်ပလီကေးရှင်းတွေ ထည့်သွင်းပေးထားမယ်ဆိုရင် သူတို့ကို မယုံကြည်ဖူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှာဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ သင့်အကူအညီကို တကယ်တမ်း […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်တွေက သူတို့မိဘတွေကို ဘယ်လိုလှည့်စားတတ်သလဲ။ ဘာကြောင့်လဲ

သူတို့ယုံကြည်စေချင်တာကို ယုံကြည်ပေးဖို့၊ သူတို့လိုအပ်တာကို ပေးနိုင်ဖို့အတွက် သင်တို့ကို လှည့်စားဖို့ ကလေးတွေရဲ့ ကြီးပြင်းစပြုလာတဲ့စိတ်ထားတွေက သူတို့တွေကိုပြန်လည်သင်ကြားပေးနေပါတယ်။ သူတို့မှာ အဆူမခံရမယ့်နည်းလမ်းတွေရှိနေတတ်ပါတယ်။ သူတို့ သင့်ကိုလှည့်စားနေတာတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ သင့်ကလေးတွေနဲ့ သင့်ကြားက ဆက်ဆံရေးကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ။ သင့်ရဲ့ ဆယ်ကျော်သက်အရွယ် ကလေးက သင့်ကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လှည့်စားမလဲ။ မိဘတွေဟာ သားသမီးတွေအပေါ် ထိန်းချုပ်ထားတာတွေ ရှိတတ်ပါတယ်။ အချို့သော ကိစ္စရပ်တွေမှာ သူတို့လေးတွေဟာ မိဘတွေကို အနိုင်တိုက်ဖို့ ဒါမှမဟုတ် အလျှော့ပေးစေဖို့အတွက နည်းလမ်းလေးတွေသုံးလာတတ်ကြပါတယ်။ ဆယ်ကျော်သက်ကလေးတွေသုံးလေ့ရှိကြတဲ့ အသုံးများကြတဲ့ လှည့်ကွက်လေးတွေကတော့ မေတ္တာ မိဘတွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးမနေတတ်တဲ့ ကလေးတွေဟာ မိဘထံမှ ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့အခါ အမေနဲ့ အဖေရဲ့ နှလုံးသားကို အချစ်တွေပြရင်း၊ ကပ်ချွဲရင်း နဲ့ အရည်ပျော်အောင်လုပ်တတ်ကြပါတယ်။ ကလေးတွေနဲ့ သိပ်ပြီးမနီးကပ်တဲ့မိဘတွေကတော့ ဒီလှည့်ကွက်ထဲ အလွယ်တကူ ကျသွားတော့တာပါပဲ။ ဒေါသ တကယ်လို့ ကလေးတွေဟာ သူတို့မိဘတွေဆီက ငြင်းဆန်မှုတွေရခဲ့မယ်ဆိုရင် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား

မကြာသေးမီက လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ လိင်ပေါ်မူတည်ပြီး မတူညီတဲ့ ဒေါသအမျိုးအစား ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးရော မိန်းကလေးရောကတော့ သူတို့ရဲ့ လူမှုရေးဆိုင်ရာဒေါသထွက်တဲ့ အပြုအမူတွေအပေါ် တူညီစွာ အပြစ်မကင်းသလို ခံစားရတတ်ပါတယ်။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းတွေဟာ ဘာတွေလဲ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း နှစ်မျိုးရှိပြီး တိုက်ရိုက်ဒေါသကြီးခြင်းနဲ့ သွယ်ဝိုက်ဒေါသကြီးခြင်းတွေ ပါဝင်ပါတယ်။ တိုက်ရိုက်ဒေါသကြီးတဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ဒေါသကြီးတတ်ကြပါတယ်။ ဥပမာ ထုရိုက်ခြင်း၊ ပစ်ချခြင်း၊ အတင်းပြောခြင်းတွေ ပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းမှာတော့ ကလေးငယ်တွေဟာ လူတွေနဲ့ တိုက်ရိုက်ရန်ဖြစ်ခြင်း မရှိဘဲ သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပျက်စီးစေတာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာ သုတေသီတွေက တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သွယ်ဝိုက် ဒေါသကြီးတတ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းကို ယောက်ျားလေးနဲ့ မိန်းကလေးတွေ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

မိဘတွေက မိန်းကလေးတစ်ဦးကို အပျိုရည်နှင့် ပတ်သက်ပြီး ကြမ်းတမ်းစွာ ပြောဆိုမိသောအခါ

တချို့တွေက အပျိုရည်နဲ့ပတ်သက်ပြီး ပြောဆိုခြင်းကို သာမန် ဆူပူပြောဆိုခြင်းတစ်မျိုးလိုပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် အမှန်တော့ ဒါထက်ပိုပါတယ်။ မိန်းကလေးတစ်ဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦးကို သူမရဲ့လျှပ်ပေါ်လော်လီစွာ ပြောဆိုပြုမူနေထိုင်ခြင်းအပေါ် အပြစ်ရှိသလိုခံစားလာရအောင် သူမအပျိုရည်နဲ့ပတ်သက်ပြီး စော်ကားပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမြဲဗိုင်းကောင်းကျောက်ဖိနေရမယ်ဆိုတာ လူမှုအဖွဲ့အစည်းထဲမှာ ပုံသေသတ်မှတ်ထားတဲ့အရာတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ဦး လွတ်လပ်ပွင့်လင်းစွာ နေထိုင်ပြလိုက်ခြင်းဟာ အပျိုရည်မထိန်းသိမ်းသူ၊ အပျိုမစစ်သူလို့ အခေါ်ခံရမလို ဖြစ်လာပါတယ်။ ဘာကြောင့် ဒီလိုနေလာကြသလဲ အံ့သြစရာကောင်းလောက်အောင်ပဲ မိန်းမငယ်လေးတွေကို ထိုကဲ့သို့ပြုမူနေထိုင်လာစေတာဟာ လူကြီးတွေဖြစ်နေတာပါ။ စိတ်ပညာရှင်တချို့ဟာ ထိုကိစ္စအပေါ် စမ်းသပ်မှုများပြုလုပ်ကြည့်ခဲ့ပါတယ်။ အသက် ခြောက်နှစ်ကနေ ကိုးနှစ်အရွယ် မိန်းမငယ်လေး အယောက် ၆၀ ကိုစုပြီး သူတို့ကို အဝတ်အစားနှစ်မျိုးထဲက ရွေးချယ်ခိုင်းပါတယ်။ တစ်မျိုးကတော့ မြှူဆွယ်ဆွဲဆောင်မှု အားကောင်းသော အဝတ်အစားပုံစံဖြစ်ပြီး နောက်တစ်မျိုးကတော့ လုံခြုံသော အဝတ်အစားပုံစံဖြစ်ပါတယ်။ အများစုသော မိန်းမငယ်လေးတွေက မြှူဆွယ်မှုအားကောင်းသော အဝတ်အစားပုံစံကို […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာနဲ့ ပတ်သက်ပြီး မိဘတွေ ကိုယ့်သားသမီးကို အမှတ်မထင်သင်ပေးမိတဲ့အချက်လေးတွေ

ဘယ်မိဘကမှ ကိုယ့်သားသမီးကို မုဒိမ်းကျင့်တတ်အောင် သင်ပေးမှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ ကလေးတွေကို သူတပါးသားသမီးစော်ကားတတ်အောင်၊လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်အောင် သင်ပေးနေသလိုဖြစ်နေတတ်ပါတယ်။ မယုံဖူးဆိုရင် အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။   ယောက်ျားလေးတွေကို အရမ်းအလိုလိုက်တာ ဟုတ်ပါတယ်။ ယောက်ျားလေးတွေဟာ အဆော့မက်ပါတယ်၊သောင်းကျန်းပါတယ်။ ဒါပေမယ့် အဆော့မက်သောင်းကျန်းတာနဲ့ အကျင့်ပျက်ဆိုးသွမ်းတာကို မိဘအတော်များများက မခွဲခြားနိုင်တာ ခက်ပါတယ်။ ယောက်ျားလေးပဲ သောင်းကျန်းမှာပေါ့ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး အလိုလိုက်ဖန်များလာတဲ့အခါ ကလေးတွေရဲ့ စိတ်ထဲမှာ တခြားသူတွေ၊သူငယ်ချင်းတွေကို မခံသာအောင်စရတာ၊အနိုင်ကျင့်ရိုက်နှက်ရတာဟာ ဘာမှမဟုတ်ဖူး၊သူလုပ်ချင်သလို လုပ်ခွင့်ရှိတယ်လို့ ထင်သွားပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လူဆိုးလေးတွေဖြစ်လာပြီး စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တော့ဘဲ ရမ်းကားသောင်းကျန်းတာဟာ သူတို့ရဲ့ အမူအကျင့် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။   ဖက်တာနမ်းတာကို အတင်းခိုင်းတာ မိဘအတော်များများဟာ ကိုယ့်ကလေးကြိုက်လားမသိ၊မကြိုက်လားမသိဘဲ တခြားသူတွေ ဥပမာ အမျိုးတွေ၊သူငယ်ချင်းတွေကို အတင်းဖက်ခိုင်း၊နမ်းခိုင်းလေ့ ရှိကြပါတယ်။ ဒီလိုမျိုးတွေလုပ်တဲ့အခါ ကြာလာတော့ ကလေးတွေရဲ့ စိတ်ထဲမှာ ဖက်တယ်၊နမ်းတယ်ဆိုတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်