backup og meta

အကောင်းမြင်တတ်ခြင်းသည် ဆယ်ကျော်သက်များတွင်ဖြစ်သော စိတ်ဓါတ်ကျရောဂါကို ကာကွယ်ပေးနိုင်သည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 08/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းမြင်တတ်ခြင်းသည် ဆယ်ကျော်သက်များတွင်ဖြစ်သော စိတ်ဓါတ်ကျရောဂါကို ကာကွယ်ပေးနိုင်သည်

    အကောင်းမြင်တတ်ခြင်းသည် အရွယ်ရောက်ပြီးသူတို့၏ ကျန်းမာရေးက်ု အထောက်အကူဖြစ်စေရုံသာမက ဆယ်ကျော်သက်များ၏ စိတ်ပိုင်းတိုင်ရာကျန်းမာရေးနှင့် အပြုအမူများကိုလည်း တိုးတက်စေသည်။

    အကောင်းမြင်စိတ်များသောသူများသည် မူးယစ်ဆေးသုံးစွဲခြင်း နှင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်းတို့ဖြစ်နိုင်ချေနည်းစေပြီး စိတ်ကျရောဂါဖြစ်နိုင်ချေကို အင်မတန်နည်းစေကြောင်းတွေ့ရသည်။

    အကောင်းမြင်စိတ်နည်းခြင်းနှင့် ဆက်နွယ်နေသော စိတ်ကျရောဂါများသည် မိန်းကလေးများတွင် ပိုဖြစ်သည်ကိုတွေ့ရသည်။ အကောင်းမြင်စိတ်အားနည်းသော ယောကျာ်းလေးများသည် မိန်းကလေးများနှင့် နှိုင်းစာလျှင် စိတ်ကျရောဂါဖြစ်နိုင်ချေ ထက်ဝက်ခန့်လျော့နည်းကြောင်းတွေ့ရသည်။

    မိဘများအနေဖြင့် ဆယ်ကျော်သက်များကို ဘယ်လိုအားပေးနိုင်သလဲ။

    မိဘများသ်ည ဆယ်ကျော်သက်များအား အကောင်းမြင်စိတ်ထားပါ။ အကောင်းဘက်ကနေကြည့်ပါ ထိုင်ပြောနေရုံသည် ထိရောက်စေသော နည်းမဟုတ်နိုင်ပါ။ ထိုသို့ပြုလုပ်မည့်အစား

    သင့်ကလေးကို နေ့စဉ်ကြုံတွေ့နေရသည့် ပဋိပက္ခများကို ကိုယ်တိုင်ကိုင်တွယ်စေခြင်းမျိုးကို ပြုလုပ်ကြည့်ပါ။

    ပြသနာများဖြစ်လာပါက မိဘများအနေဖြင့် ကောင်းကွက်ဆိုးကွက်များကို သူတို့နားလည်လာအောင် သုံးသပ်ပြပါ။ ထို့နောက် တွေးခေါ်မျှော်မြင်တတ်လာအောင်းနှင့် သူများနေရာမှနေပြီး စဉ်းစားတတ်လာအောင် သင်ပေးပါ။ အားပေးပါ။

    ဆယ်ကျော်သက်များကို အကောင်းမြင်စိတ်ဖြစ်လာအောင် ဘယ်လိုပြုလုပ်မလဲ။

    အောက်ပါတို့သည် ဆယ်ကျော်သက်များကို အကောင်းမြင်စိတ်ဖြစ်လာအောင် ပြုလုပ်ရန် နည်းလမ်းအချို့ဖြစ်ပါသည်။

    ကောင်းသောအဖြစ်အပျက်များကို မှတ်သားထားပါ။

    နေ့တနေ့ပြီးဆုံးသွားချိန်တွင် သင်တနေ့တာပြုလုပ်ခဲ့သမျှ၊ မည်သည့်အရာများသည်သင့်အတွက် ကျေးဇူးတင်စရာကောင်းသလဲ တို့ကို ၁၀ မိနစ်ခန့်မျှ စဉ်းစားပါ။ ထို့နောက်သင့်ဖုန်း သို့မဟုတ် စာရွက်ပေါ်တွင် သင့်ကိုစိတ်ခွန်အားဖြစ်စေမည့်စာအချို့ကို ချရေးပါ။

    သင့်ဘဝတွင်ဖြစ်လာမည့်အရာများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဟု မိမိကိုယ်ကို ယုံကြည်ပါ။

    သင်အောင်မြင်အောင်လုပ်နိုင်ကြောင်းသင့်ကိုယ်သင်အားပေးစကားပြောတတ်သည့် အကျင့်ကို မွေးမြူပါ။ ဥပမာ- ငါစာကျက်လျှင် အမှတ်ကောင်းကောင်းရနိုင်တယ်၊ လုပ်အားပေးသွားလျှင့် သူငယ်ချင်းမိတ်ဆွေတိုးတာပေါ့ စသဖြင့် အကောင်းဘက်မှ တွေးပြီး အားယူပါ။

    အဆင်မပြေသော ကိစ္စများအတွက် သင့်ကိုယ်သင် အပြစ်မတင်ပါနှင့်။

    ကိစ္စအချို့သည် သင်မျှော်မှန်းသည့်အတိုင်းမဖြစ်လာသောအခါ သင့်စိတ်ထဲဘယ်လိုတွေးနေပါသလဲ။ ဥပမာ- သင်သည်သချာၤဘာသာတွင် အမှတ်နည်းသည် ဆိုပါစို့။

    ထိုသို့ဖြစ်ခြင်းကို ငါညံ့လို့ဖြစ်တာပါ ဟုတွေးနေမည့်အစား ငါစားမကြိုးစားလို့ဖြစ်တာ၊ ကြိုးစားရင်အမှတ်များမှာမို့ နောက်တခါဒီလို ထပ်မဖြစ်စေရဘူး စသဖြင့် တွေးသင့်ပါသည်။

    ကောင်းသောအရာများဖြစ်လာလျှင် သင့်ကိုယ်သင် ချီးမွမ်းလိုက်ပါ။

    သင်သည်ကောင်းမွန်သော ရလဒ်များရနိုင်အောင်ကြိုးစားခဲ့ပုံကို ပြန်မြင်ယောင်ပါ။ သင်အားယူပြီး ကြိုးစားခဲခြင်း၏ရလဒ်များနှင့် အောင်မြင်အောင် လုပ်ခဲ့ပုံများကို ကျေနပ်မှုရှိပါစေ။

    တိုးတက်မှုများသည် ပုံသေရပ်တန့်မသွားပါ။

    ကိစ္စများ အဆင်မပြေသည့်အခါ ပြီးသွားမှာပါ ဟုသင့်ကိုယ်သင် အားပေးပါ။

    ထို့နောက် အဆင်ပြေလာအောင် အစီအစဉ်များပြုလုပ်ပါ။ ဥပမာ သင်သည် SAT စာမေးပွဲတွင် ရလဒ်များ မကောင်းပါက ပြန်ကြိုးစားပြီး နောက်တခါထပ်ဖြေပါ။

    အခြားသူများက သူတို့အကြောင်းသူတို့ ဘယ်လိုပြောနေမလဲ အဖြေရှာပါ။

    သင့်သူငယ်ချင်းများနဲ့ မိသားစုဝင်များသည် အကောင်းမြင်တတ်သလား အဆိုးမြင်တတ်ပါသလား။

    ဥပမာ သင့်အဖေက ငါပေါင်မုန့်ကင်လိုက်တာတူးသွားတယ်ကွာ…ငါဟာအလွန်ညံ့တဲ့ စားဖိုမှုးပဲ..လို့ပြောတတ်ပါသလား။ သို့မဟုတ် ငါပေါင်မုန့်လုပ်နေတုန်း အိမ်နောက်ဘက်မှာ ခွေးက ရှဉ့်ကိုလိုက်ကိုက်နေတာမြင်တော့ အာရုံလွတ်သွားပြီး ပေါင်မုန့် တူးသွားတယ်.. ဟုပြောတတ်သလား။ တွေးကြည့်ပါ။

    ဆယ်ကျော်သက်များသည် အကောင်းမြင်စိတ်ထားတတ်ရန် လေ့လာသင်ကူနိုင်ပါသည်။ သို့သော် အချိန်အနည်းငယ် ယူပြီးလေ့လာရမည်ဖြစ်သည်။ ထို့ကြောင့် မျှော်လင့်ချက်မဲ့မသွားပါနှင့်။

    သင်သည် သင့်ကိုယ်သင်အကောင်းမြင်စိတ်မွေးရန် စိတ်ထဲမှာအမြဲ ခံယူထားပြီး သင့်ကိုယ်သင် လေ့ကျင့်ယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 08/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement