backup og meta

ဆယ်ကျော်သက်တွေက သူတို့မိဘတွေကို ဘယ်လိုလှည့်စားတတ်သလဲ။ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တွေက သူတို့မိဘတွေကို ဘယ်လိုလှည့်စားတတ်သလဲ။ ဘာကြောင့်လဲ

    သူတို့ယုံကြည်စေချင်တာကို ယုံကြည်ပေးဖို့၊ သူတို့လိုအပ်တာကို ပေးနိုင်ဖို့အတွက် သင်တို့ကို လှည့်စားဖို့ ကလေးတွေရဲ့ ကြီးပြင်းစပြုလာတဲ့စိတ်ထားတွေက သူတို့တွေကိုပြန်လည်သင်ကြားပေးနေပါတယ်။

    သူတို့မှာ အဆူမခံရမယ့်နည်းလမ်းတွေရှိနေတတ်ပါတယ်။ သူတို့ သင့်ကိုလှည့်စားနေတာတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ သင့်ကလေးတွေနဲ့ သင့်ကြားက ဆက်ဆံရေးကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ။

    သင့်ရဲ့ ဆယ်ကျော်သက်အရွယ် ကလေးက သင့်ကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လှည့်စားမလဲ။

    မိဘတွေဟာ သားသမီးတွေအပေါ် ထိန်းချုပ်ထားတာတွေ ရှိတတ်ပါတယ်။ အချို့သော ကိစ္စရပ်တွေမှာ သူတို့လေးတွေဟာ မိဘတွေကို အနိုင်တိုက်ဖို့ ဒါမှမဟုတ် အလျှော့ပေးစေဖို့အတွက နည်းလမ်းလေးတွေသုံးလာတတ်ကြပါတယ်။

    ဆယ်ကျော်သက်ကလေးတွေသုံးလေ့ရှိကြတဲ့ အသုံးများကြတဲ့ လှည့်ကွက်လေးတွေကတော့

    မေတ္တာ

    မိဘတွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးမနေတတ်တဲ့ ကလေးတွေဟာ မိဘထံမှ ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့အခါ အမေနဲ့ အဖေရဲ့ နှလုံးသားကို အချစ်တွေပြရင်း၊ ကပ်ချွဲရင်း နဲ့ အရည်ပျော်အောင်လုပ်တတ်ကြပါတယ်။ ကလေးတွေနဲ့ သိပ်ပြီးမနီးကပ်တဲ့မိဘတွေကတော့ ဒီလှည့်ကွက်ထဲ အလွယ်တကူ ကျသွားတော့တာပါပဲ။

    ဒေါသ

    တကယ်လို့ ကလေးတွေဟာ သူတို့မိဘတွေဆီက ငြင်းဆန်မှုတွေရခဲ့မယ်ဆိုရင် သူတို့ရဲ့ခံစားချက်တွေကို အလဲထိုးခံရသလို ဒါမှမဟုတ် ဒဏ်ရာရသလိုဖော်ပြကြပါတယ်။

    ဒါတင်မကသေးပါဘူး။ သူတို့မိဘတွေက ငါတို့လုပ်လိုက်တာ ကလေးအပေါ် အတော်လွန်သွားပြီလားလို့ ခံစားရသည်ထိ လုပ်တတ်ကြပါသေးတယ်။

    ယိုးစွပ်ခြင်း

    ကလေးတွေအပေါ် အလိုလိုက်လေ့ရှိတဲ့မိဘတွေဟာလည်း ဒါကိုပဲ အခွင့်ကောင်းယူခံရလေ့ရှိပါတယ်။ ကလေးတွေဟာ သူတို့လိုတာမရတဲ့အခါ မိဘတွေရဲ့ ဒီပျော့ကွက်ကို နင်းတတ်ကြပါတယ်။ ကလေးတွေက သူတို့ကို စိမ်းကားသွားမှာကြောက်တဲ့ မိဘတွေဟာ သူတို့လိုတာကို အလွယ်တကူ ပေးလိုက်ကြတာပါပဲ။

    ထိခိုက်ခံစားခြင်း

    ဒါကတော့ အပြစ်မြင်ခံရမှာကြောက်တဲ့ မိဘတွေအတွက်ပါပဲ။ ကလေးတွေဟာ နာကျင်သယောင်၊ ဝမ်းနည်းသယောင် ဒါမှမဟုတ် စိတ်မချမ်းမြေ့သယောင်လုပ်ပြီး မိဘတွေကို အပြစ်ရှိတယ်လို့ ခံစားရစေပါတယ်။

    အကူအညီမဲ့ခြင်း

    သနားတတ်တဲ့မိဘတွေအတွက်တော့ ဒီဆယ်ကျော်သက်လေးတွေဟာ မျှော်လင့်ချက်မရှိတော့သယောင်၊ လက်လျှော့အရှုံးပေးလိုက်သယောင် ဟန်ဆောင်တတ်ပြီး သူတို့အတွက် စိတ်မကောင်းဖြစ်အောင် ဖန်တီးယူကြပါတယ်။

    လျစ်လျူရှုခြင်း

    ကလေးတွေ စိမ်းကားမှာကို ကြောက်တဲ့ မိခင်တွေ ဒါမှမဟုတ် ဖခင်တွေဟာ ကလေးတွေရဲ့ အရူးလုပ်ခြင်းကို အတော်လေးခံရပါတယ်။ ဆယ်ကျော်သက်တွေဟာ သူတို့နဲ့ မိဘတွေကြားမှာ ဘာခံစားချက်မှမရှိတော့သလို ဒါမှမဟုတ် မိဘတွေက သူတို့အတွက် ဘာမှမဟုတ်တော့သလို သရုပ်ဆောင်တတ်ကြပါသေးတယ်။

    ပေါက်ကွဲခြင်း

    ဆယ်ကျော်သက်တွေက သူတို့စိတ်တွေထိန်းချုပ်မရတော့သလိုမျိုး ဒါမှမဟုတ် စိတ်မတည်မငြိမ်ဖြစ်နေတဲ့ လက္ခဏာမျိုးတွေပြတာမျိုး သရုပ်ဆောင်တတ်ပြီး ဒီအခါမှ သူတို့မိဘတွေဟာ သူတို့နား အမြဲသတိထားလာလို့ သူတို့ပေးတဲ့အမိန့်အတိုင်းလိုက်ပြီးဆောင်ရွက်ကြအောင်လည်း လုပ်တတ်ကြပါသေးတယ်။

    အချို့သော ကိစ္စရပ်တွေမှာတော့ အန္တရာယ်များတဲ့ အရာတွေကိုတောင် စပြီး လုပ်ဆောင်တတ်ကြပါသေးတယ်။

    သင်ဘာလုပ်သင့်သလဲ။

    ဒီလို လှည့်စားမှုတွေကို ရပ်တန့်ပစ်ဖို့ မိဘတွေဟာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဆုံးဖြတ်ချက် ခိုင်မာဖို့လိုပါတယ်။ ဆိုလိုတာက ဒီလှည့်ကွက်တွေအတိုင်း လိုက်ပါစီးမျောနေတာမျိုးမဟုတ်ဘဲ ငြင်းဆန်နိုင်ဖို့ပါ။

    သင်က သူတို့ရဲ့ အပြုအမူတွေအားလုံးကို သိနေပြီးသားမဟုတ်လား။ ဒါဆိုရင် သူတို့အပေါ်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပျော့ပျောင်းမသွားဖို့ အလျော့မပေးဖို့လိုပါတယ်။ ဒါမှ သူတို့ရဲ့ လှည့်ကွက်တွေ ရပ်သွားမှာပါ။

    သင်က သူတို့သင့်အပေါ်မှာ မုန်းနေမှာတွေ၊ စိမ်းကားသွားမှာတွေကို စိုးရိမ်နေစရာမလိုတဲ့အပြင် ဒီခံစားချက်တွေက သင့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်း အလွှမ်းမိုးခံလိုက်လို့ မဖြစ်ပါဘူး။ မိသားစုဆရာဝန်ဖြစ်တဲ့ David Swanson ကတော့ ကလေးတွေရဲ့ လှည့်ကွက်ထဲမဝင်တဲ့ မိဘတွေဟာ သွေးအေးတာမဟုတ်ပါဘူး။

    ဒါပေမယ့် ဘာက မှန်ကန်တယ်၊ ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်အရာက ပိုပြီးသင့်လျော်မယ် ကောင်းမယ်ဆိုတာကို သေချာနားလည်သဘောပေါက်ပြီး တာဝန်အပြည့်ယူနိုင်ကြတဲ့ အသိစိတ်ရှိသူတွေပါလို့ ဆိုပါတယ်။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement