backup og meta

ဆယ်ကျော်သက်အရွယ် သင့်ကလေးရဲ့ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ် သင့်ကလေးရဲ့ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ

    ဒီခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုတွေဟာ အင်မတန်လွယ်ကူမြန်ဆန်ပြီး လူကြီးတွေအနေနဲ့ လိုက်မှီဖို့ မနည်းကြိုးစားနေရပါတယ်။ ဒါ့အပြင် လူတွေဟာ အင်တာနက်ပေါ်မှာ ဟုတ်တာတွေရော၊မဟုတ်တာတွေရောကို အလွယ်တကူ ပြောချင်တိုင်းပြောဆိုနေကြတဲ့အတွက် အမှန်တရားနဲ့ မုသားတို့အကြား အလွန်ပဲ ဝေခွဲရခက်စေပါတယ်။

    ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လမ်းမှားရောက်သွားမလား၊ဝါးလုံးနင်းမိမလား၊ဝါးခြမ်းနင်းမိမလားဆိုတာကို တချိန်လုံးပူပန်နေရပါတယ်။

    ဘယ်အရာမဆို အင်တာနက်ကနေ လွယ်ကူစွာ ရရှိနေတာကြောင့် မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေကို စိတ်မချတဲ့အတွက် သူတို့လေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်ဖို့ကလည်း အင်တာနက်နဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘတွေအတွက်က ခက်ခဲမှုတွေ ရှိနေပြန်ပါတယ်။

    သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်သလား။

    ဒါဟာ ယတိပြတ်ဖြေလို့မရတဲ့ မေးခွန်းပါ။ ဆယ်ကျော်သက်တွေဟာ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် နေချင်သူတွေဖြစ်ပြီး သူတို့ကို စောင့်ကြည့်တာ မကြိုက်ပါဘူး။

    သူတို့အင်တာနက်အသုံးပြုတာကို စောင့်ကြည့်မယ့် ဆော့ဖ်ဝဲတွေ၊အက်ပလီကေးရှင်းတွေ ထည့်သွင်းပေးထားမယ်ဆိုရင် သူတို့ကို မယုံကြည်ဖူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှာဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ သင့်အကူအညီကို တကယ်တမ်း လိုအပ်တဲ့ အနေအထားမျိုးတွေမှာတောင် သင့်ကို အသိပေးမှာ၊အရေးတယူပြုမှာ မဟုတ်တော့ပါဘူး။

    ဒါကြောင့် မိဘတွေအနေနဲ့ တချိန်လုံးစောင့်ကြည့်မယ့်အစား အခါအားလျော်စွာ စစ်ဆေးတာမျိုး လုပ်ပေးမှသာလျင် အင်တာနက်ကတဆင့် မတော်တလျော်တွေဖြစ်တာ၊လူလိမ်လူညာတွေနဲ့ တွေ့တာ ဒါမှမဟုတ် စိတ်ကျဝေဒနာ ခံစားရပြီး သတ်သေတာမျိုးတွေကို တားဆီးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ။

    လူသုံးအများဆုံး အင်တာနက် browser သုံးမျိုးအတွက် လမ်းညွှန်ချက်တွေကို အောက်မှာဖော်ပြထားပါတယ်။ တကယ်လို့ သင့်ကလေးအနေနဲ့ မတူညီတဲ့ browser ကို အသုံးပြုတယ်ဆိုရင် အဆိုပါ ပရိုဂရမ်ရဲ့ အွန်လိုင်းအကူအညီ စာမျက်နှာဆီ သွားရောက်ပြီး “Browser History” ကို ရှာဖွေကြည့်နိုင်ပါတယ်။

    Internet Explorer အတွက် Favorites ဆိုတဲ့ menu ကိုရွေးချယ်ပြီး History (အသုံးပြုမှုမှတ်တမ်း)ကို ဆက်လက်ရွေးချယ်လိုက်မယ်ဆိုရင် အကြည့်အများဆုံး၊အသုံးပြုမှုအများဆုံး ဝဘ်ဆိုက်တွေ နဲ့ ရက်စွဲတွေကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

    Safari အတွက် History menu ကို ရွေးချယ်ပြီး Show All History ကို ဆက်လက်ရွေးချယ်ပါ။ ဒီထက် ပိုပြီးအရှေ့ကျတဲ့ အသုံးပြုမှုမှတ်တမ်းတွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Safari menu ကို ရွေးပြီး select Preferences အကွက်ကို နှိပ်ပါ။

    General preferences မှာ Remove History Items ကို ရှာဖွေပြီး သင်စစ်ဆေးလိုတဲ့ အချိန်ကာလကို သတ်မှတ်ရွေးချယ်ပါ။

    Firefox အတွက် History menu ကို ရွေးချယ်ပြီး Show All History ကို ဆက်လက်ရွေးချယ်ပါ။

    မိဘတွေအနေနဲ့ ကလေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို နောက်ယောင်ခံစောင့်ကြည့်ပေးနိုင်မယ့် လုပ်ဆောင်မှုတွေဟာ အချို့သော ဆော့ဖ်ဝဲပရိုဂရမ်တွေမှာ ပါရှိပါတယ်။SafetyWeb နဲ့SocialShield တို့လို ပရိုဂရမ်တွေဟာ သင့်ကလေး လူမှုကွန်ယက်တွေ သုံးစွဲတဲ့အခါ အန္တရာယ်ရှိတဲ့ အသုံးပြုမှုတွေ (ရုန့်ရင်းကြမ်းတမ်းတဲ့ ဘာသာစကားတွေ၊မတော်တလျော် ဓါတ်ပုံတွေ၊ဗွီဒီယိုတွေ စသဖြင့်) ပြုလုပ်နေပြီဆိုရင် မိဘတွေဆီ သတိပေးစာပို့ပေးနိုင်ပါတယ်။

    စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုလေ့ရှိတဲ့ စောင့်ကြည့်ရေး အက်ပလီကေးရှင်းတွေက

    Moment(iOS မှာပဲ ရရှိနိုင်ပါမယ်)

    Momentဟာ မိသားစုဝင်တယောက်ချင်း အိုင်ဖုန်းနဲ့ အိုင်ပတ်ဒ်တွေ အသုံးပြုတဲ့ ကြာချိန်ပမာဏကို စောင့်ကြည့်နိုင်တဲ့အတွက် မိဘတွေ အနေနဲ့ ကလေးတွေ ဖုန်း/တက်ဘလက် အသုံးပြုချိန်ကို ကြိုတင်ကန့်သတ်ထားနိုင်သလို တချို့အချိန်တွေ (ကလေးတွေကို အသုံးမပြုစေချင်တဲ့ အချိန်တွေ)မှာ ဖုန်း/တက်ဘလက်တွေကို လော့ခ်ချထားလို့ ရနိုင်ပါမယ်။

    My Mobile Watchdog[iOS နဲ့Android နှစ်မျိုးလုံးမှာ ရရှိနိုင်ပါတယ်]

    မိဘတွေဟာ My Mobile Watchdog ရဲ့ အကူအညီနဲ့ ကလေးတွေဖုန်းထဲက စာတို(မက်ဆေ့ခ်ျ)တွေကို ဝင်ရောက်ဖတ်ရှုနိုင်ပြီး အချို့သော (သင်ရွေးချယ်ထားတဲ့) အက်ပလီကေးရှင်းတွေကို အသုံးပြုလို့မရအောင် ပိတ်ဆို့ကန့်သတ်ထားနိုင်သလို အသုံးပြုနိုင်တဲ့ အချိန်ကာလကိုလည်း လိုသလို သတ်မှတ်ထားနိုင်ပါတယ်။

    ဒီအက်ပလီကေးရှင်းလေးဟာ သင့်ကလေးရောက်ရှိနေတဲ့ နေရာကိုလည်း GPS မှတဆင့်ပြပေးဦးမှာ ဖြစ်ပါတယ်။ မသင့်လျော်တဲ့ အချက်အလက်တွေကို သင့်ကလေးရဲ့ မိုဘိုင်းလ်ဖုန်းထဲကနေ လက်ခံမယ် ဒါမှမဟုတ် ဖုန်းထဲက ပို့လိုက်မယ်ဆိုရင် သင့်ဆီကို အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။

    Teen Safe [iOS နဲ့Android နှစ်မျိုးလုံးမှာ ရရှိနိုင်ပါတယ်]

    ဒီအက်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် Facebook နဲ့Instagram မှာ ကလေးတွေ ဘာသုံးစွဲသလဲဆိုတာကို စောင့်ကြည့်အကဲခတ်နိုင်ပါမယ်။ ဒါတင်မက စာတို(text message) ပေးပို့မှု၊တည်နေရာပြ အချက်အလက်တွေ၊ဖုန်းအဝင်အထွက်တွေ နဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်းတွေကိုပါ စစ်ဆေးနိုင်ပါလိမ့်မယ်။

    အက်ပလီကေးရှင်းရဲ့ ပင်မမျက်နှာစာ (dashboard)ကို ကြည့်လိုက်ရုံပါပဲ။ အိုင်ဖုန်းတွေမှာဆိုရင် အက်ပလီကေးရှင်းကို ကလေးတွေ မမြင်အောင် ဝှက်ထားလို့တောင် ရပါသေးတယ်။

    Net Sanity (iOS မှာပဲ ရရှိနိုင်ပါမယ်)

    Net Sanity ဟာ အင်တာနက်အသုံးပြုမှုကို အချိန်ကာလအပိုင်းအခြားနဲ့ ပိတ်ထား၊ကန့်သတ်ထားနိုင်ခြင်း (ဥပမာ ညအိပ်ချိန်မှာ အွန်လိုင်းလုံးဝသုံးလို့မရအောင် လုပ်ထားတာ စသဖြင့်)၊ပိတ်ထားချင်တဲ့ ဝဘ်ဆိုက်တွေ နဲ့ အက်ပလီကေးရှင်းတွေကို ပိတ်ထားနိုင်ခြင်း စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

    ဒါ့အပြင် အက်ပလီကေးရှင်းတွေအားလုံးမှာ အသုံးမပြုစေချင်တဲ့ အရာတွေကိုပါ သတ်မှတ်ပြီး ကန့်သတ်ထားနိုင်ပါသေးတယ်။ သင့်အနေနဲ့ ဘယ် browser ကို မဆို အသုံးပြုပြီး (ဖုန်း ဒါမှမဟုတ် ကွန်ပြူတာကနေ) သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်နိုင်ပါတယ်။

    သင့်အနေနဲ့ သတိထားသင့်တဲ့အချက်က ကလေးတွေဟာ သူတို့စောင့်ကြည့်ခံနေရကြောင်းကို သိသွားနိုင်ပါတယ်။ ဒါ့အပြင် သင်နဲ့ သင့်ကလေးတို့ကြားမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံနိုင်တဲ့ အခြေအနေတခုကို ဖွင့်ပေးမထားဖူးဆိုရင် အင်တာနက်ကို လုံခြုံစိတ်ချပြီး အကျိုးရှိအောင် ဘယ်လိုသုံးစွဲရမလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သူတို့လေးတွေကို သင်ကူညီနိုင်တော့မှာ မဟုတ်ပါဘူး။

    ဘယ်လိုနည်းပညာ အသစ်အဆန်းတွေပဲ ဆက်လက်ထွက်ပေါ်လာသည်ဖြစ်စေ ဒီအရည်အချင်းဟာ အရေးပါတဲ့ ကဏ္ဍမှာ အမြဲရှိနေမှာ အမှန်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement