(၂) ဓါတ်မတည့်မှုအန္တရာယ်
မုယောစပါးအခြေခံတဲ့ထုတ်ကုန်တွေဟာ အညှောက်ဖောက်ခြင်းလုပ်ငန်းစဉ်အဆင့်ကိုကျော်ဖြတ်ပြီးထုတ်လုပ်ရတာဖြစ်ပါတယ်။ မုယာစပါးမှာရှိတဲ့ ကစီဓါတ်ကိုသကြားဓါတ်အဖြစ်ပြောင်းလဲနိုင်ဖို့ အင်ဇိုင်းတွေထုတ်ပေးတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေရှိလာနိုင်ပါတယ်။
ကလေးဆိုတာ ဓါတ်မတည့်မှုဖြစ်လွယ်ပြီး ထိခိုက်လွယ်တဲ့အရွယ်မို့ ပိုဂရုစိုက်ရပါတယ်။ လူကြီးတွေမှာတည့်နေပေမယ့် သူတို့မှာဓါတ်မတည့်တာမျိုး ဖြစ်ရင်ဖြစ်နေနိုင်တယ်လေ။ ဒါဆို မုယောစပါးအာဟာရအချိုရည်တွေသောက်ပြီး ဓါတ်မတည့်တာ ရှိမရှိ ဘယ်လိုသိနိုင်မလဲ။ အဖြစ်များတဲ့လက္ခဏာတွေက –
- နှုတ်ခမ်းတွေရောင်ရမ်းတာ
- လည်ချောင်းထဲမှာယားတာ၊နေရခက်တာ
- အရေပြားမှာနီလာတာ၊ အင်ပြင်ထွက်တာ၊
- နှာစေးနှာပိတ်ဖြစ်တာ
- မျက်ရည်ထွက်တာ၊ မျက်စိယားတာ
- အသက်ရှူရကျပ်တာ
- မအီမသာ ပျို့အန်တာ
- ဝမ်းလျှောတာ
- အသက်အန္တရာယ်ရှိနိုင်တဲ့၊ ပြင်းထန်တဲ့ဓါတ်မတည့်မှု(Anaphylaxis)တွေဖြစ်လာတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။