အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ
ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေ ပိုင်ဆိုင်ဖို့ စားသုံးရမယ့် အစားအသောက်တွေကို သိရှိရုံနဲ့ မပြီးသေးပါဘူး။ အရိုးကို တဖြည်းဖြည်း အားနည်းစေနိုင်တဲ့ အစားအသောက်တွေကိုလည်း လျှော့ပြီးစားသောက်ဖို့ လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်။ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်။ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ က ဘာတွေဖြစ်မလဲ ဆိုတော့ အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။ နံပါတ် (၁) - ဆားပါဝင်မှုများတဲ့အစားအသောက်များ ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ […]