လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားကို တည်ဆောက်ပေးတယ်။ အကြောအချဉ်တွေ ပြေလျော့စေတယ်။ အစာခြေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။ ကျန်းမာအသက်ရှည်စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်မှာစလုပ်သင့်လဲ၊ မနက်ခင်းက ပိုကောင်းလား၊ ညနေဘက်က ပိုကောင်းလား၊ ဒါမှမဟုတ် ဘယ်အချိန် လုပ်လုပ် ရလဒ်က အတူတူပဲလား အစရှိသဖြင့် မေးစရာမေးခွန်းတွေ များလာတယ်နော်။