backup og meta

အများကိုကူညီဖေးမတာကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး


Aye Thi Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အများကိုကူညီဖေးမတာကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး

    အတ္တဟိတ ထက်ပရဟိတကပိုအရေးကြီးတယ်ဆိုတာမျိုးကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ပါးသူတွေကို အကူအညီပေးတာက ကိုယ့်ကိုယ်ကို ကူညီရာလည်းရောက်ပါတယ်။ ဘဝမှာရှင်သန်နေထိုင်ရင်း အခြားသူတွေကို ကူညီဖေးမတာက ဘဝရှင်သန်မှုကို ပိုမိုအဓိပ္ပါယ်ပြည့်စုံစေပါတယ်။ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်တာမျိုးပဲဖြစ်ဖြစ်။ ကလေးငယ်လေးတွေကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပြသပေးရတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးတာက မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကို အထောက်အကူပြုရာကြသလို မိမိကိုယ်တိုင်မှာလည်းကောင်းကျိုးကျေးဇူးတွေခံစားရနိုင်ပါတယ်။ မိမိထက်အားနည်းနေတဲ့သူတွေ၊ အကူအညီလိုအပ်နေသူတွေကို ကူညီဖေးမတာက ကျန်းမာရေးအပေါ်တော်တော်လေးကို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်၊လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။

    သူတစ်ပါးကို ကူညီဖေးမတာက စိတ်ခံစားမှုကိုကောင်းမွန်စေရုံသာမက ကျန်းမာရေးအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ သူတစ်ပါးကို ကူညီပေးတာက စိတ်ဓါတ်ကျမှုကိုခံစားရနိုင်ခြေနည်းစေသလိုသွေးတိုးရောဂါခံစားရနိုင်ခြေနဲ့သေဆုံးနိုင်ခြေတွေကိုလည်း တိုးစေနိုင်ပါတယ်။ အများကိုကူညီပေးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတယ်၊လိုပခ့စားရမှုကို တိုးစေတယ်ဆိုတာက သိပ်တော့ အံ့သြစရာမရှိပါဘူး။ သူတစ်ပါးကို ကူညီပေးတာက ကိုလက်စထရောပမာဏကို ကျစေနိုင်တဲ့ အပြင် BMI ကိုလည်း တိုးတက်စေနိုင်တယ်။ လို့လည်း ဆိုပါတယ်။

    သူတစ်ပါးကိုဖေးမကူညီပေးတာကနေ ဘာတွေရရှိနိုင်မလဲဆိုတာလေးကို ကြည့်ကြည့်ရအောင်ပါ။

    အရည်အသွေးကိုမြှင့်တင်နိုင်စေခြင်း

    သူတစ်ပါးကို ကူညီတာက ခပ်ပေါ့ပေါ့နေတတ်တဲ့ အလေ့အထကိုပျောက်ပျက်စေနိုင်ပါတယ်။ သူတစ်ပါးကို ကူညီပေးတာက လူသစ်တွေနဲ့တွေ့ဆုံခွင့်ရရှိသလို အတ်ပညာအသစ်တွေကိုလည်းလေ့လာသင်ယူခွင့်ရရှိစေပါတယ်။ သူတစ်ပါးကို ကူညီပေးတာက လူပီသတဲ့ လူတစ်ဦးအနေနဲ့ ရှင်သန်ရပ်တည်ခွင့်ရရှိစေပါတယ်။ သူတစ်ပါးကို ကူညီပေးတဲ့သူတွေဟာ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာသလို၊ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို ခံစားရနိုင်ပြီးပျော်ရွှင်မှုကိုလည်း ရရှိခံစားနိုင်ပါတယ်။

    စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ခြင်း

    ခေတ်သစ်လူနေမှုဘဝပုံစံက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ပရဟိတလုပ်တာဖြစ်ဖြစ်၊ အခြားသူတွေကို ကူညီပေးတာဖြစ်ဖြစ် လုပ်ဆောင်နေချိန်မှာ သူတစ်ပါးတွေရဲ့ အခက်အခဲကိုဖြေရှင်းပေးရင်း ကိုယ့်ကြုံတွေ့နေရတဲ့ အခက်အခဲကိုဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်းရရှိမှာဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်ခြင်းနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေနဲ့လေ့ကျင့်ခန်းတွေက စိတ်ဖိစီမှုတွေကိုလျော့ကျစေနိုင်ပါတယ်။

    အသက်ရှည်စေနိုင်ခြင်း

    သူတစ်ပါးကို ကူညီလိုက်တိုင်းရရှိခံစားရတဲ့ ပီတိလေးတွေက စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေတာကြောင့် သူတစ်ပါးကို ကူညီပေတာကိုရေရှည်လုပ်ဆောင်တဲ့အခါ အသက်ပိုရှည်လာစေနိုင်သလိုရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းလျော့ကျစေပြီး ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။

    အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ခြင်း

    သုတေသနအချို့မှာ သူတစ်ပါးကိုကူညီပေးတာက (Dementia) မှတ်ဉာဏ်ချို့ယွင်းခြင်း ကိုလျော့ကျစေနိုင်တယ်လို့တွေ့ရှိရပါတယ်။ သူတစ်ပါးကို ကူညီဖေးမပေးခြင်းက ဦးနှောက်တွင်းကelasticity တွေကိုတိုးတက်ကောင်းမွန်စေနိုင်တယ်။ လို့ဆိုပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်တာက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးနိုင်သလို ကာကွယ်ရာမှာလည်း အထောက်အကူပြုနိုင် ပါတယ်၊လို့လည်းဆိုပါတယ်။

    BMI နဲ့ ကိုလက်စထရောပမာဏကိုကျဆင်းစေနိုင်ခြင်း

    သူတစ်ပါးကို ကူညီဖေးမတာက ခန္ဓါကိုယ်ညွှန်းကိန်း (BMI)ပေါ်မှာ ထိရောက်မှုရှိစေနိုင်သလို ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်၊ လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ၂ လကြာ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်တာက BMI ကိုကျဆင်းစေသလို ကိုလက်စထရောပမာဏကိုလည်းကျဆင်းစေနိုင်တယ်။ လို့တွေ့ရှိခဲ့ရပါတယ်။ သူတစ်ပါးကို ကူညီတာက ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးတက်စေနိုင်ပါတယ်၊ လို့သုတေသီတွေက ဆိုပါတယ်။

    သွေးဖိအားကျဆင်းစေနိုင်ခြင်း

    လေ့လာမှုတစ်ရပ်အတွင်း တစ်နှစ်ကို နာရီ ၂၀၀ ပရဟိတလုပ်တဲ့သူတွေက ပရဟိတမလုပ်တဲ့သူတွေထက်သွေးတိုးရောဂါခံစားရနိုင်ခြေလျော့နည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ပရဟိတလုပ်တာ နာရီ ၂၀၀ ထက်နည်းတဲ့သူတွေမှာလည်းသေါးတိုးရောဂါဖြစ်နိုင်ခြေလျော့နည်းတာမျိုးမရှိဘူးလို့သိရပါတယ်။

    သူတစ်ပါးကို ကူညီပေးတာကကိုလက်စထရောပမာဏကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုလျော့ပါး သက်သာစေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုလည်းလျော့ပါးသက်သာစေနိုင်တယ်လို့လေ့လာမှုတွေအရသိရပါတယ်။

    ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေနိုင်ခြင်း

    ရုပ်ပိုင်းဆိုင်ရာအရ သူတစ်ပါးကို ကူညီပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရ ာအကျိုးကျေးဇူးတွေကို ခံစားရမှာမလွဲပါပဲ။ ဥပမာပြောပြရရင်ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ပစ္စည်းတွေဝိုင်းသယ်ပေးတယ်ဆိုပါစို့၊ အလေူအပင်တွေဝိုင်းသယ်ပေးတာကြောင့် ခန္ဓါကိုယ်တွင်း ကကယ်လ်လိုရီတွေလောင်ကျွမ်းသွားမှာဖြစ်ပါတယ်။ဆေးသုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ စာကြည့်တိုက်ရှင်းတဲ့နေရာတွေမှာ ဝိုင်းလုပ်ပေးမယ်ဆိုရင် အလေးမတဲ့လေ့ကျင့်ခန်းလုပ်သလိုမျိုး ၊ အကြောဆန့်လေ့ကျင့်ခန်းလုပ်သလိုမျိုး အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်တဲ့ အပြင်အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။

    မိသားစုဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်ခြင်း

    ပရဟိတလုပ်တဲ့သူတွေက အများနဲ့လိုက်လျောညီထွေဆက်ဆံနေထိုင်တတတ်တာကြောင့် မိသားစုတွင်းမှာလည်း အဆင်ပြေပြေဆက်ဆံနိုင်ပါတယ်။ သူတို့ဟာ မိသားစုဝင်တွေအပေါ်မှာ မှီခိုတာမျိုးမရှိဘဲ ကိုယ်တိုင်လုပ်ဆောင်ရင်း အခြားမိသားစုဝင်တွေကိုလည်း ကူညီဖေးမတတ်ကြပါသေးတယ်။ စိတ်ပိုင်းဆိင်ရာကျန်းမာသန်စွမ်းကြသလို စိတ်ကျရောဂါခံစားရနိုင်ခြေကလည်း အခြားသူတွေထက်နည်းပါတယ်။ မိမိကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအမှီအခိုကင်းတာက ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

    သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေတိုးတက်ကောင်းမွန်ခြင်း

    ပရဟိတလုပ်ဆောင်တာက ဦးနှောက်လုပ်ငန်းစဉ်ေတွေအတွက် အကျိုးကျေးဇူးကောင်းတွေရရှိစေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို သင်ကြားပေးရာမှာ အကူအညီပေးမှုက ကလေးငယ်တွေကို စာတွေဖတ်ပြရင်း မိမိကိုယ်တိုင်လည်း သိမြင်မှုစွမ်းရည်တိုးလာသလိုနေ့စဉ်ဘယနေထိုင်မှုမှာလည်း လုပ်ငန်းဆောင်တာတွေသတ်မှတ်မှုတွေနဲ့ အစီအစဉ်ရေးဆွဲချမှတ်မှုတွေမှာ တိုးတက်မှုကိုရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    စိတ်ကျန်းမာရေးကို တိုးတက်စေနိုင်ခြင်း

    ပရဟိတလုပ်ဆောင်ခြင်းနဲ့ စိတ်ကျန်းမာရေးအကြားမှာ ဆက်စပ်မှုရှိနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ သူတစ်ပါးကို ကူညီဖေးမပေးတဲ့ သူတွေက အခြားသူတွေထက် စိကျန်းမာရေးပိုမိုကောင်းမွန်တာကိုတွေ့ရှိခဲ့ရပါတယ်။

    သူတစ်ပါးကို ကူညီဖေးမတာက အသက်အရွယ်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာက အခြားသူတွေထက်ပိုကောင်းတယ်လို့ လေ့လာမှုတွေအရတွေ့ရှိခဲ့ရပါတယ်။

    စိတ်ဓါတ်ကျနိုင်ခြေကိုလျော့ကျစေနိုင်ခြင်း

    သင်ဟာ အခြားသူတွေကို စိတ်ဓါတ်မကျအောင် ကူညီပေးနေရသူတစ်ဦးဖြစ်မယ်ဆိုရင် သင်ဟာစိတ်ဖိစီးမှု လက္ခဏာတွေကို အလွယ်တကူကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ပရဟိတလုပ်ဆောင်မှုက လူအများနဲ့ထိတွေ့ဆက်ဆံရတာကြောင့် တစ်ကိုယ်တည်း အထီးကျန်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလို စိတ်ကျရောဂါခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဘဝကို အဓိပ္ပါယ်ပြည့်ဝစွာရှင်သန်ခွင့်ရရှိစေပြီး မိမိဘဝကိုမိမိကျေနပ်မှုကိုလည်းရရှိခံစားရစေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement