ကျန်းမာဖို့အတွက် စားပေးသင့်တဲ့ မနက်စာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 8, 2020 . 2 mins read
Share now

အိပ်ရာကနေ နိုးနိုးချင်း မနက်ခင်းမှာ စပြီး မှီဝဲစားသောက်တဲ့ မနက်စာဆိုတာ တစ်နေကုန် အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အဓိက အကျဆုံး အရာပါ။

မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ အဝလွန်သူတွေရဲ့ အဓိက ပြဿနာတွေထဲမှာလည်း မနက်ခင်းပိုင်းမှာ မနက်စာကို စနစ်တကျ မစားသောက်တာက တစ်ချက်အပါအဝင်ပါပဲ။

လူတိုင်း မနက်ခင်းစာကို ကောင်းမွန်ပြီး အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှီဝဲစားသောက်မယ်ဆိုရင် ဗိုက်ဝရုံတင်မကပါဘူး။ ကျန်းမာစေဖို့ကိုလည်း အထောက်အကူဖြစ်စေမှာပါ။

မနက်ခင်းတိုင်းမှာ ကြုံသလိုမှီဝဲစားသောက်နေတာမျိုးထက် ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်မယ်ဆိုရင် ပိုပြီး အဆင်ပြေမှာပါ။

ဘယ်လိုအစားအစာမျိုးတွေက မနက်ခင်းမှာ မှီဝဲပေးဖို့ ပိုပြီးသင့်လျော်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဥအမျိုးမျိုး

မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးတော့ ပါဝင်နေသင့်ပါတယ်။ ထမင်းကြော်လေးကို ကြက်ဥကြော်လေးနဲ့စားတာမျိုးပေါ့။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာမို့ ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်လယ်ဗယ်ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ဆိုပေမယ့် အရသာထည့်ထားတဲ့ ဒိန်ချဉ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ သဘာဝဒိန်ချဉ်တွေကို ပြောချင်တာပါ။ အထူးသဖြင်တော့ Greek Yogurt ပေါ့။ ဒိန်ချဉ်တွေက ပရိုတိန်းကြွယ်ဝပြီး ဗိုက်လည်းပြည့်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ရင်သားကင်ဆာကိုကာကွယ်ဖို့အတွက်လည်း မှီဝဲပေးသင့်ပါတယ်။

ကော်ဖီ

လူတိုင်းနှစ်သက်ကြတဲ့ ကော်ဖီကို အသောက်သင့်ဆုံးအချိန်ဟာ မနက်ခင်းပိုင်းမှာဖြစ်ပါတယ်။ မနက်ခင်းပိုင်း ကော်ဖီသောက်သုံးတာဟာ လူကို လန်းဆန်းတက်ကြွစေပြီး စိတ်ကိုလည်း ကြင်လင်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၄၀၀ မီလီဂရမ်ထက်ပိုမသောက်မိဖို့ကတော့ ကိုယ်တိုင်ရဲ့ တာဝန်ပါ။

Oatmeal

အုတ်ဂျုံကိုတော့ ကွေကာအုတ်တွေကနေတဆင့် မှီဝဲနိုင်ပါတယ်။ ကွေကာအုတ်ကြိုက်တတ်သူတွေအတွက်တော့ သတင်းကောင်းပေါ့။ ဖိုက်ဘာပါဝင်မှုများသလို antioxidants လည်း ကြွယ်ဝတာမို့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး မနက်စာတစ်မျိုးပါပဲ။

အစေ့အဆံ

မြန်မာ့ဓလေ့မှာတော့ နံနက်ခင်းပိုင်းမှ အစေ့အဆံတွေ မှီဝဲတတ်တာမျိုးမရှိကြပါဘူး။ ဒါပေမယ့် အဆေ့အစံတွေဟာလည်း နံနက်ခင်းပိုင်းမှာ မှီဝဲပေးသင့်တဲ့ အစားအစာမျိုးတွေပါ။ မနက်စာတွေထဲမှာ အဆံတွေ အနှံတွေပါဝင်နေမယ်ဆိုရင် သင့်ကို ကယ်လိုရီလျော့နည်းစေမှာဖြစ်ပြီးတော့ ဆီးချိုသွေးချိုသမားတွေဆိုရင်လည်း အင်ဆူလင်ပမာဏကို ထိမ်းညှိပေးဖို့ မှီဝဲပေးနိုင်ပါတယ်။

Green Tea

လက်ဖက်စိမ်း ရေနွေးကြမ်းလေးကို မနက်ခင်းတိုင်း မှီဝဲပေးတာကလည်း ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရစေမှာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်တွေကို တိုးတက်စေမှာဖြစ်သလို တက်ကြွလန်းဆန်းနေစေဦးမှာပါ။ သွေးတိုးဆီးချိုရှိသူတွေ ပိုပြီး သောက်ပေးသင့်ပါတယ်။

သစ်သီးသစ်ဖု

ကိုယ်နှစ်သက်ရာ သစ်သီးဝလံတွေကို မနက်ခင်းပိုင်းမှာ မနက်စာအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်စေနိုင်သလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဝိတ်ချနေသူတွေအတွက် အသင့်လျော်ဆုံးနည်းလမ်းပါ။ သီးနှံတွေကနေ ဗီတာမင်၊ ပရိုတိန်းနဲ့ ပိုတက်ဆီယမ်တွေ ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read