ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြူံတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီ ခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင်ဘယ်လိုလုပ်ကြမလဲ။

အိပ်တဲ့ ပုံစံကို သတိထားပါ။

ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။

ထိုင်တဲ့အချိန်ကလည်းအရေးကြီးပါတယ်။

ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီ းထိုင်လို့လည်း ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ညက်နေတဲ့ အကြောတွေလည်း လွတ်သွားနိုင်ပါတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းထန်ရင် ခါးပိုနာသွားတတ်တာကိုတော့ သတိထားစေချင်ပါတယ်။

တစ်ချိန်လုံးချည်း အိပ်ရာပေါ် လှဲမနေပါနဲ့။

ခါးနာတဲ့အခါ အိပ်ရာပေါ် လှဲအိပ်နေရတာ သက်သာသယောင်ရှိပေယ့် လှဲနေတဲ့အနေအထားက ခါးကို ပိုပြီး အားပြုသလိုဖြစ်သွားတာကြောင့် တစ်ချိန်လုံး အိပ်ရာပေါ်မှာလှဲနေမယ့်အစား ရေကူးတာ၊ လမ်းလျှောက်တာ ။ ယောဂ ကစားတာတို့ လုပ်ပေးပါ။

နာနေတဲ့နေရာကို ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။

နာပြီးရောင်နေတဲ့ ခါးနေရာကို အရောင်ကျအောင်လို့ ရေခဲကပ်တာ ( ဒါမှမဟုတ် )ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးလို့လည်းရပါတယ်။

တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားစေဖို့၊ ညှပ်နေတဲ့အကြောတွေ လွတ်သွားစေဖို့ ခါးကို နှိပ်ပေးလို့ရပါတယ်။ တစ်ခုရှိတာက အကြောပိုင်းဆိုင်ရာ တကယ်လို ကျွမ်းကျင်တဲ့ ဆရာနဲ့ နှိပ်ဖြစ်ဖို့လိုပါတယ်။

ဆေးသောက်လို့ရပါတယ်။

ခါးနာတာကိ ုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်နဲပတိုင်ပင်ပြီး ဝယ်သောက်လို့ရပါတယ်။ ဒါပေမယ့် ဆေးတစ်ခုတည်းကိ ုအားကိုးလို့တော့ မရပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်တာများရင် အစာအိမ်ရောဂါတွေ ဖြစ်တတ်သေးတာကြောင့်ပါ။ ဒါ့ကြောင့် ဆေးလေးလည်းသောက် လေ့ကျင့်ခန်းလေးလည်း လုပ်ပါ။

ခါးဆစ်ရိုးထဲ ဆေးရည်ထိုးလို့ရပါတယ်။

ဒါကလည်း အသုံးများတဲ့ ဆေးနည်းတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေ သက်သာစေဖို့ ခ ါးဆစ်ရိုးထဲ စတီးရွိုက် ဆေးတစ်မျိုးထိုးသွင်းတဲ့နည်းပါ။ ဒါကိုတော့ ကိုယ့်ခါးနာတဲ့ ပြင်းထန်ခြင်းပေါ်မှာမူတည်ပြီး ဆရာဝန်က ထိုးသင့်မထိုးသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း။

ခါးဆစ်ရိုးကျွံပြီး အကြောပေါ် သွားဖိနေတဲ့ ခါးနာတဲ့ ပြဿနာမျိုးတွေမှာဆိုရင် တော့ ကျွံနေတဲ့ ခါးဆစ်ရိုးကို ပြန်ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။

ဒါတွေကတော့ ခါးနာတာကို သက်သာစေဖို့အတွက် လုပ်လို့ရတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်တာကြောင့် ပုံစံတကျ ထိုင်တာ ၊အိပ်စက်တာ ၊နည်းလမ်းမှန်မှန် အလေးအပင်မတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်လို့ရပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

.

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

လမ်းကြာကြာလျှောက် တဲ့အခါ ဒီလို ပြဿနာလေးတွေ ကြုံရတတ်တယ်ဆိုပေမယ့် ဒါတွေက ဖြေရှင်းရမခက်ပါဘူး။ ခုပြောထားတာလေးတွေကို လိုက်နာရုံနဲ့တင် သက်သာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

အကြောဖြေလျှော့ တာကို တစ်နေ့တာရဲ့ လုပ်ဆောင်မှုမှာ မပါမဖြစ် ထည့်သွင်း လုပ်ဆောင်သင့်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read