ဒူးနာတတ်သူတွေအတွက် ဓါတ်စာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 25, 2020 . 2 mins read
Share now

နေ့တိုင်း စိတ်ရှိတိုင်း သွားလာနိုင်စေဖို့ လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခု ရှိတယ်နော်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ပြေးလွှားနိုင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေတာက ဒူးခေါင်းပါ။ ဒူးခေါင်းက ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါမှာပါ။ ဒူးနာတဲ့အခါ ထိုင်ရထရခက်သလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒီတစ်ခေါက်တော့ ဒူးနာနေတာကို သက်သာစေ ဖို့အတွက် စားပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးပါရစေနော်။

ဒူးနာသက်သာစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေ

ဒူးနာ သက်သာစေဖို့ ဘာတွေ စားကြမလဲ…….

မုန်လာဥနီ

မုန်လာဥနီစားပေးတာက ဒူးနာတာကို သက်သာစေနိုင်တယ်၊လို့ တရုတ်လူမျိုးတွေက ရှေးယခင်ကာလတွေကတည်းက လက်ခံယုံကြည်ခဲ့ကြတာပါ။ မုန်လာဥနီမှာ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ ဘီတကယ်လ်ရိုတင်းနဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် မုန်လာဥနီကို ချက်ပြီးဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် စားပေးလို့ရပါ တယ်။ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် နှစ်လုံးလောက်စားပေးတာက ဒူးနာတာကို သိသိသာသာသက်သာစေမှာပါ။

နနွင်း

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဒူးနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

ချင်း (ဂျင်း)

ဒူးနာသက်သာစေဖို့ ချင်း (ဂျင်း) ကိုစားပေးလို့ရသလို ဒူးနာတဲ့နေရာမှာ ကြိတ်ခြေပြီး ကပ်ပေးလို့လည်းရပါတယ်။ ချင်း (ဂျင်း) ကအနံ့အရသာပြည့်စုံသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေသူတွေအနေနဲ့ ချင်း (ဂျင်း)ကို ဆေးဖြစ် ဝါးဖြစ်အနေနဲ့ စားသုံးပေးလို့ရပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ Omega-3 fatty acid နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ဒူးနာတာကို သက်သာစေနိုင် ပါတယ်။ ဒါကြောင့် ဒူးနာသက်သာစေဖို့ တစ်နေ့ကို သစ်ကြားသီး နှစ်လုံးစားပေးပါ။

မုန်ညင်းဆီ

မုန်ညင်းဆီက သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒူးနာနေတဲ့နေရာကို မုန်ညင်းဆီလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးတာက ဒူးနာတာကို အကောင်းဆုံးသက်သ စေနိုင်မှာပါ။

ထောပတ်သီး

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝဆီပါဝင်နေတာကြောင့် ဒူးနာသူတွေအနေနဲ့ စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ဒူးနာသက်သာချင်တယ်ဆိုရင် ထောပတ်သီးလေး ပုံမှန်စားပေးလို့လည်းရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက် ထောပတ်သီးစားပေးတာက ဒူးနာတာကို သက်သာစေမှာပါ။

ဒူးနာတာကို သက်ချင်တယ်ဆိုရင်တော့ အခုပြောခဲ့တာလေးတွေကို သတိထားစားပေးလိုက်ရုံပါနော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ချစ်တင်းမနှောခင် စားစေချင်

လိင် စွမ်းဆောင်ရည်ကို မြှင့်တင်ချင်၊ ကျေနပ်စရာစိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်ရင် ချစ်တင်းမနှောခင် ခုအစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
eat for sleep debt

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read