ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ဘယ်အရွယ်မှာစကျွေးရမှာလဲ။ ငါးဆိုဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီးခေါင်းထဲမှာ အတွေးတွေများနေရတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။

ကလေးကို ဘယ်အချိန်မှာ ငါးစကျွေးရမလဲ……..

ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ကလေး ၄ လခွဲလောက်ကနေ ၆ လအတွင်းမှာ စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။

ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား…..

ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဆိုပေမယ့် အရေပြားရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့ ကလေးတွေ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ အစားဓာတ်မတည့်မှု မျိုးရိုးရှိတဲ့ကလေးတွေကတော့ ငါးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပါတယ်။ ဒီလိုကလေးတွေကို ငါးကျွေးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်င်တာ အကောင်းဆုံးပါ။

ကလေးကို ဘာလို့ ငါးကျွေးပေးသင့်တာလဲ……

ကလေးကို ငါးကျွေးပေးသင့်တယ်လို့ပြောရတာက ဒီအချက်တွေကြောင့်ပါ။

ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်

ငါး နဲ့ ပင်လယ်စာတွေမှာပါတဲ့Omega-3 က ကလေးတွေဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ငါးကျွေးပေးတာက ကလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

မျက်စိဖွံ့ဖြိုးစေနိုင်တယ်

လေ့လာမှုတွေအရ ငါး (ပင်လယ်ငါး) စားသုံးမှုက ကလေးကို လိုအပ်တဲ့ DHA ပမာဏကိုပြည့်ဝစွာရရှိစေပြီး မျက်လုံးလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။

ကလေးကိုကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

ငါးမှာပါတဲ့Omega-3 Fatty Acid က ကလေးကို ညဘက်ကောင်းကောင်းအိပ်ပျော်နေစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ငါးမှာပါတဲ့Omega-3ကြောင့် ကလေးမှာ အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါသေးတယ်။

ဘာငါးတွေကျွေးရမလဲ….

ငါးကျွေးရမယ်ဆိုတာနဲ့ ကလေးကို ငါးဆိုတိုင်းကျွေးလို့တော့မဖြစ်ပါဘူး။ ပြဒါးများတဲ့ငါးတွေက ကလေးအတွက်မသင့်တော်ပါဘူး။ ပုံမှန်စားနေကြငါးတွေပဲ ကျွေးပေးပါ။ နိုင်ငံခြားဖြစ်ငါးရယ်လို့မှ မဟုတ်ပါဘူး။ လတ်လတ်ဆတ်ဆတ်ငါးကို သန့်သန့်ရှင်းရှင်း ချက်ထားမယ်။ အရိုးသေချာနွှင်ထားမယ်။ ကလေးနဲ့လည်း ဓာတ်မတည့်တာ မဖြစ်ဘူးဆိုရင် ကျွေးလို့ရပါတယ်။

ဘယ်လောက်ပမာဏကျွေးရမလဲ…….

ကလေးရဲ့ အသက်အရွယ်အလိုက် စားရမယ့် ငါးပမာဏက ကွာခြားနိုင်ပါတယ်။

  • ၄ လခွဲကနေ ၁ နှစ်အထိကအောင်စဝက် (အရွယ်တော် တစ်တုံးစာ)
  • ၁ နှစ်ကနေ ၃ နှစ်အထိက တစ်အောင်စ (ခပ်ရွယ်ရွယ်တစ်တုံး)
  • ၄ နှစ် ကနေ ၇ နှစ် အထိက နှစ်အောင်စ (ခပ်ရွယ်ရွယ် နှစ်တုံး)
  • ၈ နှစ် ကနေ ၁၀ နှစ်က သုံးအောင်စ (ခပ်ရွယ်ရွယ် ၃ တုံးစာ)
  • ၁၁ နှစ် အထက်ကလေးအောင်စ (ခပ်ရွယ်ရွယ် ၄ တုံးစာ)လောက်ကျွေးပေးရပါမယ်။

အရိုးလေးသေချာနွှင်လို့ကလေးကို ကျန်းမာဖွံ့ထွားစေဖို့ ငါးကျွေးပေးပါလို့ တိုက်တွန်းရင်း…….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

အစေ့အဆန်တွေက အဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစားအစာပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုပေမယ့် ကလေးတိုင်း မဖြစ်နိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ချင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read