ဂေါက်ရောဂါ (Gout ) ဆိုတာဘာလဲ
ထွက်မှာ သေချာပြီလား။
ဂေါက်ရောဂါ (Gout ) ဆိုတာဘာလဲ
ဂေါက်ရောဂါဆိုတာသွေးတွင်း ယူရစ်အက်စစ်ပမာဏမြင့်မားမှုကြောင့် ခရစ္စတယ်အမှုန်တွေဖြစ်လာစေပြီး အဆစ်ရဲ့ပတ်လည်မှာ စုပုံလာတဲ့အခါ ခံစားရတဲ့အဆစ်ရောင် နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်။
ခန္ဓါကိုယ်ကpurine လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်မျိုးကိုပြိုကွဲစေတဲ့အခါ ယူရစ်အက်စစ်တွေ ထွက်ရှိလာပါတယ်။purine ဟာ ခန္ဓါကိုယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတတ်ပေမယ့် အစားအစာတွေမှာလည်းတွေ့ရှိရနိုင်ပါတယ်။ ယူရစ်အက်စစ်ကို ခန္ဓါကိုယ်ထဲကနေ ဆီးကတဆင့် စွန့်ထုတ်ပါတယ်။
ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။ တခါတရံ ညဘက်မှာ ချက်ချင်းကြီးဖြစ်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ –
ပုံမှန်အားဖြင့်တော့ ဂေါက်ရောဂါမျိုးရိုးရှိသူတွေ၊ အမျိုးသားတွေနဲ့ အဝလွန်သူတွေမှာဖြစ်နိုင်ခြေပိုများပါတယ်။ဂေါက်ရောဂါအတွက် ဓါတ်စာဟာ ကုသပျောက်ကင်းနိုင်တဲ့ဆေးမဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေပြန်ပေါ်လာနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကိုနှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏလျော့နည်းစေဖို့ဆေးဝါးနဲ့ထိန်းဖို့လိုအပ်ပါတယ်။
ဂေါက်ရောဂါအတွက်ကျန်းမာရေးနဲ့ညီညွတ်မယ့် ဆောင်ရန်ရှောင်ရန် စားသောက်နည်း အချက်အလက်တချို့ကိုဖော်ပြလိုက်ပါတယ် –
ကိုယ်အလေးချိန်များနေရင်ဂေါက်ရောဂါဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများပြီး ကိုယ်အလေးချိန်ကျရင် အန္တရာယ် ပိုနည်းပါတယ်။ ဓါတ်စာပုံစံ ကန့်သတ်၊ အစားရှောင်တာတွေမလုပ်လည်း ကယ်လိုရီပမာဏနဲ့ ကိုယ်အလေးချိန်ကိုလျှော့ချရင်ပဲ ယူရစ်အက်စစ်ပမာဏနဲ့ဂေါက်ရောဂါအန္တရာယ်ကို နည်းပါးစေနိုင်တယ်လို့ သုတေသီတွေကပြောလာကြပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့အခါ အရိုးအဆစ်တွေပေါ် ဖိအားလျော့နည်းစေလို့လည်း ပါပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။