backup og meta

ဒူးပြဿနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒူးအစားထိုးကုသမှု ခံယူနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးပြဿနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒူးအစားထိုးကုသမှု ခံယူနိုင်ပါတယ်

    လူတွေက အရာတစ်ခုခုကိုပိုင်ဆိုင်ထားတုန်းမှာ တန်ဖိုးကို သိပ်သတိမထားတတ်ကြပါဘူး။ လမ်းလျှောက်လို့ရနေတုန်းမှာ ခြေထောက်တွေရဲ့ တန်ဖိုးကို သိပ်မသိကြပါဘူး။ ထိခိုက်မှုတစ်ခုကြောင့်ဖြစ်ဖြစ် မတော်တဆဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ဖြစ် ခြေထောက်အသုံးပြုရခက်ခဲတဲ့အချိန်မျိုးနဲ့ ခြေထောက်လှုပ်ရှားလို့မရတော့တဲ့အချိန်မျိုးမှာမှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခဲ့ချိန်တွေကို သတိရမိတတ်ကြတာပါ။ အခုတစ်ခေါက်တော့ ဒူးမကောင်းတာကြောင့် ထိုင်ပြီးရင် ထရခက်တာ၊ လမ်းလျှောက်ရတာအဆင်မပြေတာ၊ လှေကားအတက်အဆင်းလုပ်ရခက်နေသူတွေအတွက် ဒူးခေါင်းအစားထိုးကုသမှုအကြောင်းပြောပြပေးမယ်နော်။

    ဒူးအစားထိုးကုသဖို့လိုအပ်မယ့် အခြေအနေတွေက

    ဒူးအစားထိုးကုသမှုဆိုတာ

    ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး၊ လေးဖက်နာေရာဂါကြောင့် ဒူးဆစ်ထိခိုက်သွားတဲ့အခါမျိုး၊ အရိုးပွရောဂါကြောင့် ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး နဲ့ အရိုးအဆစ်ေတွရောင်ရမ်းတာကြောင့် ဒူးကွေးရဆန့်ရ သွားလာလှုပ်ရှားရခက်တဲ့အခြေအနေမျိုးမှာ တော့ ဒူးခေါင်းအစားထိုးကုသမှုတွေလုပ်ဖို့လိုအပ်မှာပါ။ အရိုးအဆစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေနဲ့ အရိုးအဆစ်တွေကိုထိခိုက်ထားတဲ့ ဒဏ်တွေက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေနဲ့ အဆစ်တဝိုက်မှာရှိတဲ့ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို မလုပ်နိုင်တော့တာမျိုးအထိဖြစ်နိုင်ပါတယ်။ ထိုင်ဖို့ ထဖို့ခက်နေသလို လှဲဖို့ဆိုတာတောင်တော်တော်လေးခက်တာမျိုးကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုက ဒူးခေါင်းအစားထိုးကုသတဲ့နည်းလမ်းပါ။

    ဒူးအစားထိုးကုသမှုက နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုကြောင့် ဒူးနာကျင်မှုဝေဒနာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောပြရရင် ၉၀ ရာခိုင်နှုန်းကျော်အထိသိသိသာသာသက်သာစေနိုင်တာပါ။ ဒူးခေါင်းတစ်ခုလုံး အစားထိုးကုသမှုကို ၁၉၆၈ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့တာပါ။ ဒူးခေါင်းအစားထိုးကုသမှုက အရိုးအဆစ်တွေထိခိုက်မှုအတွက်တော့ စိတ်အချရဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

    ဒူးခေါင်းအစားထိုးကုသမှုဆိုတာခွဲစိတ်ဆရာဝန်က ဒူးဆစ်နေရာရာမှာလာဆုံတဲ့ ပေါင်ရိုးနဲ့ ညို့သကျည်းရိုးတို့ရဲ့ ပျက်စီးနေတဲ့အရိုးတွေနဲ့ အရိုးနုတွေကို ဖယ်ရှားလိုက်ပါတယ်။ ပြီးရင်တော့ ဒူးနေရာမှာလာဆုံတဲ့ ပေါင်ရိုးကို စတီးရိုးနဲ့ အစားထိုးပြီး ဒူးနေရာမှာလာဆုံတဲ့ ညို့သကျည်းရိုးနေရာကို Titanium သတ္တုနဲ့အစားထိုးကုသပေးလိုက်တာပါ။ ဒီအစားထိုးလိုက်တဲ့အရာတွေက ဒူးဆစ်ကိုချောျေချာမွေ့မွေ့လှုပ်ရှားနိုင်အောင်လုပ်ဆောင်ပေးပြီး နာကျင်မှုကင်းကင်းနဲ့ ဒူးကွေးဆန့်မှုကိုလုပ်နိုင်စေမှာပါ။ ဒူးခေါင်းခွဲစိတ်မှုတော်တော်များများမှာတော့ ဆရာဝန်တွေက ဒူးဂုံညင်းနေရာကို ပလပ်စတစ်Coating လုပ်ပြီး ကုသပေးလေ့ရှိကြပါတယ်။

    ပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်ယူရမလဲ

    ဒူးတစ်ခုလုံးအစားထိုးကုသမှုခံယူပြီးတဲ့အခါ ဆေးရုံမှာ ၅ ရက် ကနေ ၇ ရက်လောက်အထိနေရပါမယ်။ ခွဲစိတ်ပြီးစမှာ ဒူးကို စတင်ပြီး လေ့ကျင့်ခန်း ဖြေးဖြေးနဲ့ စသင်ပေးပါတယ်။ လှုပ်ရှားဖို့လည်း ခက်ခဲနေဦးမှာပါ။ နောက်ပိုင်းမှာတော့ ဖြည်းဖြည်းချင်းနဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီး နဂိုအတိုင်းပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ရပါတယ်။ များသောအားဖြင့်ကတော့ ဆေးရုံကနေမဆင်းခင်မှာပဲ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    ဒူးအစားထိုးကုသပြီးတဲ့နောက် အပြည့်အဝပြန်လည်ကောင်းမွန်ဖို့ ယူရတဲ့အချိန်ခြင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ များသောအားဖြင့်ကတော့ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ် အပြည့်အဝပြီးစီးဖို့ သီတင်းပတ် ၆ ပတ်ထိကြာမြင့်နိုင်သလို လုံးဝအပြီးအစီးပြန်လည်ကောင်းမွန်စေဖို့အတွက်ဆိုရင်တော့ ၃ လအထိကြာမြင့်နိုင်ပါတယ်။

    ဆေးရုံကနေဆင်းလာပြီးတဲ့အခါမှာလည်း အခုပြောပြမယ့်အချက်လေးတွေကို သေချာလိုက်နာဖို့လိုပါမယ်။

    ခွဲစိတ်ထားတဲ့ချုပ်ရိုးေနရာကို အနာကျက်စေဖို့အတွက်လုပ်ဆောင်ဖို့လိုပါမယ်။ (ချုပ်ရိုးကို ရေမထိအောင်ဂရုစိုက်ပါ။)

    အာဟာရြပည့်ဝမျှတအောင် စားသုံးပေးပါ။ (အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ သံဓါတ်ြပည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။)

    ဒူးကို ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် ဖြည်းဖြည်းချင်းကျင့်ယူပါ။ (လက်ကိုင်တစ်ခုခုကိုကိုင်ပြီး သို့ တစ်ဦးတစ်ယောက်၏ အကူအညီယူပြီး လမ်းလျှောက်ကြည့်ပါ)

    ဒူးအဆစ်ပေါ်ကို အားသက်ရောက်မှုနည်းစေပြီ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးဖြစ်တဲ့ – ရေကူးတာ၊ ဂေါက်ရိုက်တာနဲ့ လမ်းဖြည်းဖြည်းလျှောက်တာမျိုးလုပ်ပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement