home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

ကားမောင်း တယ်ဆိုတာ လူတချို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ပြီး တချို့တွေ အတွက်တော့ ကိုယ်အသက်မွေးတဲ့ အလုပ်မဟုတ်ပေမယ့်လည်း မြို့ကြီးပြကြီးရဲ့ ကားကြပ်တဲ့ ဒဏ်ကြောင့် ကားကို အကြာကြီး မမောင်းချင်ဘဲ မောင်းနေရတဲ့သူတွေရှိပါတယ်။ ဒီလို ကားကို အကြာကြီးမောင်းတာဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ယိုယွင်းလာစေတယ်ဆိုတာ သင်သိပါသလား။ ၁ ရက်၂ ရက် ဆိုကိစ္စမရှိပေမယ့် နေ့စဉ် ရက်ဆက်ကျတော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အပိုင်းတွေရှိလာတာပေါ့။ အဲဒါတွေက ဘာတွေလဲ။

အချိန်အကြာကြီး ကားမောင်း တာကြောင့် ထိခိုက်လာမယ့် သင့်ကျန်းမာရေး အခြေအနေ

ကားထဲမှာ တစ်ချိန်လုံ အကြာကြီးထိုင်နေရတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ဆိုတာ သင့်နဲ့ အဝေးကြီးမှာပါ ။

  • လူတိုင်း ကိုယ်လက်လှုပ်ရှားမှုရဲ့ အရေးကြီးပုံကို သိကြမှာပါ။ ဒါပေမယ့် ဒီလို ကိုယ်လက်လှုပ်ရှားမှုကို မရှိတဲ့ အလုပ်တွေ ခုခေတ်ကြီးမှာ ဒုနဲ့ဒေးပါ။ အဲ့ဒီ အထဲမှာ ကားကို အကြာကြီးမောင်းရတဲ့ တက္ကစီ ဒရိုင်ဘာတွေ ထိပ်ဆုံးက ပါနေပါတယ်။ ခြေဖျားလေးပဲ လှုပ်ပြီး ကားထိုင်မောင်းရတာဆိုတော့ ကိုယ်အလေးချိန်လည်း တက်လာမယ့်အပြင် အထိုင်များတာနဲ့ ဆက်စပ်နေတဲ့ သွေးတိုး ရောဂါလည်း ဖြစ်တတ်ပါသေးတယ်။

သင့်ရဲ့ စိတ်ရှည်သည်းခံနိုင်မှုတွေလည်း ပျောက်ဆုံးလာပါတယ်။ ။

  • စိတ်ရှည်တဲ့သူတွေဟာ စိတ်တိုလွယ်တဲ့သူတွေထက်စာရင် ရုပ်ရည်နုပျိုတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေလည်း နည်းပါးပါတယ်။ ဒါပေမယ့် ရှည်တဲ့ ကိုယ့်စိတ်ကို တိုအောင်လုပ်နေတဲ့အရာတွေ ကားမောင်း ဒရိုင်ဘာတိုင်း ကြုံတွေ့ဖူးကြမှာပါ။ ကားကြပ်ပြီး ကားပိတ်နေတာတွေ၊ စည်းကမ်းမဲ့မောင်းတဲ့ ဒရိုင်ဘာတွေ အပါအဝင်ပေါ့။

ရေရှည်သွေးတိုးရောဂါ၊ ရေတိုသွေးတိုးရောဂါ နှစ်မျိုးလုံးကို ဖြစ်စေနိုင်ပါတယ်။

  • သွေးတိုး ရောဂါဟာ လူအများကို ဒုက္ခပေးနေတဲ့ အရာဆိုတာ လူတိုင်းသိကြမှာပါ။ ကားအကြာကြီးမောင်းသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ရေရှည်မှာ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်တဲ့အပြင် ချိန်းထားတာနောက်ကျ၊ ကားကလည်းကြပ်နဲ့ စိတ်ဖိစီးမှုတွေများ၊ ဒေါသတွေထွက်ပြီး ရေတို သွေးတက်တာတွေလည်း ဖြစ်တတ်ပါတယ်။

ခါးနာမှာ ကြောက်လား။ ပုံမှာ ပြထားတဲ့အတိုင်း ကားခုံကို နေရာချဖို့ မပျင်းပါနဲ့။

ကိုယ်လက်ညောင်းညာကိုက်ခဲတတ်ပါတယ်။

  • လူအများက ကားဆို မောင်းဖို့လောက်ပဲ အာရုံရှိကြတာပါ။ ဘယ်လို ကိုယ်နေဟန်ထား ကားမောင်းဖို့အတွက် အသင့်တော်ဆုံးဖြစ်ပြီး ကိုယ့်ခါးကို မထိခိုက်နိုင်ဘူးလဲဆိုတာ ခါးမနာသေးခင်အချိန်မှာတော့ သိပ်ပြီး အာရုံမရှိကြပါဘူး။ တကယ်တော့ ကားအကြာကြီးမောင်းသူတွေဟာ ခါးနာဝေဒနာကို အခံစားရဆုံးသူတွေပါ။ ထိုင်နေတဲ့အချိန်ဆို ကိုယ်ခန္ဓာ ဟန်ချက်ညီစေဖို့ ခါးကပဲ တစ်ချိန်လုံးထိန်းထားရတာဖြစ်တာကြောင့် သူမှ မနာရင် ဘယ်သူနာဦးမှာလဲနော်။ ခါးတင် မကပါဘူး။ ရှေ့ကို အာရုံစူးစိုက်ပြီး ကြည့်နေရတာကြောင့် သ့င့်ဇက်ကြောတွေလည်း တင်းနေမယ့်အပြင် စတီယာရင် ကိုင်ထားရတဲ့လက်နဲ့ လီဗာနင်းရတဲ့ ခြေထောက်တို့လည်း မစားသာပါဘူး။

ကားအကြာကြီးမောင်းရတာကြောင့် သင့်မျက်လုံး ပင်ပန်းနေမှာသေချာပါတယ်။

  • လမ်းတစ်လျှောက်လုံး ကားမောင်းရတာ ဖြောင့်ဖြူးအောင် အန္တရာယ်ကင်းအောင် အာရုံစူးစိုက်ပြီး ကြည့်နေရတဲ့ မျက်လုံးလေး ဘယ်လောက်တောင်များ အလုပ်များလိုက်မလဲ ။ နေ့ခင်းဘက်တွေဆို ခရမ်းလွန်ရောင်ခြည် တွေက တစ်မျိုး၊ ညဘက်တွေဆို ကားမီးတွေထိုးတာအပြင် အမှောင်ထဲမှာဆို ပိုအားစိုက်ပြီး ကြည့်ရတဲ့အတွက် ကားအကြာကြီးမောင်းသူတွေရဲ့ မျက်လုံးမှ မထိခိုက်ရင် ဘယ်မျက်လုံး ထိခိုက်ဦးမှာလဲနော်။ ။

ဒါတွေ အားလုံးက ကားအကြာကြီးမောင်းသူတွေ နောက်ပိုင်းရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာတစ်ချို့ပါ။ အနာရှိရင်ဆေးရှိသလို ပြဿာနာရှိရင်လည်း ဖြေရှင်းဖို့နည်းလမ်းတွေရှိပါတယ်။

  • ကိုယ်လက်လှုပ်ရှားမှု မရှိတာမျိုး မဖြစ်ရလေအောင် ကားကို ၂ နာရီလောက်မောင်းပြီးတာနဲ့ ကားရှင်းတဲ့ နေရာမှာ လမ်း ၁၅ မိနစ်လောက်ဆင်းလျှောက်ပါ။ ၁၅ မိနစ်လောက် ကားမမောင်းလိုက်ရလို့ ခရီးသည်တွေ မရတော့မှာ မမြင်ပါနဲ့။ အိပ်ရာထဲ ဗုန်းဗုန်းလဲချိန်ဆို ဘာခရီးသည်ကိုမှာ တင်နိုင်မှာ မဟုတ်ပါဘူး။
  • အကောင်းမြင်ဝါဒကို လက်ကိုင်ထားလိုက်ပါ။ ကားကြပ်နေလား။ စိတ်မတိုပါနဲ့။ ဒါသင်တတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ လမ်းတောင်းနေလား ကျော်တက်နေလား ပေးလိုက်ပါ။ သင့်ဘဝက အေးချမ်းတယ်လေ။ သူ့လိုပူလောင်ပြီး အမြန်လိုနေတာမဟုတ်ဘူး။
  • မီးပွိုင့်မှာ ရပ်နေရပြီလား။ ဒီအတိုင်း အသေချည်း ထိုင်မနေပါနဲ့။ ခါးလေးဘာလေး ပြန်ဆန့်၊ လက်တွေ ခြေထောက်တွေကို အကြောပြေအောင် အကြောလျှော့လိုက်ပါ။ ထိုင်ရင်းနဲ့ အကြောလျှော့လို့ ရတဲ့နည်းတွေအများကြီးပါ။

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

  • ခါးနာမှာ ကြောက်လား။ ပုံမှာ ပြထားတဲ့အတိုင်း ကားခုံကို နေရာချဖို့ မပျင်းပါနဲ့။
  • ကားမောင်းနေတဲ့ ဒရိုင်ဘာတစ်ယောက်အတွက် မျက်လုံးက အရေးအကြီးဆုံးဖြစ်တာကြောင့် နေကာမျက်မှန်ဝတ်သ့င့်တယ်ဆိုတာ ပြောဖို့တောင် မလိုလောက်ပါဘူး ပရိတ်သတ်ကြီးရေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 08/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။