ဘယ်လိုကုသမလဲ
Osteoarthritis က နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး အမြစ်ပြတ်ပျောက်ကင်းအောင်ကုသလို့မရပေမယ့် ပိုမဆိုးလာအောင်၊ဝေဒနာသက်သာသွားအောင် ကုသရပါတယ်။ လက္ခဏာမပြင်းထန်ရင်တော့
- ပုံမှန်လမ်းလျှောက်မယ်
- ကိုယ်အလေးချိန်ထိန်းမယ်
- လှုပ်ရှားတဲ့အခါ အဆစ်တွေကို မထိခိုက်အောင်ထိန်းပေးမယ့် ကိရိယာ၊အသုံးအဆောင်တွေသုံးမယ်။
- အကိုက်အခဲပျောက်ဆေးတွေက အရောင်မကျစေနိုင်ပေမယ့်နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရေရှည်သောက်သုံးဖို့တော့ မသင့်ပါဘူး။
- နာကျင်မှုကိုသက်သာစေမယ့် လိမ်းဆေးတွေလည်း သုံးပေးနိုင်ပါတယ်။
- ထိခိုက်နေတဲ့ အရိုးအဆစ်ကို ပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်အောင် အရိုးအဆစ်ပြန်လည်သန်စွမ်းရေးကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။
ရောဂါလက္ခဏာကဆိုးရွားလာတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုကိုလိုအပ်နိုင်ပါတယ်။ တခြားကုထုံးတွေနဲ့မသက်သာဘဲ ထိခိုက်ပျက်စီးနေတဲ့ အရိုးအဆစ်ကိုပြန်လည်ပြုပြင်ဖို့၊ ယိုယွင်းနေတဲ့အစိတ်အပိုင်းကို အစားထိုးဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါလိမ့်မယ်။
Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။