backup og meta

ယာဉ်မတော်တဆမှုဖြစ်တဲ့သူကို အရေးပေါ်ဘယ်လိုကူညီမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယာဉ်မတော်တဆမှုဖြစ်တဲ့သူကို အရေးပေါ်ဘယ်လိုကူညီမလဲ

    လမ်းသွားရင်း ကိုယ့်အနီးအနားမှာ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တာမျိုး ကြုံဖူးကြလား။ ကူညီပေးချင်ပေမယ့် ဘာလုပ်ပေးရမှန်းမသိဘဲ ဒီအတိုင်းကြည့်နေရတာလား။ ဖုန်းကိုထုတ်လိုက်တာ ဓါတ်ပုံရိုက်၊ပို့စ်တင်ဖို့လောက်တော့ မဖြစ်ကြစေနဲ့ပေါ့နော်။ အရေးပေါ်ဆေးရုံကားကို အမြန်ခေါ်ပေးလိုက်ပါ။ ဒဏ်ရာသိပ်ပြင်းထန်ရင်ဆေးရုံကားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်သူတွေဆီမရောက်ခင်မှာဘေးကနေ အရေးပေါ်ကူညီပေးလို့ရနိုင်မယ့် အကြံပြုချက်တချို့ကို သိထားသင့်ပါတယ်။

  • ယာဉ်မတော်တဆမှုကိုမြင်လိုက်တာနဲ့ အရေးပေါ်ဆေးရုံကားခေါ်ပေးပါ။
  • ထိခိုက်ထားတဲ့သူအနီးကို သွားတဲ့အခါ အသက်ရှူေသးလား၊ သတိလစ်နေလားအရင်လေ့လာပါ။
  • ဒဏ်ရာပြင်းတဲ့လူနာကို မလိုအပ်ဘဲနေရာမရွှေ့သင့်ပါဘူး။ ထိခိုက်ဒဏ်ရာဆိုတာ အရေပြားပေါ်မှာပဲ ရှိနိုင်တာမဟုတ်သလို အတွင်းဒဏ်ရာတွေရှိနေနိုင်တာကြောင့်ပါ။ သူ့မှာ မီးလောင်မယ့်အန္တရာယ် သို့မဟုတ် တခြားအန္တရာယ်ရှိနေတာကလွဲလို့ အရေးပေါ်အကူအညီတွေမရောက်လာခင်အထိ နေရာကမရွှေ့တာကောင်းပါတယ်။
  • အရိုးကျိုးတာအတွင်းဒဏ်ရာတွေရှိနေတာ လိုမျိုး ထိခိုက်ဒဏ်ရာတွေဖြစ်နေရင် မလှုပ်ရှားစေတာကနောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေနည်းစေပါလိမ့်မယ်။
  • လူနာက သတိလစ်နေတဲ့အပြင် အသက်ရှူမမှန်ခဲ့ရင် လိုအပ်သလို အမြန်ဆုံးကယ်တင်ရပါမယ်။ လိုအပ်လာရင် အရေးပေါ်အသက်ကယ်နည်း CPR ကိုသုံးရပါမယ်။
  • CPR နည်းအရရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီးနောက်လက်တစ်ဖက်နဲ့အုပ်ကိုင်ပါ။ လက်ကိုဖြောင့်အောင်တန်းပြီး ရင်ဘတ်ကို၂လက်မခန့်ချိုင့်ဝင်အောင် အကြိမ်ရေများများဖိပေးပါ။ ဖိတဲ့အခါမှာ ခပ်မြန်မြန်လုပ်ရမယ်ဆိုပေမယ့် ရင်ဘတ်ြပန်ဖောင်းလာအောင်စောင့်ပြီးမှ နောက်တစ်ကြိမ်ဖိပါ။ တစ်မိနစ်ကို အနည်းဆုံးအကြိမ် ၁၀၀ လောက် CPR လုပ်ပေးလို့ရပါတယ်။ ဒါမှ အသက်ရှူမလာသေးရင် နှုတ်ခမ်းမှတဆင့်လေမှုတ်သွင်းပေးတဲ့နည်းကိုသုံးရပါမယ်။
  • လူနာကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်၊ အကြောက်မလွန်အောင် ထိန်းပေးပါ၊ စကားမပြတ်ပြောပေးပါ။
  • သွေးထွက်နေရင် ပတ်တီးသို့မဟုတ် အဝတ်တစ်ခုနဲ့ ဒဏ်ရာကိုဖိထားပေးပါ။ ထိခိုက်တဲ့နေရာကခြေ သို့မဟုတ် လက်ြဖစ်ခဲ့ရင် ရင်ဘတ်နဲ့တစ်တန်းတည်းဖြစ်အောင်မြှင့်ထားပေးပါ။
  • လူနာကို ရေမတိုက်ပါနဲ့။ ဒဏ်ရာရနေသူကို အစားအသောက်ကျွေးခြင်းက အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုဖြစ်လာစေနိုင်ပါတယ်။
  • ထိခိုက်ဒဏ်ရာသိပ်မကြီးတဲ့ စက်ဘီးနဲ့တိုက်မိတာ၊ ပွတ်မိတာတို့လို မတော်တဆမှုတွေမှာတော့ လူနာကို တွဲကူပြီး ကျန်းမာရေးစောင့်ရှောက်သူတွေဆီ ပို့ဆောင်ပေးပါ။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement