backup og meta

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

    ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ် ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ် ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။

    ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား

    နာကျင်မှုနဲ့အတူ နီရဲရောင်ရမ်းမှုတွေ ဖြစ်နေမယ်ဆိုရင် ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ် ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

    ရေနွေးအိတ်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကြွက်သားနာကျင်တဲ့အခါ အသုံးဝင်ပါတယ်။

    ဘယ်လိုနာကျင်မှုတွေကို ဘာကပ်ရမလဲဆိုတာကို ဥပမာပေးရမယ်ဆိုရင်

    • ဂေါက်ရောဂါကြောင့် အဆစ်တွေ ရုတ်တရက် နာလာပြီဆိုရင် ရေခဲဝတ်ကို ကပ်ပေးပါ။ အရောင်ကျစေသလို အေးတာကြောင့် နာတာတွေ ထုံသွားနိုင်ပါတယ်။
    • ခေါင်းကိုက်တယ်ဆိုရင်တော့ နဖူး၊ နားထင်ကြောတွေကို ရေခဲဝတ်လေး တင်ထားပေးပါ။ တကယ်လို့ ဇက်ကြောတွေ တက်တာကြောင့်ဆိုရင်တော့ ပုခုံးမှာ ရေနွေးဝတ်လေး ကပ်ထားပေးပါ။
    • ပေါင်၊ ခြေသလုံး နဲ့ ခါးက ကြွက်သားတွေ တောင့်တင်းနေမယ်။ အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့ တောင့်တင်းနေရင်ဖြစ်ဖြစ် ရေနွေးအိတ် လေးကပ်ပေးတာက သက်သာစေမှာပါ။
    • ဒူး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာ ထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင်မှာ ရေခဲဝတ်ကပ်ပေးနိုင်ပါတယ်။ အရောင်ကျသွားပြီ ဒဏ်ဖြစ်လို့ နာနေတာဆိုရင်တော့ ရေနွေးဝတ်ကပ်ပေးနိုင်ပါတယ်။
    • လူကြီးတွေမှာ ဒူးနာနေတယ်။ ရောင်နေတယ်ဆိုရင် အရင်ဆုံး ရေခဲဝတ်ကပ်ပေးပါ။ အရောင်ကျသွားမှ ရေနွေးအိတ်ကပ်ပေးပါ။

    ရေခဲဝတ်နဲ့ ရေနွေးအိတ်တို့ရဲ့ အားသာချက်

    ရေခဲဝတ်ကပ်တာက သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေတာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    ရေနွေးအိတ်ကတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်။ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တယ်။

    သတိထားရမယ့် အချက်လေးတွေက

    ပူလွန်းရင်ပဲဖြစ်ဖြစ်၊ အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်၊ ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာ အသေအချာပါ။

    ရေနွေးအိတ်ကပ်မယ်ဆိုရင်

    • အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။
    • ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။
    • ထိခိုက်ဒဏ်ရာပြတ်ရှဒဏ်ရာတွေကို ရေနွေးအိတ်မကပ်ပါနဲ့။
    • ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

    ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

    ရေခဲဝတ်ကပ်မယ်ဆိုရင်

    • ရေခဲက အေးလွန်းတာကြောင့် အသားအရေ  ကျိန်းစပ်တာမျိုးမဖြစ်စေဖို့ ရေခဲတွေကို တဘက်နဲ့ သေချာထုတ်ပြီးမှ ကပ်ပေးပါ။
    • သွေးလည်ပတ်မှု မကောင်းတဲ့သူတွေအနေနဲ့ ရေခဲဝတ်မကပ်သင့်ပါဘူး။
    • အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။
    • ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
    • ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ အရည်ကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။

    ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

    ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက် ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။ နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement