အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ

လည်ပင်းဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်မှာ အလုပ်အများဆုံးသော အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ သူ့ရဲ့ ကြွက်သားေတွက အမြဲလှုပ်ရှားနေပြီး တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ ကာကွယ်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ ထိခိုက်မိနိုင်ပါတယ်။ နာကျင်မှုဆိုတာ တစ်ဘက်တည်းဖြစ်နိုင်သလို နှစ်ဘက်လုံး ညောင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ နေထိုင်မှုပုံစံေကြာင့် သာမန်ညောင်းကိုက်တတ်ပြီး အာရုံကြောထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ အစရှိတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လည်ပင်းဟာ တခြားအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူ့ရဲ့ ကြွက်သားတွေ ညောင်းကိုက်နေပြီဆိုရင် ပုခုံး၊ လက်မောင်း၊ ခါး၊ ကျောရိုး၊ မေးရိုး၊ ဦးခေါင်းမှာပါ နာကျင်ကိုက်ခဲမှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ နာကျင်မှုဟာ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားမယ် ဆိုပေမယ့်လည်း ဆက်တိုက်ဆိုသလို လည်ပင်းက ညောင်းညာကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဘာကြောင့် မကြာခဏ လည်ပင်းတွေ ညောင်းကိုက်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

ဇက်ကြောလေးတက်တယ်၊ ညောင်းလာတယ်ဆိုတာနဲ့ ဇက်ကလေးဘယ်ညာစောင်းပြီး ဖြောင်းခနဲချိုးလိုက်တာပဲလား။ ကိုယ့်အနီးအနားကလူတွေရော အဲ့လိုအညောင်းဖြေတာ မကြာခဏကြားနေရလား။တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေ ပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်းပါပါတယ်။ ဇက်ကြောတောင့်နေရင် ဖြောင်းခနဲမြည်အောင် ချိုးတာ မသက်သာပါဘူး။ ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင် ဒါပေမယ့် ဒီလိုချိုးတာ လုံးဝမကောင်းတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကိုချိုးတာ၊လေ့ကျင့်ခန်းလုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကို  မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။ ဘာလို့ အသံမြည်တာလဲ ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဇက်ကြောတောင့်တင်းတာသက်သာစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်း

စာအုပ်နဲ့မျက်နှာမခွာရလို့၊ အလုပ်စားပွဲကနေ ဖင်ကြွမရလို့၊ ဖုန်းတကိုင်ကိုင်မို့လို့၊ တီဗီရှေ့မှာတောက်လျှောက်မော့နေလို့၊ ကွန်ပျူတာရှေ့ကျောက်ချနေလို့၊ ဂိမ်းဆော့တာများလို့ စတဲ့အကြောင်းကြောင်းကြောင့် ဇက်ကြောတက်၊ အကြောတောင့်တင်းတာတွေဖြစ်တတ်တယ်နော်။ ဒီလိုဖြစ်လာရင် ဘာလုပ်လဲ ခဏထပြီး ဟိုလျှောက်ဒီလျှောက်လုပ်တယ်၊ခြေလက်တွေ ဟိုဆန့်ဒီဆန့်နဲ့ အညောင်းဆန့်တတ်ကြပါတယ်။ ဒါပေမယ့်ပြန်ဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ အညောင်းဆန့်တဲ့အခါ နည်းမမှန်သေးလို့ပါ။ ဇက်ကြောတောင့်တင်းတာသက်သာစေမယ့်လေ့ကျင့်ခန်းလေးလုပ်ကြည့်ရင်ခေါင်းမူးနေတာ၊ အိပ်ငိုက်နေတာပါပျောက်သွားဦးမှာ။ အကြောပြေပြီးခေါင်းကြည်စေမယ့် ဒီလေ့ကျင့်ခန်းကတော်တော်များများသိထားပြီးသားပါ။ တဂျွတ်ဂျွတ်နဲ့မြည်အောင် ဇက်ချိုးတာထက် ဒီနည်းလေးကိုပဲ စနစ်တကျလုပ်ပါ၊ တကယ်သိသာပါတယ်။ လွယ်လွယ်လေးရယ် - ငုံ့၊ မော့ - ထိုင်လျက်အနေအထားမှာပဲလုပ်လို့ရပါတယ်။ မတ်မတ်နေပြီး ဦးခေါင်းကို (မေးစေ့က ရင်ညွန့်ကိုထိတဲ့အထိ)ဖြည်းဖြည်းချင်း ငုံ့ချပါ။ ၅ စက္ကန့်လောက်ထားပြီးမှ နဂိုပုံစံပြန်နေပါ။မေးကိုမော့ပါ(မျက်နှာကြက်ဆီမော့ကြည့်ပါ)။ ၁၀ စက္ကန့်ထားပြီး နဂိုပုံစံပြန်နေပါ။ ဘေးစောင်း -ဦးခေါင်းကိုတဖြည်းဖြည်းဘေးဘက်စောင်းပါ။ နားရွက်က ပခုံးကိုထိတဲ့အထိ။ ၅ စက္ကန့်လောက်ထားပြီး နဂိုအနေအထားပြန်နေပါ။ ဘယ်၊ညာ တစ်ဖက်ကို ငါးကြိမ်လောက် လုပ်လို့ရပါတယ်။ ဇက်ကြောဆန့် -ခန္ဓါကိုယ်ကို မတ်မတ်ထားပြီးမေးစေ့ကိုရှေ့ဘက်တတ်နိုင်သလောက်ထုတ်ပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျောနာခြင်း ( ခါးနာခြင်း )တွေကို သဘာဝအတိုင်းသက်သာစေနိုင်မယ့် နည်းလမ်း (၆)သွယ်

သင့်ဘဝတစ်သက်တာလုံးမှာ ခါးနာတာေတွ၊ ကျောနာခြင်း တွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားဖူးမှာပါ။ တစ်ခါတလေမှာ ပြင်းထန်တတ်ပါတယ်။ ဆိုလိုတာက ခါးနာခြင်း က ဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်တွေ ကျဉ်နေတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေမှာ ဆရာဝန်တွေဆီ အရင်သွားသင့်ပါတယ။် ဒါပေမဲ့ ခါးနာတဲ့အခြေအနေအားလုံးက ဆေးခန်းသွားနေဖို့လိုတာမဟုတ်ပါဘူး။ ဒီနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာအောင် လုပ်ယူလို့ရပါတယ်။ နံနက်ခင်းပိုင်း ကျောနာခြင်း တွေကို လျှော့ချမယ်။ နံနက်နိုးလာတဲ့အချိန်မှာ ကျောနာ၊ ခါးနာတာတွေက ပိုဆိုးနိုင်ပါတယ်။ မထိုင်နိုင်လောက်တဲ့ထိ နာကျင်တောင့်တင်းနေတာတွေကို ခံစားရမှာပါ။ ပက်လက်လှန်နေစဉ် ဒါမှမဟုတ်လည်း မှောက်ခုံအနေအထားမှာ ကျောပေါ်မှာ၊ ကျောအောက်မှာ စသဖြင့် အနွေးအိတ်လေးထားသင့်ပါတယ်။ အပူဓါတ်က ကြွက်သားတွေကို သွေးပူစေပြီး တောင့်တင်းမှုတွေကိုလျှော့ချပေးပါတယ်။ ပြီးတော့ နောက်ကျောက သွေးစီးဆင်းမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ရေနွေးအိတ်တွေ၊ အပူဓါတ်ပေးတာတွေကို […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ ။ ။

ကိုယ်ခန္ဓါတစ်ခုရဲ့ အရိုးဖွဲ့စည်းမှု စနစ်လို့ဆိုလိုက်တာနဲ့ အရွတ်တွဲနဲ့ အရွတ်ကို ချန်ခဲ့လို့မရပါဘူး။ အရွတ်တွဲ ( Ligaments) ဆိုတာ အရိုးအချင်းချင်းဆက်ပေးတာဖြစ်ပြီး အရွတ် ( tendon ) ကတော့ အရိုးနဲ့ ကြွက်သားကိုဆက်ပေးတဲ့ အရာဖြစ်ပါတယ်။ သူတို့နှစ်ခုလုံးကို fibrous connective tissue လို့ခေါ်တဲ့ ကော်လာဂျင်အလွှာထူထူကြီးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာပါ။ collagenous tissues တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက ကောင်းနေပေမယ့် အရွတ်တွေအပေါ် ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုခု ရှိခဲ့မယ်ဆိုရင်တော့ အရွတ်ပြဲတာ၊ အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။ အရွတ်တွဲနဲ့ အရွတ် ဘာကွာခြားလဲ ။ ။ အရွတ်တွဲ ( Ligaments) အရွတ်တွဲတွေဆိုတာ အရိုးတစ်ခုနဲ့ တစ်ခုကြားက အဆစ်ထဲမှာ အရိုးတွေကိုဆက်ပေးထားတဲ့ အရွတ်တွဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရွတ်တွဲကျန်းမာနေမှ အဆစ်အမြစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့မှာပါ။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း

ဂေါက်ရိုက်ခြင်းဟာ လူကြိုက်များရေပန်းစားတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ခါး ၊ ပခုံး ၊ လက်ကောက်ဝတ် နှင့် ဒူးနာခြင်းတို့ကိုဖြစ်စေနိုင်ပြီး အသက်အရွယ်မရွေး ၊ အပျော်တမ်းရိုက်သူနှင့် ကျွမ်းကျင်ပညာရှင်မရွေးဖြစ်နိုင်ပါတယ်။ ယခုဆောင်းပါးကတော့ ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်းတို့အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုဘယ်လိုသက်ရောက်စေသလဲဆိုတာနဲ့ ကာကွယ်ဖို့သင်ဘာတွေလုပ်နိုင်လဲဆိုတာကိုကြည့်ကြပါစို့ ။ ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း ။ ဂေါက်ရိုက်ခြင်းဆိုသည်မှာ လှုပ်ရှားမှုပုံစံမျိုးစုံ ၊ ကိုယ်နေဟန်ထားမျိုးစုံပါဝင်ပါတယ်။ ဂေါက်ရိုက်စဉ်မှာ ဒဏ်ရာရရှိခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေနိုင်ပါတယ် ။ ထိခိုက်ဒဏ်ရာများ ။ သင်ဂေါက်ရိုက်တဲ့အခါမှာ ဒူးနာခြင်းဖြစ်ပေါ်လာနိုင်ပါတယ် ။ မတော်တဆထိခိုက်ဒဏ်ရာများဟာ သင်ဂေါက်ရိုက်တံကိုလွှဲလိုက်တဲ့အခါ ခန္ဓါကိုယ်အမြန်လည်သွားခြင်းနှင့် ဆက်စပ်နေပါတယ် ။ ဒါဟာ အရွတ်တွေကိုဖိအားပိုမိုသက်ရောက်စေပါတယ်။ သင့်ဒူးမှာရှိတဲ့ အရွတ်များဟာ ဒူးကိုတည်ငြိမ်နေစေဖို့အတွက်အရေးကြီးပါတယ် ။ ဥပမာ ဒူးအရှေ့ဘတ်ရှိ အရွတ်ဟာ ဒူးအလယ်ကနေဖြတ်သွားနေပြီး သင့်ရဲ့ဦးတည်ချက်ကိုအမြန်ပြောင်းလိုက်တဲ့အခါ ဒူးမှာဒဏ်ရာရရှိပြီး ထိုအရွတ်ဟာစုတ်ပြဲသွားနိုင်ပါတယ် ။ သင်ဟာဒူးကိုအမြန်ကွေးခြင်း (သို့မဟုတ်) လှည့်ခြင်းပြုလုပ်တဲ့အခါအရိုးနုအရွတ်ပြားလေးဟာလည်းစုတ်ပြဲသွားနိုင်ပါတယ် ။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာ (၅) ဦး

ဒူးနာတယ်ဆိုတာ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတတ်တဲ့အရာမဟုတ်။ ခုသက်သာသွားလည်း အခန့်မသင့်တိုင်းပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ပါ။ လမ်းလျှောက်ရင်းနဲ့၊လှေကားတက်ဆင်းရင်းနဲ့၊ အထိုင်အထလုပ်ရင်းနဲ့ မျက်ခနဲဖြစ်ပြီဆို သွားပြီလေ။ ဒူးနာရတဲ့အကြောင်းရင်းတွေက အဆစ်နာရောဂါလား၊ ထိခိုက်မှုရှိလို့လား၊ အရိုးပွနေတာလားအမျိုးမျိုးရှိနိုင်တယ်။ ဒူးအဆစ်ထဲမှာ ပြဿနာရှိနေတာလား၊ အရွတ်တွေထိထားတာလားဆိုတာ စစ်ဆေးကုသမှုလုပ်ပြီးမှ သိနိုင်မှာပါ။ ဆရာဝန်နဲ့ ကုပြီးပြီပဲထားပါဦး၊ သက်သာပြီးနောက်ပိုင်း တော်ရုံနည်းနည်းနာတာလောက်တော့ ခဏခဏဆေးခန်းမပြေးနိုင်ကြဘူးမဟုတ်လား။ အချိန်လည်းပေးရမယ်၊ ငွေလည်းရှိရမယ်၊ အတူလိုက်ပို့ပေးမယ့်သူလည်းရှိရမယ် ဆိုတော့ ဒဏ်ကြေဆေးနဲ့ ပလာစတာပဲ အားကိုးကြရတာပဲ။ ဒီလိုအချိန်မှာ အပြင်ကဝယ်စရာမလိုဘဲ အိမ်မှာရှိတတ်တဲ့ပစ္စည်းတွေနဲ့ပဲ သဘာဝနည်းနဲ့ ကုသနိုင်မယ်ဆို ပိုအဆင်ပြေနိုင်မလား။ ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာတွေကို မိတ်ဆက်ပေးလိုက်ပါမယ်။ (၁) နာနတ်သီး၊ သစ်ကြံပိုးခေါက်၊ အုတ်ဂျုံ ဒီသုံးမျိုးရောစပ်ထားတဲ့ မနက်စာမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်တဲ့အပြင် နာနတ်သီးမှာရောင်ရမ်းမှုလျော့ကျစေတဲ့ bromelainဒြပ်ပေါင်းပါဝင်လို့ နာကျင်တာ၊ ရောင်ရမ်းတာတွေသက်သာစေနိုင်ပါတယ်။ ကွေကာကြမ်း(အုတ်ဂျုံ)ကို ကျိုပြီးရေတစ်ခွက်၊ လိမ္မော်ရည်တစ်ခွက်၊ အတုံးသေးတုံးထားတဲ့ နာနတ်သီး ပန်းကန်လုံးသုံးလုံးစာ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

မြီးညှောင့်ရိုးနာနေတာ ဘယ်လိုသက်သာအောင်လုပ်မလဲ

ထိုင်လို့မရဘူး မြီးညှောင့်ရိုး နာနေတယ်၊ ထိုင်လိုက်တိုင်း အခင်းလေးခုပြီးထိုင်ရတယ်ဆိုတာတွေ တွေ့ရဖူးပါတယ်။ ပိန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပေမယ့် လူတိုင်းဖြစ်နိုင်ခြေရှိတဲ့ဝေဒနာပဲဖြစ်ပါတယ်။ မြှီးညှောင့်ရိုးနာတယ်ဆိုတာကျောရိုးမကြီးအဆုံးနားက အရိုးထိပ်ပိုင်းအတွင်းနဲ့ပတ်လည်က နာကျင်မှုဖြစ်ပါတယ်။ ဘာလို့နာတတ်လဲဆိုတော့ချော်လဲလို့၊ မာကျောတဲ့ကြမ်းပြင် ဒါမှမဟုတ်နေရာကျဉ်းကျဉ်းလေးမှာ အချိန်ကြာကြာထိုင်ရလို့၊ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေမကောင်းတော့လို့၊ ဒါမှမဟုတ် ရိုးရိုးမီးဖွားထားလို့ စတဲ့အကြောင်းရင်းတွေရှိပါတယ်။ မြီးညှောင့်ရိုးနာနေတာ က ဒီအတိုင်းဆိုသိပ်မသိသာဘဲ နည်းနည်းပဲနာနေတတ်ပေမယ့် ထိုင်ချလိုက်တဲ့အချိန်၊ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တာ ဒါမှမဟုတ် ကြာကြာမတ်တပ်ရပ်လိုက်တဲ့အချိန် လိုမျိုး လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါမှာ စူးပြီးနာကျင်ရပါတယ်။ ဝမ်းသွားတဲ့အချိန် နဲ့ လိင်ဆက်ဆံတဲ့အချိန်မှာလည်း နာကျင်လာနိုင်ပါတယ်။ မိန်းကလေးတွေဆို ရာသီလာတဲ့အချိန်မှာ ပိုပြီးအဆင်မပြေဖြစ်ရတတ်ပါတယ်။ ဘယ်လိုသက်သာအောင် လုပ်မလဲ ပုံမှန်အားဖြင့်တော့ တစ်ပတ်နှစ်ပတ် ဒါမှမဟုတ် လအနည်းငယ်အထိ ခံစားရတတ်ပါတယ်။ဖြစ်နေတဲ့အချိန်မှာ နာကျင်မှုသက်သာအောင် ဒီအချက်လေးတွေ သတိထားသင့်ပါတယ် - ထိုင်တဲ့အခါလျှောပြီးထိုင်ပါ။ ထိုင်တဲ့အခါ ဒိုးနတ်ပုံစံ အခင်းပျော့အဝိုင်းကို ခုထိုင်ပါ ဒါမှမဟုတ် ဆိုဖာလိုပျောပျောင်းတဲ့အရာတစ်ခုခုနဲ့ထိုင်ပါ။ နာကျင်တဲ့နေရာကိုရေနွေး ဒါမှမဟုတ်ရေခဲကပ်ပေးပါ။ […]


အခြား အရိုးရောဂါများ

ဒါတွေက အရိုးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား

အရိုးအဆစ်တွေကျန်းမာမှ ဒီခန္ဓာကိုယ်တစ်ခုလုံးကိုသယ်ပိုးပြီး လှုပ်ရှားလုပ်ကိုင်နိုင်မှာပေါ့။ ဒီလိုကျန်းမာဖို့က အရိုးအဆစ်အတွက်ဆိုပြီးကယ်လ်စီယမ်တွေချည်း လိုက်ရှာနေရုံလောက်နဲ့ မရပါဘူး။ ဆောင်သင့်တာဆောင်ပေမယ့်လည်း ရှောင်သင့်တာရှောင်နိုင်ဖို့ လိုအပ်တာမို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ပါတယ်။ (၁) အငန်စားများတာ အငန်စားတာများလေ အရိုးပါးအရိုးပွလေပါပဲနော်။ Asia Pacific Journal of Clinical Nutritionမှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနအရ အငန်များတာတွေစားတဲ့သူတွေဟာ အရိုးပွရောဂါပိုအဖြစ်များတယ်လို့ သိရပါတယ်။ ပေါင်မုန့်၊ ချိစ်၊ အာလူးကြော်တို့မှာ အရသာမငန်လည်း အငန်ပါဝင်မှုများပါတယ်။ (၂) ရုပ်ရှင်အကြာကြီးကြည့်တာ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကို ထိုင်ကြည့်ရင်းကြည့်ရင်း တီဗီရှေ့တစ်နေကုန်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမလှုပ်ရှားဘဲ စားလိုက်ကြည့်လိုက်လုပ်နေတာ အဝလွန်တဲ့အန္တရာယ်တစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထမ်းပိုးပြီးအရိုးနဲ့ကြွက်သားတွေက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး လှုပ်ရှားတာ အရိုးအတွက်ကောင်းပါတယ်။ (၃) စက်ဘီးအရမ်းစီးတာ စက်ဘီးစီးတာက နှလုံးနဲ့အဆုတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ ကောင်းတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် အရိုးအတွက်ကျတော့ရော။ အရမ်းများရင်တော့ မကောင်းပါဘူးနော်။ ကိုယ်အလေးချိန်ကို ထမ်းပိုးရတဲ့ […]


အဆစ်ရောင်ရောဂါများ

ခြေမအဆစ်မှာ ဖြစ်တတ်တဲ့ ဘူနီယွန်

ခြေမအရင်းက အဆစ်မှာ ဖုပြီး ကိုက်ခဲနာကျင်ရတယ်၊ ရောင်နေတတ်တယ်ဆိုရင်ပဲ အဆစ်နာဂေါက်ရောဂါဖြစ်နေပြီလို့ ယူဆကြပါတယ်။ ယူရစ်အက်စစ်တွေများပြီး အဆစ်မှာစုပုံလို့ အခုလိုခံစားရတာလို့ ဆေးမစစ်ဘဲ တစ်ထစ်ချ ထင်မြင်လိုက်တာပဲ များပါတယ်။ ဒါပေမယ့် ဒါကတော့ ဂေါက်မဟုတ်တဲ့ ဘူနီယွန် (Bunion) ဖု ဖြစ်ပါတယ်။ ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP)joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီးတဖြည်းဖြည်းနဲ့ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်နဲ့ဘာကွာလဲဆိုတော့ ဂေါက်ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံးရောင်ရမ်း၊နီရဲ၊ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာကျတော့ ခြေမအရင်းအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ ဒီလက္ခဏာတွေ ဖြစ်လာမယ် သူ့ရဲ့အထင်ရှားဆုံးလက္ခဏာက ခုနပြောသလို ခြေအဆစ်မှာ မာကျောတဲ့ဖုတစ်ခုဖြစ်လာတာပါ။ အဲဒီဖုက နာကျင်ရမယ်၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း