ဘာအန္တရာယ်ရှိနိုင်လို့လဲ
ဇက်ကြောချိုးတာက အခန့်မသင့်ရင်၊ နည်းမမှန်ရင်၊ မကြာခဏ လုပ်လွန်းရင် အရိုးအဆစ်ကို ထိခိုက်စေနိုင်ပါတယ်။
တော်တန်ရုံအညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ ဖြောင်းခနဲမြည်အောင် ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလို ဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကို နာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis)ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများစေပါတယ်။
လည်ပင်းဇက်ကြောဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေရှိတဲ့နေရာမို့ ဇက်ကြောချိုးလွန်းရင်၊ ပြင်းထန်ရင်သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေ သွေးခဲပိတ်ဆို့တာ ဖြစ်စေနိုင်ပြီး ဦးနှောက်ကိုသွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။
တကယ်လို့ –
- လည်ပင်းမှာ ပုံမှန်မဟုတ်တဲ့ ရောင်ရမ်းမှုတစ်ခုခုဖြစ်လာရင်
- ဇက်ကြောမှာ နာကျင်လာရင် (အထူးသဖြင့် အကြောင်းရင်းသေသေချာချာမရှိဘဲ ကြာရှည်နာကျင်လာရင်)
- အဆစ်တွေ လှုပ်ရှားရခက်လာရင် (အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်တယ်၊ အဆစ်နာရောဂါကြောင့်လည်းဖြစ်နိုင်တယ်) ဆရာဝန်ပြပါ။ ကုသမှုအပြင် လိုအပ်တဲ့ နေထိုင်မှုပုံစံတွေ၊ လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်ကုထုံးဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဇက်ကြောတက်တဲ့အခါ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကို နောက်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။