လူအများစု သတိမထားမိတတ်ကြတဲ့ အရာတွေထဲမှာ သွားကျန်းမာရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၆လမှ ၁၂လအတွင်း ပထမဆုံးသွား စတင်ပေါက်လာတဲ့ အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ ကိုယ့်ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ သွားကို ဂရုစိုက်ပေးခြင်းဟာ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓါကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။