backup og meta

ကလေးကို ဘယ်လို သွားတိုက်ပေးမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်လို သွားတိုက်ပေးမလဲ

    ကလေးငယ်တွေအတွက် ငယ်သွားလေးတွေဟာ အလွန်အရေးကြီးလှပါတယ်။ ငယ်သွားတွေဟာ သိပ်မကြာခင်မှာပဲ လူကြီးသွားတွေနဲ့ အစားထိုးရသော်လည်း သူတို့တွေဟာ ကလေးငယ်တွေ အစာကို ဝါးစားနိုင်ဖို့ကူညီပေးပါတယ်။ ထို့ပြင် စကားပြောရာတွင် ပီသပြတ်သားဖို့ အထောက်အကူ ပြုသကဲ့သို့ လူကြီးသွားတွေပေါက်လာချိန်မှာလည်း နေရာတကျဖြစ်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒီလို အဖိုးတန်တဲ့ ငယ်သွားလေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ။

    ကလေးငယ်ရဲ့ သွားတွေကို ဘယ်အချိန်မှာ စတင်ထိန်းသိမ်းကြမလဲ။

    ကလေးငယ်တွေမှာ သွားတွေ မပေါက်မီကပင် သွားနှင့်ခံတွင်း ထိန်းသိမ်းမှုကိုပြုလုပ်ကြရမှာပါ။ ကလေးငယ်ကို အစာကျွေးပြီးတိုင်း ပါးစပ်နှင့်သွားဖုံးတို့ကို ဂရုတစိုက် သန့်စင်ပေးရပါမယ်။ ဒါမှ ကလေးငယ်ရဲ့ သွားဖုံးအောက်ခြေနားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားကပ်တွယ်ခြင်းမှ ကာကွယ်နိုင်မှာပါ။ ဘက်တီးရီးယားတွေဟာ သတိမပြုလိုက်မီမှာပဲ ကလေးငယ်ရဲ့ပေါက်ခါစသွားလေးတွေကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။

    ကလေးငယ်ရဲ့ သွားနှင့်ခံတွင်းကို စိုစွတ်ပျော့ပျောင်းတဲ့အဝတ်စ သို့ ပဝါပါးလေးနဲ့သန့်စင်ပေးနိုင်ပါတယ်။ ထိုသို့သန့်စင်ပေးခြင်းကို တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် ဖြစ်နိုင်ရင် အစာကျွေးပြီးတိုင်း ပြုလုပ်ပေးသင့်ပါတယ်။ ဒါဟာ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါမှာလည်း သွားနှင့်ခံတွင်းကို သန့်ရှင်းအောင်ထားတတ်ဖို့ အလေ့အကျင့်ကောင်းရစေပါတယ်။ သို့ဖြစ်၍ မိဘတွေအနေနဲ့ မမေ့မလျော့ ပြုလုပ်ပေးရပါမယ်။ သွားတွေ စပေါက်ချိန်မှာတော့ သွားပွတ်တံနဲ့သွားတိုက်ဆေးကို သုံးစရာမလိုသေးပါဘူး။ ဆန္ဒရှိမယ်ဆိုရင်တော့ သွားဖုံးကိုသန့်စင်ဖို့ အထူးစီမံပြုလုပ်ထားတဲ့ ပါးလွှာပြီး ရော်ဘာနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ထိုပစ္စည်းလေးကို သင့်လက်ချောင်းမှာပတ်ပြီး သုံးနိုင်တဲ့အတွက် သွားတွေကို သန့်စင်ပေးရာမှာလည်း လွယ်ကူချောမွေ့စေမှာပါ။

    ကလေးတွေကို ဘယ်လိုမျိုး သွားတိုက်ပေးသင့်သလဲ

    • သွားဖုံးမှ သွားများစပေါက်လာတဲ့ အချိန်မှစ၍ သွားတိုက်ခြင်းကို ပြုလုပ်နိုင်ပါပြီ။ (ယေဘူယျအားဖြင့် အသက် ၆ လမှ ၁၈ လဝန်းကျင် )

    ကလေးတွေအတွက် သင့်တော်တဲ့ သွားပွတ်တံတစ်ချောင်းမှာ ပါဝင်ရမှာတွေကတော့-

    • သေးငယ်တဲံ့ဲထိပ်ခေါင်း-ဒါမှ ကလေးငယ်ရဲ့ ပါးစပ်သေးသေးလေးထဲက ချောင်ကြိုချောင်ကြားပါမကျန် သန့်စင်နိုင်မှာပါ။
    • ကြီးမားသောလက်ကိုင်-၎င်းဟာ သင်နဲ့သင့်ကလေး(ကိုယ်တိုင် သွားတိုက်နိုင်တဲ့အရွယ် )အတွက် သွားတိုက်တံ ထိန်းကိုင်ဖို့ လွယ်ကူစေမှာပါ။
    • နူးညံ့ပျော့ပျောင်းသောသွားပွတ်တံအမွေးနု-၎င်းဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့သွားဖုံးကို အနာတရမဖြစ်စေပါဘူး။ ထို့ပြင် သွားတွေကိုကြမ်းတမ်းစွာပွတ်တိုက်မိခြင်းမှ လည်း ရှောင်ရှားနိုင်မှာပါ။
    • ကလေးငယ်ရဲ့ ခံတွင်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သွားပွတ်တံမျိုးဝယ်ဖို့ တိုက်တွန်းထားပါတယ်။

    ကလေးငယ်တွေအတွက် သင့်တော်တဲ့ သွားနှင့်ခံတွင်းထိန်းသိမ်းခြင်းဆိုတာဟာ

    • တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း(မနက်အိပ်ရာထစတစ်ကြိမ် နှင့် ညအိပ်ရာမဝင်မီတစ်ကြိမ်)
    • လုံလောက်တဲ့ သွားတိုက်ဆေးပမာဏကို သုံးစွဲပါ။(ကလေးငယ်ရဲ့ ငယ်သွားအတွက် ဂျုံစေ့ အရွယ်ခန့် ပမာဏလောက်ဆို လုံလောက်ပါတယ်။ အသက် ၃ နှစ်ပြည့်ပြီးရင်တော့ ပဲစေ့ပမာဏခန့်အထိ တိုးမြှင့်သုံးစွဲနိုင်ပါတယ် ။ မိဘတွေကို ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေးမျိုးသုံးပေးဖို့ တိုက်တွန်းထားကြပါတယ်။ ဖလိုရိုက်ဒ် က ကလေးတွေရဲ့သွားမှာရှိတဲ့ ကြွေလွှာကို ကြံ့ခိုင်စေပါတယ်။
    • သွားပွတ်တံကို ၃ လတစ်ကြိမ်လဲပေးပါ။ ဒါမှမဟုတ် သွားပွတ်တံရှိအမွေးလေးတွေ မကောင်းတော့ရင်လည်း လဲပေးသင့်ပါတယ်။
    • ကလေးရဲ့သွားတွေ သေးငယ်ပြီး ကျဲနေချိန်မှာ သွားပွတ်ကြိုးကိုသုံးစရာမလိုပါဘူး။ သို့သော် ကလေးရဲ့သွားမျက်နှာပြင်ဟာ မာကျောခိုင်ခံ့လာပြီဆိုရင်တော့ သုံးနိုင်ပါပြီ။ ဒါပေမယ့် ခံတွင်းအတွင်းပိုင်းတွေကိုတော့ သန့်စင်ပေးနိုင်မှာမဟုတ်ပါဘူး။

    ကလေးငယ်တွေ ပလုပ်ကျင်းတာကအစ အဆင်ပြေစွာလုပ်နိုင်တဲ့အထိ မိဘတွေက ကူညီပြသပေးရမှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement