
နှုတ်ခမ်းလေးက နှင်းဆီဖူးလေးလို နီနီဖူးဖူးလေးလှလိုက်တာ။ ပန်းရောင်သွေးကြွယ်နေတဲ့ နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိလိုက်တာနော်ဆိုပြီး အားကျနေတဲ့သူတွေများရှိလား။ ဒါဆို ဒီဆောင်းပါးလေးက သင့်ဖြစ်ချင်နေတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ဖို့ အထောက်အပံ့ပေးနိုင်မှာပါ။
နှုတ်ခမ်းသားတွေ ညိုမဲနေသလား
ဆေးတွေသောက်ရတာ၊နေ့စဉ်နေထိုင်မှုဘဝပုံစံအနေအထားတွေကြောင့် နှုတ်ခမ်းသားတွေညိုနေတာ၊ မဲနေတာမျိုးခံစားရနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေ၊ရေသောက်နည်းတဲ့သူတွေရဲ့ နှုတ်ခမ်းသားကလည်း ကျန်းမာရေးအားနည်းပါတယ်။ ဒါတွေအပြင်ဒီအချက်တွေကြောင့် နှုတ်ခမ်းသားတွေညိုမဲနိုင်ပါသေးတယ်။
နှုတ်ခမ်းလေးပန်းရောင်သွေးကြွယ်စေဖို့
သကြား – သကြားကို နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကိုထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကိုရောပြီး သမအောင်မွှေပေးပါ။ ဒီအရောကို နှုတ်ခမ်းသားပေါ်မှာ ထူထူလေးလူးပေးပါ။ ပြီးရင်လက်ချောင်းလေးတွေသုံးလို့ ခပ်ဖွဖွလေးပွတ်ပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ထောပတ်က နှုတ်ခမ်းသားအစိုဓါတ်ကို ထိန်းပေးပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရပါမယ်။
ပျားရည်– နှုတ်ခမ်းသားလေးတွေတောက်ပစေဖို့ အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ နှုတ်ခမ်းသားကို နူးညံ့စေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ နှုတ်ခမ်းပေါ်မှာ ပျားရည်ခပ်ပါးပါးလေးလိမ်းပြီး အိပ်ပေးပါ။ သီတင်းပတ်နည်းနည်းကြာတဲ့အထိ ဆက်တိုက်လုပ်ပေးမယ်ဆိုရင် နငတ်ခမ်းသားအရောင်ပြောင်းလဲကောင်းမွန်လာတာကိုတွေ့ရမှာပါ။
သံပုရာရည် – သံပုရာသီးက အစွန်အထင်းတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားညိုနေသူတွေအတွက်လည်း အသုံးတည့်မှာပါ။ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်ကို နှုတ်ခမ်းပေါ်မှာလိမ်း
လက်ချောင်းလေးတွေသုံးလို့နှိပ်နယ်ပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်အိပ်ရာထတဲ့အခါရေအေးအေးလေးသုံးလို့ ဆေးချလိုက်ပါ။
ဘယ်ရီသီးတွေ –စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးလိုမျိုး ဘယ်ရီသီးတွေက နှုတ်ခမ်းသားကို ပန်းသွေးရောင်ကြွယ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေကို ပျားရည်စစ်စစ်၊
ရှားစောင်းလက်ပပ်အနှစ်တို့နဲ့သေချာရောစပ်ပြီးမွှေပါ။ အနှစ်ကို နှုတ်ခမ်းပေါ်မှာလိမ်းပြီး ၅ မိနစ်ကြာလိမ်းထားပေးပါ။ပြီးရင်ရေဆေးချလိုက်ပါ။ပြီးရင် အဆီတစ်မျိုးမျိုးလိမ်းပေးထားလို့ရပါတယ်။
သံလွင်ဆီ –နှုတ်ခမ်းသားလေးတွေကျန်းမာစေသလို အစိုဓါတ်ထိန်းပေးပြီး နှုတ်ခမ်းအတွက်လိုအပ်တဲ့
အာဟာရကိုဖြည့်တင်းပေးပါတယ်။ သံလွင်ဆီစစ်စစ်လေးကို နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေသုံးလို့နှိပ်နယ်ပေးပါ။ အိပ်ရာမဝင်ခင်နေ့စဉ်လုပ်ပေးမယ်ဆိုရင် ပန်းရောင်သွေးကြွယ်ပြီး ကျန်းမာတဲ့နှုတ်ခမ်းသားလေးကို ရရှိစေမှာဖြစ်ပါတယ်။
လှပတဲ့အပြုံးလေးတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နှုတ်ခမ်းလေးတွေလှပစေဖို့ ဒီနည်းလေးတွေသုံးပြီး နှုတ်ခမ်းကိုစောင့်ရှောက်လိုက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။