နူးညံ့ပျော့ပျောင်းတဲ့ အမျှင်လေးတွေပါဝင်တဲ့ သွားတိုက်တံကို အသုံးပြုပါ။ သွားမျက်နှာပြင်အကုန်လုံးကို ရောက်ရှိနိုင်မယ့် သွားတိုက်တံအရွယ်အစားကို ရွေးဝယ်ပါ။
မိမိအသုံးပြုနေသော သွားတိုက်တံကို သန့်ရှင်းစွာ ထားပါ။ သွားတိုက်တံ ကို သုံးလ တစ်ကြိမ် အသစ်လဲပါ။
၄။ သွားပွတ်ကြိုး (dental floss) သုံးပါ။
သွားနှစ်ချောင်းကြား နေရာတွေကို သန့်ရှင်းဖို့ သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တစ်နေ့တာ စားထားတဲ့အစာတွေဟာ သွားနှစ်ချောင်းကြားမှာ ညှပ်ကျန်နေခဲ့ပြီး အချိန်ကြာလာရင် သွားပိုးစားခြင်းအပြင် သွားဖုံးရောဂါပါ ဖြစ်စေနိုင်ပါတယ်။ သွားကြားထဲက အစာအကြွင်းအကျန်တွေက ခံတွင်းနံ့ ကိုလည်း ဆိုးဝါးစေပါတယ်။
သွားကြားထိုးတံ အသုံးပြုခြင်းဟာ သွားဖုံးသားကိုနိမ့်စေပြီး သွားကျဲခြင်းကိုဖြစ်စေတတ်လို့ သွားပွတ်ကြိုးကိုပဲ အသုံးပြုပေးသင့်ပါတယ်။ တစ်နေ့ကို တစ်ကြိမ် သွားပွတ်ကြိုး ကိုအသုံးပြု၍ သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားကို သန့်ရှင်းပေးပါ။
ကလေးများကိုလည်း သွားပွတ်ကြိုး သုံးတတ်အောင်သင်ပေးပါ။ အသက်ကြီးသူများ ကလေးများအတွက် အသုံးပြုရလွယ်တဲ့ လက်ကိုင်ပါတဲ့ သွားပွတ်ကြိုးများကိုလည်း အလွယ်တကူ ဝယ်လို့ရနေပါပြီ။
၅။ ခဏ ခဏ သွားကျဉ်တတ်လျင် သတိထားပါ။
သွားကျဉ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့အနက် များသောအားဖြင့် သွားကြွေလွှာပါးခြင်းနှင့် သွားတိုက်နည်း မမှန်၍ သွားမျက်နှာပြင် ပြုန်းတီးခြင်း တို့ကြောင့် သွားကျဉ်တတ်ကြပါတယ်။
သိသာတဲ့ သွားပိုးပေါက်မရှိပဲ သွားကျဉ်နေရင်၊ ရေအေး သောက်လိုက်တိုင်း သွားကျဉ်နေရင် ပုံမှန်သွားတိုက်ဆေးအစား သွားကျဉ်ခြင်းအတွက် အထူးထုတ်ထားသော သွားတိုက်ဆေးမျိုးကို အသုံးပြုပါ။
၆။ သကြားဓာတ် များစွာပါဝင်သော အစားအသောက်များကို လျှော့စားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။