လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လျှပ်စစ်ပစ္စည်းတွေဟာ လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ အင်မတန်မှကို အသုံးဝင်လှ၊ အရေးပါအရာရောက်လှပါတယ်။ ဒါပေမယ့် တချို့လျှပ်စစ်ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း၊ လိုအပ်မှုနဲ့လုံခြုံစိတ်ချရမှုတွေဟာ အခုချိန်ထိမေးခွန်းထုတ်စရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေထဲကတစ်ခုက လျှပ်စစ်သွားပွတ်တံဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဆိုပါလျှပ်စစ်သွားပွတ်တံရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။
သွားတိုက်ခြင်းဟာ သွားနဲ့သွားဖုံးမျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ အဖတ်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်တဲ့အတွက် အလွန်ပဲအရေးကြီးလှပါတယ်။ ဒါ့အပြင် သွားတိုက်ခြင်းဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ မှန်ကန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်နိုင်ခြင်းမရှိသေးပါဘူး။
အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာအချို့ကြောင့်ရယ်၊ နည်းပညာထွန်းကားလာတာကြောင့်ရယ် လျှပ်စစ်သွားပွတ်တံတွေဟာ လူသိပိုများလာပြီး ပုံမှန်သွားပွတ်တံထက်လည်း တိုက်လို့ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လျှပ်စစ်သွားပွတ်တံမှာလည်း အကျိုးနဲ့အပြစ်တွေ ရှိနေခဲ့ပါတယ်။

ကောင်းကျိုးတွေ

• သွားတိုက်တာ ပိုပြောင်ပြီး ပိုနှံ့ပါတယ်။ အစာဖတ်တွေကို ပိုပြီးမြန်မြန်နဲ့ကောင်းကောင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ပုံစံရှိတဲ့ သွားပွတ်တံတွေဆိုရင် ပုံမှန်သွားပွတ်တံတွေနဲ့ ရှင်းလင်းနိုင်ဖို့ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ အံသွားနောက်ကနေရာ၊ သွားဖုံးအစပ်စတဲ့နေရာတွေကိုပါ ကောင်းကောင်းရှင်းလင်းပေးနိုင်တဲ့အတွက် သွားပိုးပေါက်တွေနဲ့ပိုးဝင်ရောင်ရမ်းတာတွေကို ပပျောက်စေပါတယ်။
• လျှပ်စစ်သွားပွတ်တံဟာ သွားဖုံးရောင်တာနဲ့တခြားသောသွားနဲ့ ခံတွင်းရောဂါတွေအတွက် အကောင်းဆုံးအဖြေဖြစ်ပါတယ်။ ဒီခေတ်ပေါ် သွားပွတ်တံကိုသုံးမယ်ဆိုရင် သင့်အနေနဲ့ ကိုင်ထားဖို့သာလိုမှာဖြစ်ပြီး ကျန်တာကို သူ့အလိုလိုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သင့်အနေနဲ့သွားဖုံးကို ခပ်ကြမ်းကြမ်းမတိုက်မိတော့တဲ့အတွက် အနာတရမဖြစ်နိုင်တော့သလို သွားဖုံးရောင်တာမျိုးကိုလည်း ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်လျှပ်စစ်သွားပွတ်တံဟာ သွားကြွေလွှာကိုလည်း ကာကွယ်ပေးပါသေးတယ်။ သွားကြွေလွှာ ကွာရင် အရမ်းအေးတာ၊ အရမ်းပူတာ ဒါမှမဟုတ် တခြားလှုံ့ဆော်မှုတွေကို ဆတ်ဆတ်ထိမခံတာမျိုး ဖြစ်လာနိုင်ပါတယ်။
• အချိန်ကုန် သက်သာမယ်။ လူတစ်ယောက် ပုံမှန်သွားတိုက်တဲ့ ကြာချိန်ဟာ စက္ကန့် ၃၀ လောက်ကနေ ၆၅ စက္ကန့်လောက်ရှိတတ်ပါတယ်။ တချို့လူတွေက သွားတိုက်တာ ဒီလောက်ကြာစရာမလိုပါဖူးကွာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှားနေပါတယ်။
• ဖလိုရွိုက်များများပိုရတယ်။ ထပ်မံစမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်သေးပေမယ့် လျှပ်စစ်သွားပွတ်တံအသုံးပြုတာဟာ အာခံတွင်းထဲမှာ ဖလိုရွိုက်ဓါတ်ကို ပိုပြီးပျံ့နှံ့ ရောက်ရှိစေတယ်လို့ဆိုပါတယ်။

မကောင်းတဲ့အချက်တွေ

• ဈေးကြီးတယ်။ ဒီအချက်က သိပ်ရှင်းပါတယ်။ လျှပ်စစ်သွားပွတ်တံဆိုတာဟာ ထူးထွေဆန်းပြားတဲ့ လုပ်ဆောင်မှုတွေပါဝင်တဲ့ ခေတ်ပေါ်ပစ္စည်းတမျိုး ဖြစ်တဲ့အတွက် သူ့ရဲ့တန်ဖိုးဟာလည်း ပေါပေါပဲပဲတော့မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်သုံးနေကျ ရိုးရိုးသွားပွတ်တံနေရာမှာ လျှပ်စစ်သွားပွတ်တံနဲ့အစားထိုးမယ်ဆိုရင် ငွေကုန်ကြေးကျလည်းများဦးမှာ ဖြစ်ပါတယ်။
• ထိရှလွယ်တဲ့ သွားပိုင်ရှင်တွေအတွက် အဆင်မပြေပါဘူး။ အလွန်နူးညံ့တဲ့အမွှေးလေးတွေပါဝင်တဲ့ လျှပ်စစ်သွားပွတ်တံဟာ ရှားပါးတာမို့ဒီလိုထိခိုက်လွယ်တဲ့သွားပိုင်ရှင်တွေဟာ လျှပ်စစ်သွားပွတ်တံကိုဆက်သုံးလို့ အဆင်မပြေတာကြောင့် ရိုးရိုးပုံမှန်သွားပွတ်တံကိုပဲ ပြန်ပြောင်းသုံးရပါတော့တယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီ သွားကျန်းမာရေး ခံတွင်း သွားဖုံး ရောဂါ အနံ့ဆိုး သွားပိုးပေါက် ဘက်တီးရီးယား သွားကြား သွားချေးကျောက် အုန်းသီး အုန်းဖတ် သွားတိုက် သဘာဝအဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သွား မှာ ချိုးကပ်၊ စွန်းထင်းနေတာတွေ ဘယ်လိုပျောက်အောင် လုပ်ရမလဲ

သွား သွားကျန်းမာရေး အစွန်းအထင်း သန့်ရှင်းမှု ခံတွင်းကျန်းမာရေး ခံတွင်းသန့်ရှင်းမှု အလှအပ ဖြူစင်လှပခြင်း သွားချိုး သွားချေး သွားတိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကာဗွန်ထည့်သွင်းထားတဲ့ အချိုရည်များဟာ ကောင်းသလား ဆိုးသလား

အချိုရည် ကာဗွန်ဖြည့် ဗိုက်ပြည့်စေပါတယ် နှလုံးကျန်းမာရေး အရိုးများ ဝမ်းချုပ်ခြင်း သတ္တုဓာတ် သကြားဓာတ် သွားကျန်းမာရေး အစာအိမ်အူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ

သွား သွားကျန်းမာရေး သွားနဲ့ခံတွင်း ခံတွင်းကျန်းမာရေး သွားကိုပျက်စီးစေ လက်သည်းကိုက်ခြင်း အဖုံးတွေကိုက်ဖွင့်ခြင်း သွားမတိုက်ခြင်း သွားကြားထိုးတံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 2 mins read
သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 26, 2020 . 2 mins read
သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့ကို ဘာကျွေးမလဲ။

သွားမကောင်း တဲ့ ဘိုးဘိုးဘွားဘွားတို့ကို ဘာကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 16, 2020 . 2 mins read
 သွားထိန်း လေးတွေတပ်ထားပြီး သွားဖုံးရောင်လာတဲ့အခါ

 သွားထိန်း လေးတွေတပ်ထားပြီး သွားဖုံးရောင်လာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020 . 2 mins read