backup og meta

တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ကလေးတွေ မသိဘူး မဖြစ်ရလေအောင်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ကလေးတွေ မသိဘူး မဖြစ်ရလေအောင်။ ။

    ရှေးတုန်းက ကပ်ရောဂါလို့ ခေါ်ခဲ့ကြတဲ့ ရောဂါတော်တော်များများကို ခေတ်သစ်ဆေးပညာက အနိုင်တိုက်နိုင်ခဲ့တယ်ဆိုတာ သင်သိပါသလား။ ရှေးခေတ်က လူတော်တော်များများကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ဆေးပညာက အမြစ်ပြတ်အောင် တိုက်ထုတ်ကုသလို့ ရခဲ့ပါပြီ။ ဘယ်ရောဂါတွေကို အမြစ်ပြတ်အောင် ကုသလို့ ရနိုင်ခဲ့သလဲ။ ရှေးခေတ်လူကြီးတွေကသာ သိပေမယ့် ခုခေတ်လူငယ်တွေ မသိဘူး မဖြစ်ရလေအောင်လို့ ဒီဆောင်းပါးလေးကို ရည်ရွယ်ရေးသားလိုက်ရတာပါ။ ။

    ပိုလီယိုရောဂါ ။ ။

    ပိုလီယို ရောဂါ ဆိုတာတစ်ချိန်တုန်းက လူတိုင်းကြားလိုက်ရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ တစ်သက်လုံး မသန်မစွမ်း ဖြစ်အောင် လုပ်နိုင်တဲ့ ကပ်ရောဂါတစ်ခုပါ။ ဒီကပ်ရောဂါက ဖြစ်ပြီးသွားရင် ဘယ်လိုမှ ပြန်ကုသလို့မရတော့ပေမယ့် မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့ ကာကွယ်ဆေးတော့ရှိပါတယ်။ ဒီ ပိုလီယိုကာကွယ်ဆေးကို တီထွင်ခဲ့တဲ့ Jonas Salk ကို ကျွန်မတို့ ကျေးဇူးတင်ရမှာပါ။ သူ့ကြောင့်ပဲ ပိုလီယိုရောဂါဟာ ခုခေတ်ကလေးတွေ ဘယ်သူမှ မသိလောက်အောင်ကို ရှားပါးသွားတဲ့ ကပ်ရောဂါ တစ်ခုဖြစ်ခဲ့ပါပြီ။

    ငှက်ဖျားရောဂါ ။ ။

    ငှက်ဖျားရောဂါ ကျတော့ တစ်ချိန်တုန်းကတော့ ခုအချိန်ထိရော လူတွေကို ဒုက္ခပေးနေတဲ့ လူဆိုးကြီး အဖြစ်ကျော်ကြားနေတုန်းပါ။ အရင်ခေတ်တုန်းကတော့ ပိုဆိုးတာပေါ့။ သူ့ကိုနိုင်တဲ့ဆေးမရှိတော့ သူ့ကြောင့် သေခဲ့ရတဲ့ လူတွေ မနည်းဘူးလေ။ဒီ ငှက်ဖျားရောဂါကို အနောက်က ကြိုးကိုင်နေတဲ့သူတွေကတော့ လူတွေရဲ့ အနီးဆုံးမှာရှိတဲ့ ခြင် တွေပါ။ ခုခေတ်မှာတော့ သူက လူတွေကို ဆက်ပြီး ဒုက္ခပေးနိုင်ပေမယ့် သူ့ကို နိုင်တဲ့ ဆေးတွေ ပေါ်ထွက်ခဲ့ပါပြီ။ ကာကွယ်ဆေး မဟုတ်ဘဲ ဖြစ်နေတဲ့ ငှက်ဖျားရောဂါပိုးကို အမြစ်ပြတ် တိုက်ထုတ်နိုင်တဲ့ ငှက်ဖျားအမြစ်ပြတ်ဆေးပါ။

    တီဘီရောဂါ။ ။

    တီဘီ ရောဂါလို့ ခေါ်တဲ့ အဆုတ်ရောဂါဟာ လေထဲကနေ ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အိမ်မှာ တစ်ယောက်ဖြစ်ပြီ ဆိုတာနဲ့ တစ်အိမ်လုံးကို ကူးသွားတဲ့ ကြောက်စရာ ကူးစက်ရောဂါတစ်ခုပါ။ သူဖြစ်ပြီဆိုတာနဲ့ လူကလည်းပိန်ချုံး၊ အစားလည်း စားမဝင်၊ အဖျားတက်လိုက်ကျလိုက်ဖြစ် ၊ ချောင်းဆိုးသွေးပါ သွေးအားနည်းပြီးတော့ အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ကပ်ရောဂါတစ်ခုပါ။ ဒါတွေက အရင် တီဘီဆေးမပေါ်ခင်တုန်းကသာကြောက်ရတာပါ။ ခုတော့ တီဘီဆေး DOTS ပေါ်လာပြီ ဖြစ်တဲ့အတွက် ဆေးပတ်လည်တဲ့ အထိရက်ပြည့်အောင်သာသောက်ပေးပါ။ တီဘီရောဂါကို သူက အပြတ်အသတ်အနိုင်ယူမှာပါ။

    SARS ရောဂါ ။ ။

    ခု စာဖတ်နေတဲ့ ပရိတ်သတ်ကြီး ကြုံဖူးခဲ့လားမသိဘူး။ SARS ရောဂါ ကပ်ဘေးကျရောက်လို့ ကျောင်းတွေ ပိတ်လိုက်ရတဲ့ အထိ တော်တော်ဆိုးဆိုးဝါးဝါး ပျံ့နှံ့ပြီး လူတွေကို ဒုက္ခပေးတဲ့ အချိန်တွေကိုလေ။ အဲဒီအချိန်တုန်ုးကတော့ လေထဲကနေ တစ်ဆင့် ကူးစက်တဲ့ SARS ရောဂါကို ကြောက်စရာ အကောင်းဆုံး ကပ်ရောဂါ အဖြစ်သတ်မှတ်ထားကြတာပါ။ ခုချိန်ထိလည်း သူက လူတွေကို ဆက်ဒုက္ခပေးနိုင်တဲ့ ကပ်ရောဂါအဖြစ် ဆက်လက်တည်ရှိနေပေမယ့် သူ့ကို ထိန်းနိုင်တဲ့ ဆေးတွေကို ပညာရှင်တွေက တီထွင် နိုင်ခဲ့ပါပြီ။ ။

    ကျောက်ရောဂါ ။ ။

    ကျောက်ရောဂါဆိုတာ တစ်ချိန်တုန်းက လူတွေကို ရွာလုံးကျွတ်၊ အိမ်လုံးကျွတ် ဒုက္ခပေးပြီး အပြုတ်ဖြုတ်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုပါ။ ခုနောက်ပိုင်းမှာတော့ ကျောက်ရောဂါဆိုတဲ့ နာမည်ကို မကြားရတော့လောက်အောင် ကျောက်ရောဂါဆိုတာ မရှိသလောက်ရှားသွားပါပြီ။ ဒီ အတွက် ကျောက်ရောဂါကို ကာကွယ်တဲ့ ကာကွယ်ဆေးတီထွင်ခဲ့တဲ့ Dr. Edward Jenner ကို ကျေးဇူးတင်ရမှာပါ။

    ဒါတွေက ကိုယ့် ဘိုးဘွားတွေ၊ မိဘတွေ ငယ်ငယ်တုန်းက နာမည်ကြီးဆိုးသွမ်းခဲ့တဲ့ ကပ်ရောဂါတွေဖြစ်ပြီး ခုခေတ် ဆေးပညာက အနိုင်တိုက်နိုင်ခဲ့တဲ့ ကပ်ရောဂါတွေ ပဲဖြစ်ပါတယ်။ ခုခေတ်မှာ နာမည်ကြီးနေတဲ့ ကုရာနတ္ထိ ဆေးမရှိ ကပ်ရောဂါတွေကျတော့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ( HIV/ AIDS) ၊ အီဘိုလာ ရောဂါ နဲ့ တစ်နှစ်ကို တစ်မျိုးနှုန်းနဲ့ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါတို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေကို အမြစ်ပြတ် တိုက်ထုတ်ဖို့အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တို့ ပေါင်းပြီး အဖြေရှာနေကြတာကြောင့် နောင်တစ်ချိန်ကျရင် ဒီရောဂါတွေက ကုသနည်း ကိုယ်စီနဲ့ ဖြစ်မယ့် ရောဂါတွေ ဖြစ်တော့မှာပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement