(၃) မိသားစုဘဝ ထိန်းသိမ်းဖို့ခက်ခဲလာခြင်း
အလုပ်တွေများတဲ့အခါ၊ night duty တွေများများဆင်းတဲ့အခါ မိသားစုကို အချိန်မပေးနိုင်တာမျိုးတွေ ဖြစ်လာပါတယ်။ အလုပ်ထဲက စိတ်ဖိစီးမှုတွေ အိမ်အထိပါလာတဲ့အခါ အိမ်တွင်းရေးမပြေလည်တာတွေ ရှိလာ နိုင်ပါတယ်။ အကျိုးဆက်ကတော့ အိမ်ထောင်ရှိသူ ဆရာဝန်၊ ဆရာမတွေဆိုရင် အိမ်ထောင်ပြိုကွဲတဲ့အထိ တောင် ဖြစ်နိုင်ပါတယ်။
(၄) အထိုင်များပြီး၊ နာရီပေါင်းများစွာပြုလုပ်ရခြင်းကြောင့်
အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(၅) အချိန်အတော်ကြာ ဆေးရုံထဲမှာပဲ အလုပ်လုပ်နေရခြင်းကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းပါးလာပါတယ်။
နေရောင်ခြည်ဟာ ဗီတာမင်ဒီဖွဲ့စည်းဖို့ရန် အရေးကြီးပါတယ်။ နေရောင်ခြည်မရတဲ့အခါ ဗီတာမင် ဒီ ချို့တဲ့တာမျိုး၊ အရိုးကျန်းမာရေးကို ထိခိုက်လာတာမျိုးတွေဖြစ်လာမှာပါ။ နေရောင်ခြည်ကင်းမဲ့ ခြင်းကြောင့် စိတ်ကျရောဂါလည်း အလွယ်တကူဖြစ်လာနိုင်ပါတယ်။
(၆) ဓါတု ဘေးအန္တရာယ်
ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုတဲ့ပိုးသတ်ဆေးဆွေ၊ လေဆာနဲ့ အခြားလျှပ်စစ်ကို အသုံးပြုပြီး ပြုလုပ်တဲ့ခွဲစိတ်မှုတွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ ဓါတ်ရောင်ခြည်တွေနဲ့ ကင်ဆာဓါတ်ကင်မှုတွေနဲ့ ထိတွေ့ရာကနေ ခန္ဓာကိုယ်ပေါ်ကို ဓာတုဘေးအန္တရာယ်တွေ သက်ရောက်လာနိုင် ပါတယ်။
(၇) ပိုးမွှား သယ်ဆောင်သူများ ဖြစ်လာရခြင်း
ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံကနေ တာဝန်ပြီးချိန် အိမ်ပြန်တဲ့အခါ ဆေးရုံဆေးခန်းတွေဆီက ရောဂါပိုးတွေဟာ နည်းအမျိုးမျိုးနဲ့ အိမ်ကိုပါလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်က မိသားစုတွေ၊ ကလေးတွေဆီကိုပါ ရောဂါပိုးတွေပျံ့နှံ့ရောက်ရှိသွားမှာပါ။
(၈) ဘေးဥပါဒ်တွေ ဖြစ်လာနိုင်တယ်
သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသတွေကို လူနာတွေကို သွားရောက်ကုသရတဲ့ အခြေအနေမျိုး တွေ မှာဆိုရင်တော့ တခြား ဘေးဥပါဒ်တွေ ဖြစ်လာနိုင်ပါတယ်။ လူနာတင်ယာဉ် မတော်တဆမှုဖြစ်ပွားခြင်း၊ ရေးကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့မှာ ပါဝင်ထိခိုက်ရခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။