backup og meta

COVID_19 ကာလမှာ မဖြစ်မနေကာကွယ်သင့်တဲ့ အရာ

COVID_19 ကာလမှာ မဖြစ်မနေကာကွယ်သင့်တဲ့ အရာ

ကမ္ဘာ့ကပ်ရောဂါကြီးတစ်ရပ်လို့ WHO( ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) ကထုတ်ပြန်ကြေညာထားတဲ့ COVID_19 ရောဂါဟာ လူတစ်ဦးကနေတစ်ဦးဆီကို လျင်လျင်မြန်မြန် ကူးစက်နေတဲ့ ကာလမှာ မဖြစ်မနေ ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီလိုစောင့်ရှောက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံး အဆင်ပြေစေဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေတဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို မေ့ထားလို့ မဖြစ်ပါဘူး။

အသက်ရှူလမ်းကြောင်းစနစ်က ဘာတွေလုပ်ပေးလဲ…………..

အသက်ရှူလမ်းကြောင်းစနစ်လို့ ဆိုလိုက်ရင် နှာခေါင်းကနေစလို့ အဆုတ်ထဲက လေအိတ်တွေအထိ ပါဝင်နေပါတယ်။ဒီ  အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား စစ်ထုတ်ပေးပါတယ်။

ကိုဗစ်က ဘယ်ကနေစတင်ဝင်ရောက်တာလဲ………….

COVID_19 က ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေတဆင့် အဓိကဝင်ရောက်တာဖြစ်ပြီး ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ စနစ်တွေထဲမှာမှ အသက်ရှူလမ်း​ကြောင်း စနစ်ကို အရင်ဆုံး တိုက်ခိုက်တာပါ။ ဒီကနေမှာ နှလုံးကျောက်ကပ်စတာတွေကို ဖျက်ဆီးပါတယ်။ ဒီလိုကနေနောက်ဆုံးမှာတော့ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။

ကိုရိုနာဘေးကနေ အသက်ရှူလမ်းကြောင်းကို ဘယ်လိုကာကွယ်မလဲ………….

လက်ရှိမှာ COVID_19 အတွက် ကာကွယ်ဆေးမရှိသေးသလို ကုသနိုင်တဲ့ဆေးလည်း မရှိသေးပါဘူး။ ဒီတော့ အကောင်းဆုံးက မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါ။ ဒီတော့ တစ်ဆင့်ချင်း ကာကွယ်ကြည့်ရအောင်လား……..

အာဟာရ ပြည့်ဝအောင် စားပါ

ကိုဗစ်ကာလမှာ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအား ကောင်းဖို့ဆိုရင် အာဟာရပြည့်ဝမှုက မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် နေ့စဉ် အရောင်အသွေး စုံစုံလင်လင်နဲ့ အာဟာရ ပြည့်ဝအောင်စားပါ။

ရေများများသောက်ပါ

အသက်ရှူလမ်းကြောင်း ကျန်းမာဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝတာက အသက်ရှူလမ်း​ကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေအကောင်းဆုံး ကာကွယ်ပေးနိုင်တာကြောင့် ရေများများသောက်ပါ။

အိပ်ရေး ဝဝအိပ်ပါ

ညစဉ်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၆ နာရီက နေ ၈နာရီအကြားရှိဖို့ ဂရုစိုက်ပါ။ အိပ်ရေးဝတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒီကာလမှာတော့ အိပ်ရေးဝဝအိပ်ပြီး Screen Time ကို လျော့​ကြပါလို့ ပြောပါရစေ။

လက်ဆေးပါ

အခုချိန်ထိ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက လက်ဆေးတာပါ။ အပြင်ကပြန်လာတိုင်း ၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်းနဲ့ မျက်နှာကို မထိတွေ့ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာဆေး​ကြောတာက အကောင်းဆုံး ကာကွယ်နည်းတစ်ခုပါပဲ။

နှာခေါင်းစည်းတပ်ပါ

ဒီလို ရောဂါတွေဖြစ်ပွားနေတဲ့ကာလမှာ မဖြစ်မနေ အပြင်ထွက်ရမယ်၊ အလုပ်ခွင်ရမယ်ဆိုရင် ဂရုစိုက်ဖို့လိုမယ့် အချက်တစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းစည်း တပ်တာပါ။ တစ်ခါသုံး နှာခေါင်းစည်းတွေက ရောဂါပိုးတွေကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက အသက်ရှူလမ်းကြောင်းစနစ် တစ်ခုလုံးအပြင် ကိုယ်ခံအားကို ပါ ထိခိုက်စေ ပါတယ်။ COVID_19 ကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားရော အသက်ရှူလမ်းကြောင်း စနစ်ပါ ကောင်းဖို့လိုတယ်ဆိုတော့ ဆေးလိပ်ဖြတ်လိုက်တာက အကောင်းဆုံးပါပဲ။

အရက်ဖြတ်ပါ

အရက်က ကိုယ်ခံအားကို နည်းစေနိုင်ပါတယ်။ အခုလို ကိုယ်ခံအားကောင်းရမယ့် ကာလမှာ အရက်ကို ဖြစ်နိုင်ရင် မသောက်တာက အကောင်းဆုံးပါ။ အရက်သောက်လို့ ကိုဗစ်ကို ကာကွယ်တယ် ဆိုတာက မှားယွင်းနေတာက အယူအဆမှား တစ်ရပ်ပါ။

မျက်နှာကို လက်နဲ့မထိပါနဲ့

လက်က ရောဂါပိုးအများဆုံး ကပ်တွယ်နေနိုင်တဲ့နေရာပါ။ ဒီပေကျံနေတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို ထိတွေ့မယ်ဆိုရင် ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး များသွားပါပြီ။ ဒါ​ကြောင့် လက်နဲ့ မျက်နှာကို မထိမိဖို့ ဂရုပြုပါ။

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

ကိုယ်လက်လှုပ်ရှားမှုက ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ အသက်ရှူလမ်း​ကြောင်း ကျန်းမာစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ရော အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့် နေ့စဉ် နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ

မနက်ခင်းတိုင်းမှာ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ လေကို အဆုတ်ထဲအထိ ဝဝရှူသွင်းပြီး ပြီးရင် အပြင်ကို ရှူထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးတာာက အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။

ဒီလိုသာ ပြင်ဆင်ထားမယ်ဆိုရင်  အသက်ရှူလမ်းကြောင်းကနေ ဝင်လာမယ့် ရောဂါပိုးတွေကို အတန်အသင့် ကာကွယ်ထားပြီးသား ဖြစ်သွားမှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 (Coronavirus) Prevention Tips https://www.medicinenet.com/covid-19_prevention_tips/article.htm Accessed Date 28 April 2020

Coronavirus (COVID-19) Prevention: 12 Tips and Strategies https://www.healthline.com/health/coronavirus-prevention Accessed Date 28 April 2020

How to Protect Yourself & Others https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/prevention.html Accessed Date 28 April 2020

ယခုပုံစံ

14/01/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေဟာ Covid-19 ရဲ့ သားကောင် ဖြစ်နေပြီလား

အမျိုးသားတွေဟာ Covid-19 ရဲ့ သားကောင် ဖြစ်နေပြီလား



Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement